ကံပေါက်တွင် လျှပ်စစ်မဂ္ဂါဝပ် တစ်ထောင်ကျော်ထုတ်မည့် စီမံကိန်း ခြေလှမ်းပြင်

0
545

ထားဝယ်ခရိုင် ကံပေါက်ဒေသတွင် လျှပ်စစ်မဂ္ဂါဝပ် တစ်ထောင်ကျော် ထုတ် လုပ်မည့် စီမံကိန်းနှင့် ပတ်သက်၍ တိုင်း အစိုးရကို လာရောက်ရှင်းလင်း တင်ပြခဲ့ ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးက ပြောကြားသည်။
တိုတယ်ကုမ္ပဏီနှင့် အခြားကုမ္ပဏီ တစ်ခုတို့ ပူးပေါင်း၍ သဘာဝ ဓာတ်ငွေ့ (LNG)ဖြင့် လျှပ်စစ်မဂ္ဂါဝပ် ၁၂၃၀ ကျော် ထုတ်လုပ်နိုင်မည့် စီမံကိန်းကို ရှင်းလင်း ခဲ့ခြင်းဖြစ်ပြီး စတင်ထုတ်လုပ်မည့်အချိန် နှင့် ယူနစ် ဈေးနှုန်း (စက်ရုံထွက်ဈေး)ကိုမူ မသိရသေးကြောင်း တိုင်းဒေသကြီး လျှပ် စစ်/စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင် က ဆိုသည်။

အဆိုပါ စီမံကိန်းကို ပြည်ထောင်စု အစိုးရက ကိုင်တွယ်လုပ်ဆောင်နေပြီး ရှင်းပြချက်များအရ ထားဝယ်ခရိုင် အတွက်သာ အကျိုးခံစားခွင့်(လျှပ်စစ် သုံးစွဲခွင့်)ရှိနေသည့်အတွက် တစ်တိုင်း လုံးသုံးစွဲခွင့်ရရန် ပြည်ထောင်စု ဒုဝန်ကြီး က ကုမ္ပဏီကို တောင်းဆိုထားကြောင်း ဝန်ကြီးဦးကြည်လှိုင်က ပြောသည်။
“စက်ရုံထွက်ဈေးက ဘာမှ မပြော သေးဘူး၊ ပြည်ထောင်စုနဲ့ ညှိရမယ့် ကိစ္စတွေဖြစ်နေတယ်ဆိုတော့ ကျွန်တော် တို့ကိုတော့ ပြောတာမရှိသေး”ဟု ၎င်း က ဆိုသည်။

လျှပ်စစ်ထုတ်မည့် စက်ရုံကို ကံ ပေါက်ဒေသတွင် လက်ရှိ ရှိနေသည့် တိုတယ် ကုမ္ပဏီဝင်းအတွင်း တည် ဆောက်သွားမည်ဟု သိရပြီး လောင်စာ ဖြစ်သည့် LNG ကို ကမ်းလွန်တွင် စမ်းသပ်နေသည့် ရေနံလုပ်ကွက်နှင့် တိုတယ်ကုမ္ပဏီရှိသည့် အခြားနိုင်ငံများ မှလည်း သင်္ဘောဖြင့်သယ်ယူမည်ဟု သိရကြောင်း ဝန်ကြီးဦးကြည်လှိုင်က ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ထုတ် ဖော်ပြောဆိုရန် အချိန်စောနေပြီး သေချာသည့် အချိန်ရောက်မှသာ ပြော ဆိုမည်ဖြစ်ကြောင်း ယင်းစီမံကိန်း၏ ကိုယ်စားလှယ်ဖြစ်သူ ဦးထွန်းထွန်းတင် က ဆိုသည်။

“အချိန်ရောက်လာရင်တော့ ပြော မှာပါ၊ ဒါ ကျွန်တော်တို့ လူတွေကိုလည်း အသိပေးရမှာ ရှိပါတယ်” ဟု ဦးထွန်းထွန်း တင်က ပြောသည်။
ဒေသတွင်း သုံးစွဲပြီး ပိုလျှံနေသည့် လျှပ်စစ်ကို ပဲခူးတိုင်းအထိ ၅၀၀ KVလိုင်းဆွဲကာ မဟာဓာတ်အားလိုင်း စနစ် ထဲသို့ ပို့လွှတ်မည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီ၏ စီမံကိန်းအချိန်ပြဇယား တွင် ၂၀၁၉ ခုနှစ်တွင် စက်ရုံ တည် ဆောက်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် နှောင်း ပိုင်းတွင် အပြည့်အဝ လည်ပတ်နိုင် မည်ဖြစ်ကြောင်း ဖော်ပြထားသည်။