အိပ်မက်လမ်းဆုံး

အားလုံး သတိပြုမိကြမှာပါ။
ငယ်ငယ်က လူကြီးမိဘတွေ မေး လေ့ရှိတဲ့ “ကြီးလာရင်ဘာလုပ်မှာလဲ”ဆိုတဲ့မေးခွန်းကိုလေ။ ကျွန်တော်တို့ ဘာတွေဖြေခဲ့ပါသလဲ။

“ဆရာဝန်ကြီး ဖြစ်ချင်တယ်”
“အင်ဂျင်နီယာကြီး ဖြစ်ချင်တယ်”
“ကျောင်းဆရာဖြစ်ချင်တယ်”
“အဆိုတော်ဖြစ်ချင်တယ်”
“မင်းသမီး ဖြစ်ချင်တယ်”စသဖြင့် မျိုးစုံရှိမှာပါ။

အခုချိန်မှာ ပြန်တွေးကြည့်တော့ ကလေးတစ်ယောက်ရဲ့ အနာဂတ်စိတ်ကူး အိပ်မက်နဲ့ပတ်သက်ပြီး လူကြီးမိဘတွေ မေးတဲ့မေးခွန်းက “ဘ” မစုံပါဘူး။
ဘာကြောင့်အဲလိုပြောနိုင်သလဲဆိုငယ်ငယ်ကတည်းကနေ လူလားမြောက် တဲ့အရွယ်အထိ “ဘာဖြစ်ချင်လဲ” ပဲမေး ခဲ့တာကိုး။ အဲဒါကြောင့်ပဲ ထင်ပါတယ်။ ကျွန်တော်တို့အတော်များများဟာ ကိုယ် ဖြစ်ချင်တာ ဖြစ်လာပြီးချိန်မှာ လမ်းဆုံး သလိုလို အရသာမတွေ့တော့သလို ဘယ်လို ရှေ့ဆက်ရမှန်း မသိတော့ သလို ဖြစ်ကြတာကို အမြဲတွေ့ရပါတယ်။

ဖြစ်ရပ်တစ်ခုကို ဥပမာအဖြစ် ကြည့်ကြရအောင်ပါ။
ကျေးရွာတစ်ရွာက ကုန်စုံဆိုင် လေးတစ်ဆိုင်မှာ အရွယ်အိုမင်းနေပြီ ဖြစ်တဲ့ ဇနီးမောင်နှံရှိပါတယ်။ သူတို့ဟာ ကုန်စုံဆိုင်လေး အပြင်အခြား လုပ်ငန်း တချို့လည်း ရှိပါတယ်။ အဲဒါတွေကို လည်း အားလုံးနီးပါး ကိုယ်တိုင်စီမံကြ ပါတယ်။
အရွယ်အိုမင်းနေပြီဖြစ်တဲ့သူတို့ နှစ် ယောက်ကို မိတ်ဆွေတစ်ယောက်က အကြံပြုတယ်။ ကုန်စုံဆိုင်လေးအတွက် ဖြစ်ဖြစ်၊ အခြားအလုပ်တချို့အတွက် ဖြစ်ဖြစ်ရွာထဲက အမျိုးသမီးငယ်တစ် ယောက်ယောက်ကို အလုပ်ခန့်ထားဖို့ပါ။
ဒါပေမယ့် သူတို့လက်မခံပါဘူး။

ကိုယ်တွေ လုပ်နေနိုင်သားပဲ။ အဲသလောက်မလို၊ ပြီးတော့ငွေကြေး အပိုကုန်ကြမှာ မလိုစသဖြင့်အကြောင်းပြချက်တွေနဲ့ပါ။
သားသမီးတွေက သူတို့အလုပ်နဲ့ သူတို့ဖြစ်ပြီး အိမ်ကိုလှည့်မကြည့်နိုင် တော့တဲ့ အခုလိုအခြေအနေမျိုးမှာတောင် သူတို့ဇနီးမောင်နှံဟာ အဲဒီအကြောင်း ပြချက်တွေနဲ့ပဲ အရာရာကိုကိုယ်တိုင် လုပ်ပြီး ဖြတ်သန်းနေပါတယ်။
သေချာပြန်ဆန်းစစ်ကြည့်တဲ့အခါ သူတို့ဘ၀ရဲ့ အိပ်မက်လမ်းဆုံးက ကိုယ့် ဝမ်းစာ ကိုယ်ရှာပြီး ဘ၀မှာ တင့်တောင့် တင့်တယ်နေနိုင်ဖို့ပဲ။ အဲဒီထက်တစ်ဆင့် တက်သွားပြီဖြစ်တဲ့ကိုယ်ရပ်ကိုယ့်ဒေသကလူတွေကိုအလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ဖို့ တို့ဘာတို့ အထိမရှိ။ အတွန့်တက်မှာ ရှိပါတယ်။ ငါတို့အခြား သူတွေကို အလုပ်အကိုင်အခွင့်အလမ်း ပေးထားပါတယ်ဆိုပြီးတော့လေ။ အဲဒါက ကိုယ့်လုပ်ငန်းကိုအကောင် အထည်ဖော်ရာမှာ မဖြစ်မနေခန့်အပ်ရ မယ့်သူတွေကို ခန့်အပ်တာဖြစ်တယ်။ တစ်နည်းပြောရရင် မရှိမဖြစ်လိုအပ်လို့ခန့်အပ်တာဖြစ်တယ်။ ကိုယ့်ရပ်ကိုယ့် ဒေသကလူတွေကို အလုပ်အကိုင်အခွင့် အလမ်း ပေးနိုင်ရမယ်ဆိုတဲ့စိတ်နဲ့ ကြိုတင်စနစ်တကျ ရည်မှန်းချက်ရှိရှိ လုပ်ခဲ့တာမျိုး မဟုတ်ပါ။

နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုက ဘ၀မှာ ကိုယ့်အလုပ်လေးနဲ့ ကိုယ်တင့် တောင့် တင့်တယ်နေနိုင်ဖို့ဆိုတာထက် ပိုတဲ့မေးခွန်းတွေဖြစ်တဲ့ ဘယ်လိုတင့် တောင့်တင့်တယ်၊ ဘယ်လောက်တင့် တောင့်တင့်တယ်၊ ဘာကြောင့်စတဲ့မေးခွန်းတွေကိုမမေးခဲ့တာမျိုးပါ။ ဒါကြောင့် ကိုယ့်အိပ်မက်နဲ့ပတ်သက်ပြီး သေသေချာ ချာရှင်းရှင်းလင်းလင် မသိတဲ့အတွက် တစ်ခုခုကို မဆုံးဖြတ်နိုင်ဘဲ လုပ်ရိုး လုပ် စဉ်အတိုင်းပဲ လုပ်နေတာ ဖြစ်ပါတယ်။

ကိုယ့်အိပ်မက်ရဲ့ အကန့်အသတ် ကိုမသိတဲ့အခါ လုပ်သင့်တာတွေကိုမလုပ် မိသလို၊ မလုပ်သင့်တာတွေကိုလုပ်မိ တာမျိုးလည်း ဖြစ်လေ့ရှိပါတယ်။
အိပ်မက်အကြောင်း ပြောကြပြီဆိုရင်အများစုတွေ့ရလေ့ရှိတာက “ဘာ”ဆိုတာမှာ လမ်းဆုံးနေကြတာကိုတွေ့ ရပါတယ်။
ဒါကလည်း ငယ်ငယ်ကတည်းကအိပ်မက်နဲ့သက်ဆိုင်တဲ့မေးခွန်းတွေကို ထောင့်စုံမမေးခဲ့ကြ၊ မစဉ်းစားခဲ့ကြလို့ ဖြစ်နိုင်ပါတယ်။

တစ်ခုခုကို ဖြစ်ချင်တယ်ပြောလာရင် ဘယ်လိုဖြစ်ချင်တာလဲ၊ ဘာကြောင့် ဖြစ်ချင်တာလဲ၊ ဘယ်လောက်အတိုင်း အတာအထိ ဖြစ်ချင်တာလဲလို့မေးရင် ယောင်တိယောင်န ဖြစ်လို့။
နိုင်ငံရေးသမား ဖြစ်ချင်တာပဲ ဖြစ် ဖြစ်၊ ကျောင်းဆရာဖြစ်ချင်တာပဲ ဖြစ်ဖြစ်၊ ဆရာဝန် ဖြစ်ချင်တာပဲဖြစ်ဖြစ်၊ ဇာတ် မင်းသား ဖြစ်ချင်တာပဲဖြစ်ဖြစ်၊ အဆို တော်ဖြစ်ချင်တာပဲဖြစ်ဖြစ်၊ ရုပ်ရှင် မင်းသမီး ဖြစ်ချင်တာပဲဖြစ်ဖြစ်၊ သတင်း စာဆရာဖြစ်ချင်တာပဲ ကျွန်တော်တို့မဖြစ် မနေ မေးရမှာကဘယ်လိုမျိုး ဖြစ်ချင်တာ လဲ။ ဘယ်လောက်အတိုင်းအတာအထိလဲ၊ ဘာကြောင့်လဲဆိုတာကိုပါ။
နိုင်ငံရေးသမားဆိုရင် ဖြစ်ရုံသက် သက်လား။

လူရိုသေ ရှင်ရိုသေနိုင်ငံရေးသမား လား။ ဘာတွေဘယ်လောက်အထိစွမ်း ဆောင်နိုင်တဲ့ နိုင်ငံရေးသမားလဲ။ ဘာကြောင့် အဲလိုဖြစ်ချင်တာလဲစသဖြင့် ဘယ်လို မေးခွန်းတွေလာလာပြတ်သား ရှင်းလင်း နေတာမျိုး ဖြစ်ဖို့လိုပါတယ်။
စီးပွားရေးသမား ဖြစ်ချင်တယ်။ ဘယ်လိုစီးပွားရေးသမားမျိုးလဲ။ လူထု မျက်ရည်ကျကျ မကျကျကိုယ်မြတ် ရင်ပြီးရောဆိုတဲ့ စီးပွားရေးသမား မျိုးလား။ ကျင့်ဝတ်ကို အတတ်နိုင်ဆုံး စောင့်ထိန်းလိုက်နာတဲ့စီးပွားရေးသမား မျိုးလား။ အလုပ်နဲ့ မိသားစုဘ၀ ဟန်ချက်ညီတဲ့ စီးပွားရေးသမားမျိုးလား။ အလုပ်မှအလုပ်ငွေမှငွေကျန်တာ ဂရုမစိုက် ဆိုတဲ့စီးပွားရေး သမားမျိုးလား စသဖြင့် အမျိုးမျိုး အဖုံဖုံထဲကကိုယ်ကဘယ်လိုမျိုး ဖြစ်ချင်တာလဲဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့လိုပါတယ်။

အိမ်မက်ရဲ့လမ်းဆုံဟာ တစ်ကယ့် လမ်းဆုံး ဖြစ်ဖို့လိုပါတယ်။
အဲလို မဟုတ်ဘဲ စရုံနဲ့ ဆုံးနေ တာမျိုး ဖြစ်လို့ မရပါဘူး။
အိပ်မက်လမ်းဆုံးကို မှန်မှန်ကန် ကန်မြင်ဖို့ အင်မတန် အရေးကြီးပါတယ်။ အဲလိုမဟုတ်ဘူးဆိုရင် စိတ်အားတက် ကြွမှုမရှိဘဲ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတော့တာမျိုး တွေကြုံရပြီး မျှောလိုက် တာမျိုးတွေ ဖြစ်သွားတတ်ပါတယ်။
အဲလိုအခြေအနေကကာယကံရှင် အတွက်ရော၊ လူအဖွဲ့အစည်းအတွက် ပါ နစ်နာလှပါတယ်။
ကျွန်တော်တို့ဟာ အိပ်မက်နဲ့ သက်ဆိုင်တဲ့မေးခွန်းမေးတဲ့အခါ “ဘ” များစွာကိုသုံးပြီး မညှာမတာမေးရမှာ ဖြစ်ပါတယ်။

Related Posts