မြိတ်ကမ်းနားလမ်း ပလက်ဖောင်း ရောင်စုံဘလောက်တုံးများ စခင်း

0
492

မြိတ်မြို့ ကမ်းနားလမ်း ပလက် ဖောင်းတွင် ရောင်စုံအလှ ဘလောက်တုံး များကို ဇန်နဝါရီလ ၆ ရက်မှ စတင် ခင်းကျင်းနေပြီဖြစ်ကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေးရုံးထံမှ သိရသည်။
မြိတ်မြို့နယ် စည်ပင်ကော်မတီ ရန်ပုံငွေဖြင့် ခင်းခြင်းဖြစ်ပြီး တလိုင်းစု ရပ် အမှတ် ၁ ဗောတံတားထိပ်မှ ဆိပ်ငယ်ရပ် ဆိပ်ငယ်တံတားအထိ အလျားပေ ၁၅၀၀ နှင့် အကျယ် ၅ ပေ သာ လတ်တလော ခင်းနေကြောင်း မြို့ပြအင်ဂျင်နီယာ ဦးသန်းဌေးအောင်က ပြောသည်။
“ဇန်နဝါရီလကုန်ရင် ပြီးမယ်လို့ မှန်းထားတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိခင်းနေသော ပလက်ဖောင်း တွင် ယခင်က အုန်းပင်များ စိုက်ပျိုးထား ပြီး အုန်းပင်အမြစ်များကြောင့် ပလက် ဖောင်း ပျက်စီးမှု ဖြစ်ပေါ်နေရသဖြင့်၂၀၁၇ ဇွန်လအတွင်းကအုန်းပင်များအား ခုတ် ထွင်ရှင်းလင်းခဲ့ပြီး ပလက်ဖောင်းအသစ် ထပ်မံပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း စည်ပင် ရုံးမှ သိရသည်။
အမှတ် ၁ ဗောတံတားမှဆိုင်ကယ် တက္ကစီမောင်းသူအချို့ကမူ ပလက် ဖောင်းပေါ်တွင် သစ်ပင်မရှိသဖြင့် နားခို စရာအရိပ်မရှိဘဲ နေပူပြင်းမှုကို ခံစား ရမည်ဖြစ်၍ အမြစ်မထိုးဖောက်နိုင်သော အရိပ်ရအပင်ငယ်များကို စိုက်ပျိုးပေး စေချင်ကြောင်း ပြောကြသည်။

အဆိုပါ ပလက်ဖောင်းများပေါ်ရှိ အုန်းပင်များ၏ အမြစ်များကြောင့် ပျက် စီးမှုများရှိနေသဖြင့် နှစ်စဉ်ပြုပြင် နေရ ကြောင်း စည်ပင်ကော်မတီမှ သိရသည်။
မြို့ပြအင်ဂျင်နီယာ ဦးသန်းဌေး အောင်ကမူ သစ်ပင်စိုက်ရန် ခက်ခဲမှု ရှိသဖြင့် လက်ရှိတွင် မဖြစ်နိုင်သေး ကြောင်း ပြောသည်။
မြိတ်မြို့ကမ်းနားလမ်း၏ အလျား မှာ ပေတစ်သောင်းကျော်ရှိကြောင်း စည် ပင်ရုံးမှ သိရသည်။