မွန်အမျိုးသားနေ့အတွက် ကျပ်သိန်းငါးရာ ပြည်နယ်အစိုးရထောက်ပံ့

0
413

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် (တပို့တွဲလပြည့်ကျော် ၁ ရက်) တွင် ကျရောက်သည့် (၇၁) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်း အနားအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ် သိန်း ၅၀၀ ထောက်ပံ့ပေးသည်။
အဆိုပါ ထောက်ပံ့ငွေသည် ဗဟို အဆင့်အခမ်းအနားအပြင် မြို့နယ်တိုင်း တွင် ကျင်းပသည့် မြို့နယ်အဆင့်အ ခမ်းအနားအတွက်လည်း ပါဝင်သည်ဟု မွန်ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။
“မြို့နယ်က တစ်မြို့နယ် သိန်း ၂၀ “ဟု ဝန်ကြီးက ပြောသည်။

ယမန်နှစ်ကလည်း ပထမဆုံး အကြိမ်အဖြစ် ကျပ်သိန်း ၁၅၀ ထောက် ပံ့ခဲ့သည်။
၇၁ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို ကရင်ပြည်နယ် ဘားအံမြို့နယ် ဇာသပြင်ကျေးရွာတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြို့နယ်အ ဆင့်၊ ကျေးရွာအဆင့်တို့ကို မြို့နယ်တိုင်း ကျေးရွာတိုင်းတွင် ကျင်းပပြုလုပ်ကြ သည်ဟု ၇၁ ကြိမ်မြောက် မွန်အမျိုးသား နေ့ဖြစ်မြောက်ရေး ကော်မတီက ပြောသည်။
ကုန်ကျစရိတ်ကို အနည်းဆုံးကျပ် သိန်း ၅၀၀ ကုန်ကျမည်ဟု ခန့်မှန်းထား ကြောင်း ဗဟိုအခမ်းအနား ကျင်းပရေး ကော်မတီ ဒုဥက္ကဋ္ဌ (၁) နိုင်စိုးမြင့်က ပြောသည်။

ယခင်က မွန်အမျိုးသားနေ့အခမ်း အနားကို ဒေသအလိုက် ကျင်းပလာခဲ့ရာ မှ ရွှေရတုသဘင်ဖြစ်သည့် ၁၉၉၇ ခုနှစ် မှစပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းရှိမြို့နယ်များ စုပေါင်းကာ ကျင်းပရေးကော်မတီ (ဗဟို) ကို ဖွဲ့စည်းခဲ့သည်။
ကျင်းပရေးကော်မတီဗဟိုအဆင့် ကို ဖွဲ့စည်းပြီးနောက်ပိုင်းတွင် ဗဟိုအ ခမ်းအနားကို တစ်နှစ်လျှင် တစ်မြို့နယ် ဖြင့် ၂၀၁၆ ခုနှစ်တွင် ချောင်းဆုံ၊ ၂၀၁၅ ခုနှစ် တွင် ရေးမြို့၊ ၂၀၁၄ ခုနှစ် ကမာဝက်၊ ၂၀၁၃ ခုနှစ်တွင် ပေါင်မြို့၊ ၂၀၁၂ ခုနှစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ၊ ၂၀၁၁ ခုနှစ်တွင် သံဖြူဇရပ်မြို့၊ ၂၀၁၀ ခုနှစ်တွင် ချောင်းဆုံနှင့် ၂၀၀၉ ခုနှစ်တွင် မုဒုံတို့တွင် အလှည့်ကျ ကျင်းပလာခဲ့ သည်။

၎င်းပြင် မွန်လူမျိုးစုများ နေထိုင် ရာ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းအပြင် ပြည်ပ နိုင်ငံများရောက် မွန်လူမျိုးတို့ကလည်း မွန်အမျိုးသားနေ့အခမ်းအနားကို ၎င်း တို့၏ အားလပ်ရက်များတွင် ကျင်းပလေ့ ရှိကြသည်။
သမလ၊ ဝိမလ မွန်ညီနောင်နှစ် ပါး ဟံသာဝတီမင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့် သာသနာ သက္ကရာဇ် ၁၁၁၆၊ (အေဒီ ၅၇၃) တပို့တွဲ လပြည့်ကျော် ၁ ရက်ကို မွန်အမျိုးသားနေ့ အဖြစ်သတ်မှတ်ကာ ကျင်းပလာခဲ့ကြ သည်။