မြိတ်ဒေသထွက် ဖရဲသီးရောင်းအားကျ

0
380

မြိတ်ဒေသထွက် ဖရဲသီးများ ယမန် နှစ်ထက် ရောင်းအားကျနေကြောင်း ဖရဲ သီးဈေးကွက်အတွင်းမှ သိရသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း ရောင်းအားနှင့် နှိုင်းယှဉ်ပါက ယခုနှစ် ဒီဇင်ဘာလအတွင်း ရောင်းအားမှာ သိသိ သာသာ ကျဆင်းနေကြောင်း မြိတ်မြို့ အဝင် ကျောက်ဖြူတောင်လမ်းဆုံရှိ ဒေသထွက် ဖရဲသီးရောင်း သူတချို့က ပြောသည်။

“မနှစ်ကဆိုရင် တစ်နေ့ကို အနည်း ဆုံး ၁ သိန်းကျပ်ကနေ အများဆုံး ၄ သိန်း ကျပ်အထိ ရောင်း ရတယ်။ ခုတော့ တစ်နေ့ကို အများဆုံး ၁ သိန်းဝန်ကျင် အထိပဲ ရတယ်”ဟု ကျောက်ဖြူတောင် လမ်းဆုံတွင် ဖရဲသီးရောင်းချနေသူ ဒေါ်စီသင်းက ပြောသည်။
ဒေသထွက်ဖရဲသီးမှာ ယမန်နှစ် ထက်ထွက်နှုန်း အနည်းငယ်သာကြောင်း သိရသည်။

ဈေးနှုန်းမှာ ယမန်နှစ်နှင့် အတူတူ ဖြစ်သော်လည်း ရောင်းအားကျဆင်းနေ ကြောင်း သိရသည်။
ရန်ကုန်ဘက်မှ ဝင်ရောက်နေ သည့် ဖရဲသီးများကို ပိုမိုဝယ်ယူကြခြင်း ကြောင့် အပြင်ရာသီဥတုအပူချိန် (လက် ရှိတွင် ရာသီဥတုအေးခြင်း)ကြောင့် လည်း ဒေသထွက် ဖရဲသီးရောင်းအားကျ ခြင်း ဖြစ်နိုင်ကြောင်း ဒေါ်စီသင်းက ခန့် မှန်းသည်။”ရန်ကုန်ဘက်က ဖရဲသီးက (ဝယ်ဈေး) ဈေးပေါတယ်။ ဒါကြောင့် ရန်ကုန်ဘက်က ဖရဲသီးတွေပဲ ဝယ် ရောင်းနေတာပါ”ဟု ဆိပ်ငယ်ဈေးကြီးရှိ ဖရဲသီးအရောင်းဒိုင်မှ ဦးကျော်အောင်က ပြောသည်။

ဒေသထွက်ဖရဲသီးများထက် ရန် ကုန်ဘက်မှ အသီးများကို မှာယူပြီး ရောင်းချပါက အကျိုးအမြတ်ပိုများ ကြောင်း ၎င်းက ဆိုသည်။
မြိတ်ဒေသထွက် ဖရဲသီးနှင့် ရန် ကုန် ဖရဲသီးများမှာ ရောင်းဈေးအတူတူ ဖြစ်ပြီး အသေးဆုံး တစ်လုံးလျှင် ကျပ် တစ်ထောင်မှ အကြီးဆုံးတစ်လုံးလျှင် ကျပ်ငါးထောင်အထိ ပေါက်ဈေးရှိ ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာ အချို့နှင့် တနင်္သာရီမြို့နယ်ရှိ တကူ၊ မော်တုံးနှင့် ကျောက်မိချောင်းကျေးရွာတို့ တွင် ဖရဲသီးစိုက်ပျိုးကြသည်။