တနင်္သာရီတိုင်းအစိုးရက ဂျာနယ်ကို တရားစွဲထားမှု တရားလို မစစ်ဖြစ်

0
997

“မဲဆွယ်အပြုံး”အမည်ရ သရော်စာ ဖော်ပြခြင်းကြောင့် တနင်္သာရီအပတ်စဉ် တာဝန်ခံအယ်ဒီတာကို တနင်္သာရီတိုင်း အစိုးရက တရားစွဲဆိုထားသည့်အမှု၌ ရုံးချိန်းဖြစ်သည့် ဇန်နဝါရီလ ၆ ရက် တွင် တရားလိုကို မစစ်ဖြစ်သေးကြောင်း ထားဝယ်မြို့နယ် တရားရုံးထံမှ သိရ သည်။
ပြီးခဲ့သည့် ရုံးချိန်းက တရားလို စစ်ရန် ချိန်းဆိုထားသော်လည်း စွပ်စွဲခံ ရသူ၏ ရှေ့နေက ရာဇဝတ်မှုကိုယ်စား လှယ်လွှဲစာ (ရှေ့နေပါဝါ) တင်ခြင်းနှင့် အမှုတွဲအား လေ့လာဖတ်ရှုနိုင်ရန်အတွက် ရုံးချိန်းရွေ့ပေးရန် တင်ပြလာသည့်အ တွက် တရားလိုကို မစစ်ဆေးဖြစ်ကြောင်း မြို့နယ်တရားသူကြီး ဦးကျော်မြင့်က ဆိုသည်။
ပြီးခဲ့သည့် ရုံးချိန်းက ဇန်နဝါရီလ ၁၆ ရက်တွင် တရားလိုကို စစ်ဆေးရန် ချိန်းဆိုထားခဲ့သည်။
“ဒီနေ့က တရားလိုကို စစ်ဖို့ ချိန်း ထားတာ မစစ်ဖြစ်ဘူး။ နောက်ရုံးချိန်းကို ရွှေ့လိုက်တာ”ဟု မြို့နယ်တရားသူကြီး ဦးကျော်မြင့်က ပြောသည်။

တရားလိုစစ်မည့် ရုံးချိန်းကို လာ မည့် ဇန်နဝါရီလ ၃၀ ရက်နေ့ကို ပြန် လည်ချိန်းဆိုထားကြောင်း ၎င်းကဆို သည်။
နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် တနင်္သာရီအပတ်စဉ် အတွဲ ၅ အမှတ် ၁၇ တွင် ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံးခေါင်းစဉ် ဖြင့် ရေးသားသည့် သရော်စာသည် ဝန် ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ဂုဏ်သိက္ခာ ကို ထိခိုက်သည်ဟုဆိုကာ အရေးယူပေး ရန်အတွက် နိုဝင်ဘာလ ၂၃ ရက်တွင် တိုင်းအစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြား ရေးမှူးက ထားဝယ်မြို့နယ် တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့သည်။
ဇန်နဝါရီလ ၂ ရက်နေ့ရုံးချိန်းတွင် တနင်္သာရီအပတ်စဉ် တာဝန်ခံအယ်ဒီတာ ကို အာမခံငွေ ကျပ်သိန်း၂၀ ဖြင့် မြို့နယ် တရားရုံးက အာမခံပေးခဲ့သည်။

“ကျွန်တော်တို့ဘက်က အမှုတွဲကို လေ့လာဖို့အတွက် အချိန်ထပ်လိုနေသေး တဲ့အတွက် ထပ်တောင်းတယ်ပေါ့နော်၊ တရားရုံးမှာ လျှောက်ထားတယ်၊ တရား ရုံးကလည်း နှစ်ပတ်ခွင့်ပေးတယ်ပေါ့ နော်”ဟု တနင်္သာရီအပတ်စဉ်၏ တာဝန် ခံအယ်ဒီတာ ဦးဟန်ထက်က ပြောသည်။
ဇန်နဝါရီလ ၁၆ ရက်နေ့ရုံးချိန်းတွင် နေပြည်တော်၊ ရန်ကုန်နှင့် ထားဝယ်မြို့မှ ရှေ့နေ ၆ ဦးကို ရှေ့နေပါဝါတင်ခဲ့ကြောင်း စွပ်စွဲ ခံရသူဘက်မှ လိုက်ပါဆောင်ရွက် နေသည့် အထက်တန်းရှေ့နေ ဒေါ်အေး မွန်သူက ဆိုသည်။
တနင်္သာရီအပတ်စဉ်တွင် ဖော်ပြပါ ရှိသော မဲဆွယ်အပြုံးသရော်စာ ဖော်ပြမှု နှင့် ပတ်သက်၍ သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ) ဖြင့် တရားစွဲဆိုသွားရန် ဒီဇင်ဘာလ ၂၁ ရက်က မြို့နယ်တရားရုံး က ဆုံးဖြတ်ခဲ့သည်။

ထိုပုဒ်မအရ အများပြည်သူ၏ အ ကျိုးစီးပွားနှင့် စပ်ဆိုင်သည့် သတင်းရေး သားခြင်း မဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့်အရေးကို ထိခိုက်စေသော အ ရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြဉ် ရမည်ဖြစ်ပြီး ထိုပြစ်မှုကျူးလွန်ပါက ဒဏ်ငွေ အနည်းဆုံး ကျပ်သုံးသိန်းမှကျပ် ဆယ်သိန်းအထိ ချမှတ်ခံရမည်ဖြစ် သည်။

တနင်္သာရီအပတ်စဉ်သတင်းစာ သည် တနင်္သာရီတိုင်း အခြေစိုက်ဖြန့်ဝေ သည့် တစ်ခုတည်းသော အပတ်စဉ်ထုတ် သတင်းစာဖြစ်ပြီး တနင်္သာရီတိုင်းတွင် အစိုးရသစ် လက်ထက်အတွင်း မီဒီယာ ကို ပထမဆုံး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ယမန်နှစ်က တနင်္သာရီအပတ်စဉ်ပါ အောင်လွင် (ကံပေါက်သား) ရေးသား ထားသည့် ငါးရံ့တစ်ကောင်၏ ရင်ဖွင့် သံဆောင်းပါးကိုလည်း ဒယ်လ်ကို သတ္တုတွင်းကုမ္ပဏီက တရားစွဲဆိုခဲ့ဖူး သည်။

တပ်မတော်ကို ဝေဖန်သော သရော် စာတစ်ပုဒ် ထည့်သွင်းဖော်ပြမှုကြောင့် တပ်မတော်က The Voice Daily သ တင်းစာကို ယခုနှစ်အတွင်း တရားစွဲဆိုခဲ့ ဖူးပြီး နောက်ပိုင်းတွင် ပြန်လည်ကျေ အေးခဲ့သည်။