ထိုင်းရောက် အထောက်အထားမဲ့ မြန်မာအလုပ်သမားများကို မဖမ်းရန် အချိန်ခြောက်လထပ်တိုး

0
452

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ် လုပ်ကိုင်နေကြသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများကို မဖမ်းဆီးရန် အတွက် အချိန် ခြောက်လ ထပ်တိုးထား ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ထံမှ သိရသည်။

၂၀၁၈ ဇန်နဝါရီ ၁ရက်မှ ဇွန်လ ၃၀ ရက်အထိ ဖမ်းဆီးခြင်းမပြုရန် အချိန် ခြောက်လ ဆိုင်းငံ့လိုက်သည်ဟု ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၈ ရက်စွဲဖြင့် ထုတ် ပြန်ကြေညာခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးဆန်းမောင်ဦးက ပြောကြားသည်။

ယခင်က ထိုင်းရောက် အထောက် အထားမဲ့ မြန်မာအလုပ်သမားများကို ဇန်နဝါရီ ၁ရက် ဖမ်းဆီးမည်ဟု ထိုင်း အစိုးရက ကြေညာထားသည်။
“ထိုင်းမှာ ရောက်နေတဲ့ မြန်မာတ ချို့မှာ အထောက်အထားလုပ်ဖို့ ကျန်နေ သေးတာ။ သက်သေခံလက်မှတ် CI လုပ်လို့ မပြီးသေးတာတွေ ရှိနေသေး တယ်။ ဒါကြောင့် ရက်ထပ်တိုးမြှင့်ပေး တာ အလုပ်သမားတွေအတွက် အရမ်း ကောင်းပါတယ”ဟု ဖူးခက် အခြေစိုက် မြန်မာ အလုပ်သမား ကူညီစောင့်ရှောက် ပေးနေသည့် ပရဟိတအဖွဲ့မှ မမာလာက ဆိုသည်။

ထိုင်းရောက် မြန်မာအလုပ်သမား များကိုင်ဆောင်ထားသည့် ခရမ်းရောင် ဗီဇာစာအုပ်နှင့် ပန်းရောင်ဘတ်များ သည် လာမည့် ၂၀၁၈ မတ်လ ၃၁ ရက်တွင် တစ်ပြိုင်တည်း သက်တမ်းကုန် ဆုံးမည်ဖြစ်သည်။