စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျောင်းသားရှိသည့် ကျောင်းတိုင်းတွင် စာစစ်ဌာနဖွင့်လှစ်မည်

0
417

စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျောင်းသားရှိသည့် ကျောင်းတိုင်းတွင် အစိုးရ စာစစ်ဌာနဖွင့်လှစ်ရမည် ဖြစ် ကြောင်း တိုင်းပညာရေးမှူးက ပြောသည်။
ပြောင်းလဲလိုက်သည့် စနစ်အရ စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျောင်း သားရှိသည့် ကျောင်းတိုင်းတွင် အစိုးရ စာစစ်ဌာန တစ်ခု ဖွင့်လှစ် စစ်ဆေးရ မည်ဖြစ်ပြီး စာမေးပွဲ ကြီးကြပ်ရေးမှူး ဆရာများကိုမူ အပြောင်းအလဲပြုလုပ် ရမည်ဖြစ်ကြောင်း အထက်ပါရုံးမှ တိုင်း ပညာရေးမှူးက ပြောသည်။

“စတုတ္ထတန်း ကျောင်းသား တစ် ဦးရှိလည်း စာစစ်ဌာန တစ်ခုဖွင့်ရမယ်။ အဋ္ဌမတန်း ကျောင်းသား တစ်ဦးရှိလည်း စာစစ်ဌာန တစ်ခု ဖွင့်ပေးရမယ်။ ကြီး ကြပ်မယ့် ဆရာတွေကတော့ ဟိုကျောင်း နဲ့ ဒီကျောင်း ပြောင်းပေးရမယ်” ဟု တိုင်းပညာရေးမှူးက ဆိုသည်။
ယခင်ကမူ စတုတ္ထတန်းနှင့် အဋ္ဌမ တန်းကို ကျောင်းသားများ ဝင်ဆံ့သည့် အင်အားအလိုက် သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးက သတ်မှတ်ပေးသည့် စာစစ်ဌာနများတွင် စာမေးပွဲ စစ်ဆေး လေ့ရှိကြောင်း ၎င်းကပြောသည်။

“ကိုယ့်ကျောင်းမှာ ကိုယ်ဖြေရတာ ဆိုတော့ အားနည်းချက်မရှိနိုင်ဘူးလို့ ယုံကြည်တယ်။ ကလေးတွေလည်း ကိုယ့်ရွာ၊ ကိုယ့်ကျောင်းမှာ ဖြေရတဲ့ အတွက် သူတို့အတွက်လည်း သွားရ၊ လာရတာ ပိုပြီး အဆင်ပြေစေတယ်” ဟု ပုလောမြို့နယ် ကျောက္ကာကျေးရွာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ် ဆရာ ဦးကိုကိုလေးက ပြောသည်။
သို့သော် စာစစ်ဌာနများ များစွာ တိုးလာမည်ဖြစ်သောကြောင့် မေးခွန်း သယ်ယူရာတွင် ယခင်ကထက် ပိုမို ဂရုစိုက်ရမည် ဖြစ်ကြောင်း တိုင်းပညာ ရေးမှူးကပြောသည်။

ယင်းစနစ်ကို လာမည့် ဖေဖော်ဝါရီ လ ၁၉ ရက်မှ ၂၆ ရက် အထိ ကျင်းပမည့် စာမေးပွဲတွင် စတင်ကျင့်သုံးမည် ဖြစ် ကြောင်း ၎င်းက ပြောသည်။
တနင်္သာရီတိုင်းအတွင်း ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် စတုတ္ထတန်း ကျောင်းသား ၃၄၃၉၉ ဦး၊ အဋ္ဌမတန်း ကျောင်းသား ၁၉၇၀၉ ဦး ရှိကြောင်း တိုင်းပညာရေးမှူးရုံး စာရင်းအရ သိရသည်။