မွန်တွင် ဖမ်းမိသည့် ထိုင်းဝက်များ ရောဂါမရှိကြောင်း စစ်ဆေးတွေ့ရှိ

0
471

စစ်ဆေးတွေ့ရှိချက်အရ မွန်ပြည် နယ်တွင် ဖမ်းဆီးရမိထားသည့် ထိုင်း ဝက်များတွင် ဝက်နှင့်သက်ဆိုင်သည့် ရောဂါများ မရှိကြောင်း မွန်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ပြောသည်။
ထိုင်းဝက်များ တရားမဝင်တင် သွင်းနေကြောင်း ပြည်သူတို့၏ သတင်း ပေးမှုအရ ဒီဇင်ဘာလ ၂၃ နှင့် ၂၄ ရက် နေ့တို့တွင် အထောက်အထားစာရွက်စာ တမ်းမရှိသည့် ဝက်အကောင်ရေ ၂၀၀ နီးပါး ဖမ်းဆီးရမိခဲ့ပြီး ရောဂါရှိ၊ မရှိ သိရှိနိုင်ရန် ဝက်သွေးကို ရန်ကုန် ဓာတ်ခွဲ ခန်းသို့ ပို့ဆောင် စစ်ဆေး မှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ဝက်ရောဂါဖြစ်တဲ့ ဝက်နားရွက် ပြာရောဂါတို့ ဝက်တုပ်ကွေးရောဂါတို့ ရှိ၊ မရှိစစ်ဆေးတာပါ၊ မနေ့က (ဒီဇင်ဘာလ ၂၈ ရက်နေ့) ရောဂါမရှိကြောင်း ဓာတ်ခွဲခန်း က အဖြေရပြီးပြီ”ဟု မွန်ပြည်နယ် မွေးမြူး ရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူး ဒေါက်တာ အောင်သန်းဝင်းက ပြောသည်။
ရောဂါမရှိသည့် ဝက်များကို တရားဝင် အထောက်အထားစာရွက် စာတမ်း ရှိပါက ဆက်လက်တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း အထောက်အထားခိုင် ခိုင်မာမာမရှိပါက ဖမ်းဆီးမှု ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဖမ်းဆီးရမိထားသည့် ဝက်များကို လက်တလော ယာယီထိန်းသိမ်းထားပြီး လေလံတင်ရောင်းချသွားရန် စီစဉ်နေ သည်ဟု မွန်ပြည်နယ် မွေးမြူရေးလုပ် ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ မင်းစိန်သောင်းက ပြောသည်။
ထိုင်းမှ တရားမဝင် ဝက်တင်သွင်း နေခြင်းကြောင့် ဒေသတွင်း ဝက်မွေးမြူ ရေး လုပ်ငန်းဖြင့် မိသားစု စားဝတ်နေ ရေး လုပ်ကိုင်နေကြသည့် မွေးမြူရေး သမားများ၏ အကျိုးစီးပွားများ ထိခိုက် နေသည့် အခြေအနေကို ကာကွယ်မှုပေး ရန် နှင့် ဖြေရှင်းပေးရန် ဒီဇင်ဘာ ၁၃ ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားသည်ဟု မွန်ပြည်နယ် မွေးမြူရေးအဖွဲ့ချုပ်မှ သိရသည်။

ထိုင်းဝက်များ တရားမဝင် ဝင် ရောက်လာမှုကြောင့် လတ်တလောတွင် ပြည်နယ်အတွင်းရှိ ဝက်မွေးမြူရေးခြံ ၅၀ ကျော်မှ ဝက်အကောင်ရေ ၁၅၀၀ ကျော်အား ရောင်းရက်ရောက်သော် လည်း အဝယ်ဒိုင်များ လာမဝယ်သည့် အတွက် ကျပ်သိန်းရာနှင့် ချီ နစ်နာ ဆုံးရှုံးမှုရှိနေသည်ဟု ပြည်နယ် မွေးမြူ ရေးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။
ထို့အပြင် ဒေသတွင်း ဝက်မွေးမြူ ရေးခြံတို့တွင် ယခင်ကတစ်နှစ် တစ် ကြိမ်သာ ကျရောက်တတ်သည့် ဝက် ရောဂါများသည် ထိုင်းဝက်များ ဝင် ရောက်လာသည့် နောက်ပိုင်း တစ်နှစ် ပတ်လုံးရောဂါ ဖြစ်ပွားနေသည့် အပေါ် ဒေသတွင်းဝက် မွေးမြူသူတို့နှင့် ပြည်နယ် မွေးမြူရေးအဖွဲ့ချုပ်တို့က သံသယရှိနေကြသည်။