ထားဝယ်မီးရထား တစ်ရက် ပျမ်းမျှခရီးသည် လေးဆယ်နီးပါးသာ စီးသူရှိ

0
409

ထားဝယ်မြို့မှ ရေးမြို့နှင့် ရန်ကုန် မြို့သို့ စီးနင်းသွားလာသည့် ခရီးသည် ဦးရေမှာ ပျမ်းမျှ တစ်ရက်လျှင် လေး ဆယ်နီးပါးသာ ရှိကြောင်း မြန်မာ့မီးရ ထား ထားဝယ်ဘူတာရုံထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ အချိန် ၉ လအတွင်း ခရီးသည် ၁၀၀၅၂ ဦး စီးနင်းခဲ့ပြီး တစ်ရက်လျှင် ပျှမ်းမျှ ခရီးသည် ၃၇ ဦးခန့်သာ စီးနင်းကြောင်း ထားဝယ် ဘူတာရုံ စာရင်းအရ သိရသည်။

မီးရထားစီးသူ အများစုမှာ သင် တန်းသွားမည့် တပ်မတော်သားများ၊ ငွေကြေးချို့တဲ့သူများနှင့် ကားစီးရသည့် ဒဏ်ကို မခံနိုင်သည့် ကျန်းမာရေးချို့တဲ့သူများဖြစ်ကြကြောင်း ထားဝယ် ဘူတာရုံပိုင်ဖြစ်သူ ဦးခင်မောင်ဦးက ဆိုသည်။
ထားဝယ်-ရန်ကုန် ခရီးစဉ် ကြာ ချိန်မှာ ၂၄ နာရီခန့်ကြာပြီး ကားဖြင့် သွားလာရသည့်အချိန်ထက် တစ်ဆ နီးပါးပိုနေသည့်အတွက် မီးရထားစီးသူ နည်းပါးနေကြောင်း ဦးခင်မောင်ဦးက ပြောသည်။

ထားဝယ်-ရေး ခရီးစဉ် ရိုးရိုးတန်း အတွက် ခရီးသည်တစ်ဦးကျသင့်ငွေမှာ ကျပ် ၁၉၀၀ ဖြစ်ပြီး အထက်တန်းကို ကျပ် ၃၇၅၀ သတ်မှတ်ထားသည်။
ထားဝယ်-ရန်ကုန်ခရီးစဉ် ရိုးရိုး တန်းကိုမူ ၅၁၀၀ ကျပ် ကောက်ခံပြီး အထက်တန်းကို ကျပ် ၁၀၁၅၀ ကောက် ခံနေသည်။