ဖေ့စ်ဘွတ်သတင်းများ ချင့်ချိန်ယုံရန် တိုင်းရဲတပ်ဖွဲ့မှူး တိုက်တွန်း

0
454

မြန်မာနိုင်ငံတွင် အသုံးပြုသူများ သည့် လူမှုကွန်ရက်စာမျက်နှာ (Facebook) ပေါ်မှ သတင်းများကို ချင့်ချိန်ပြီးမှ ယုံရန် တနင်္သာရီတိုင်း ဒေသကြီး ရဲတပ် ဖွဲ့မှူးက တိုက်တွန်းလိုက်သည်။

အသုံးပြုသူ ဓာတ်ပုံဖော်ပြထားခြင်း မရှိသည့် Facebookအကောင့်တုများက သတင်းအမှားများကို အများဆုံး ဖော်ပြ နေပြီး သတင်းအားလုံးကို ယုံကြည်၍ မရကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက ဆိုသည်။
“ကိုယ့်ရဲ့ အသိပညာနဲ့ ဥာဏ်ရည် နဲ့တော့ ဖြစ်နိုင်လား မဖြစ်နိုင်လားဆိုတာ ကိုယ့်ဟာကိုယ် ချင့်ချိန်ရမှာပေါ့”ဟု ရဲမှူးကြီးနေမျိုးက ပြောသည်။

သတင်းအမှားများ ဖြန့်ဝေသည့် Facebookအကောင့်ကို အရေးယူနိုင်ရန် စုံစမ်းမှုများ လုပ်ဆောင်နေကြောင်း တိုင်းရဲမှူးကြီးက ဆိုသည်။
Facebook ပေါ်မှ သတင်းများကို သတင်းအရင်းအမြစ်ကို ကြည့်ပြီး ချင့် ချင့်ချိန်ချိန်ဖြင့် ယုံကြည်ရန် လိုအပ် ကြောင်း Facebook တွင် Facebook နှစ်သောင်းကျော်ရှိသည့် ကိုဟိန်း အာကာက ပြောသည်။

“ရဲတပ်ဖွဲ့ကလည်း သတင်းအမှား တင်တာနဲ့ ပတ်သက်ပြီး ဖော်ထုတ်ဖို့ ကျွမ်းကျင်သူတွေရဲ့ အကူအညီကို ယူသင့်တယ်”ဟု ကိုဟိန်းအာကာက ဆိုသည်။

Facebook ပေါ်မှ သတင်းအမှား များ ဖြန့်ဝေခြင်းကို တနင်္သာရီတိုင်း သာမက မြန်မာနိုင်ငံတစ်ဝှမ်းတွင်ပါ ကျယ်ပြန့်စွာ ဖြစ်ပွားလျက်ရှိသည်။