မွန်တွင် အခွန်အများဆုံး ထမ်းဆောင်သူ ၅၀ ဦးစာရင်း ပထမဆုံးအကြိမ် ထုတ်ပြန်

0
470

မွန်ပြည်နယ်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း အခွန်အများဆုံးထမ်း ဆောင်သည့် စီးပွားရေးလုပ်ငန်းရှင် ၅၀ ဦးစာရင်းကို ပထမဆုံးအကြိမ် ထုတ် ပြန်သည်လိုက်သည်။
အခွန် အများဆုံးထမ်းဆောင်သူ စီးပွားရေးလုပ်ငန်းရှင် ၅၀ ဦးကို နိုင်ငံ ပိုင်သတင်းစာတွင် ထုတ်ပြန်ကြေညာပေး ပြီး ၎င်းတို့အတွက် ပြည်နယ်အဆင့် ဂုဏ်ပြုပွဲအခမ်းအနားဖြင့် ချီးမြှင့်ပေး သွားမည်ဟု မွန်ပြည်နယ် အခွန်ဦးစီး ဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးမျိုးကိုက ပြောသည်။

“ဒီနှစ်မှာ ပထမဆုံးကြေညာပေး တာက အခွန်ဆောင်တာကို ပိုပြီး ထင် ရှားစေချင်တယ်၊ ပိုပြီးကျယ်ပြန့် စေချင် လို့ပါ၊ အခွန်အကြွေးကျန်တာတွေ အ ခွန်ဆောင်တာ နည်းတဲ့လူတွေကိုတော့ ကြေညာမပေးဘူး၊ အခုကြေညာထားတဲ့ သူတွေက အခွန်အကြွေးကျန် မရှိတဲ့ လူတွေ”ဟု ဦးမျိုးကိုက ပြောသည်။

အခွန်အများဆုံး ထမ်းဆောင်သူ လုပ်ငန်းရှင် ၅၀ ဦးအနက်မှ ၊ အခွန် အများဆုံးထမ်းဆောင်သူသည် မော်လမြိုင် မြို့ရှိ နံ့သာဖြူ ဟိုတယ်ပိုင်ရှင် ဦးပိမနော်ဟာရ် (ခ)ဦးမာနူဖြစ်သည် ဟု ပြည်နယ်အခွန်ရုံးမှ သိရသည်။
နံ့သာဖြူဟိုတယ်သည် ၂၀၁၆-၂၀၁၇ အခွန်စည်းကြပ်နှစ်တွင် ကျပ် သိန်း ၂၄၀ ကျော် အခွန်ပေးသွင်းခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ငွေ ကျပ် သိန်း ၁၈၀ ကို အခွန်ပေးသွင်းထား ပြီးဖြစ်သည်ဟု ဟိုတယ်ပိုင်ရှင် ဦးမာနူ က ပြောသည်။

မွန်ပြည်နယ်တွင် ယခုဘဏ္ဍာနှစ် အတွင်း ဝင်ငွေခွန် ထမ်းဆောင်သူဦး ရေ၂၅၈၇၄ ဦးရှိပြီး ကုန်သွယ်ခွန်ထမ်း ဆောင်သူဦးရေ ၇၆၈၂ ဦးရှိကြောင်း ပြည်နယ်အခွန်ဦးစီးဌာနရုံးရှိ စာရင်းအရ သိရသည်။