လောင်းလုံးဘုတ်ကျွန်းနှင့် သူရဲကျွန်း နေ့ချင်းပြန်လည်ပတ်ခွင့် စာထပ်ပို့

0
394

လောင်းလုံးဘုတ်ကျွန်းနှင့် သူရဲ ကျွန်းသို့ နေ့ချင်းပြန်လည်ပတ်ခွင့်ပြုနိုင် ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနထံ မတ်လ ၁၃ ရက်က စာထပ်ပို့ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမြင့်မောင်က ပြောကြားသည်။

ကာကွယ်ရေးဝန်ကြီးဌာန လက် အောက်ရှိ လောင်းလုံးမြို့နယ်၊ လောင်း လုံးဘုတ်ကျွန်း(လိပ်သောင်ကြီးကမ်း ခြေ၊ အုန်းပင်ကမ်းခြေ)၊ ကော့သောင်း မြို့နယ်၊ သူရဲကျွန်းတို့ကို နေ့ချင်းပြန် သွားလာလည်ပတ်ခွင့် ရရန် စာထပ်မံ တင်ပြထားကြောင်း ဝန်ကြီး ဦးမြင့်မောင် က ပြောသည်။

လောင်းလုံးဘုတ်ကျွန်း၊ သူရဲကျွန်း နှင့် ကျွန်းစုမြို့နယ်ရှိ ဒုံးကျွန်းနှင့် သဲနက် တန်းကျွန်းတို့ကို အများပြည်သူသွား လာခွင့်ရရန် သက်ဆိုင်ရာဝန်ကြီး ဌာန များထံသို့ တောင်းဆိုထားခဲ့ရာ သယံဇာ တနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာနအောက်ရှိ ဒုံးကျွန်းနှင့် သဲနက်တန်း ကျွန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ တတိယပတ်တွင် နေ့ချင်းပြန်လည်ပတ် ခွင့်ပြုခဲ့ကြောင်း ၎င်းက ပြောသည်။

လောင်းလုံးဘုတ်ကျွန်းနှင့် သူရဲ ကျွန်းတို့ကိုလည်း ဒုံးကျွန်းနှင့် သဲနက် တန်းကျွန်းတို့ကဲ့သို့ လည်ပတ်ခွင့်ရရန် ကာကွယ်ရေးဝန်ကြီး ဌာနထံ ထပ်မံ တောင်းဆိုခြင်း ဖြစ်ကြောင်း ဦးမြင့်မောင် က ပြောသည်။
“သက်ဆိုင်ရာ တပ်မတော်(ရေ)နဲ့ ညှိနှိုင်းပြီးတော့ ဒီဟာကို အကြောင်း ပြန် မယ်ဆိုပြီးတော့ သိရပါတယ်”ဟု ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

လက်ရှိ ထားဝယ်တွင် ခရီးသည် ဝင်ရောက်မှုနည်းနေသည့်အတွက် ခရီးသွားလုပ်ငန်းကုမ္ပဏီ ၃၀ ကျော်ရှိ သည့်အနက် ၅ ခုခန့်သာ လုပ်ငန်း လည်ပတ်နေပြီး လောင်းလုံးဘုတ် ကျွန်းကို သွားလာလည် ပတ်ခွင့်ပြုလိုက် ပါက ခရီးသွားများ ပိုဝင်လာနိုင်ကြောင်း ထားဝယ်ခရိုင် ခရီး သွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါ်မိုးမိုးသူက ဆိုသည်။

“ဘုတ်ကျွန်းကို သွားခွင့်ရမယ်ဆို ရင် စည်းကမ်းပိုင်း ပိုပြီးတင်းကျပ်ဖို့ လိုတယ်”ဟု ဒေါ်မိုးမိုးသူက ပြောသည်။
လောင်းလုံးဘုတ်ကျွန်းအား ၁၉၉၉ ခုနှစ် စက်တင်ဘာလတွင် ပြည်ထဲရေး ဝန်ကြီးဌာနမှ မောရ၀တီရေတပ်စခန်း ဌာနချုပ်၏ တပ်ပိုင်မြေအဖြစ် လွှဲပြောင်း ပေးခဲ့သည်။