တနင်္သာရီ – မောတောင် လမ်းပိုင်း ကားမှောက်မှု ကိုရင်တစ်ပါး ပျံလွန်

0
519

တနင်္သာရီ-မောတောင် ကားလမ်းမ ပေါ်ရှိ သဲဖြူကျေးရွာအနီးတွင် ဒီဇင်ဘာလ ၁၂ ရက်နေ့က ကားမှောက်ခဲ့ပြီး ကိုရင် တစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း တနင်္သာရီ မြို့မရဲစခန်းထံမှ သိရသည်။

သဲဖြူကျေးရွာမှ မြိတ်မြို့သို့ ထွက် ခွာလာသည့် မတ်တူး(အဖြူရောင်)အမျိုး အစား မော်တော်ယာဉ်သည် သဲဖြူကျေး ရွာနှင့် သိန်ခွန်းကျေးရွာအကြား အရောက် တွင် ယာဉ်ယာဘက် ရှေ့ဘီးပေါက်ပြီး လမ်းယာဘက် ရေမြောင်းထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့ကြောင်း ရဲစခန်းမှ သိရသည်။

ယင်းကဲ့သို့ တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသည့် မြိတ်မြို့၊ ဓမ္မသီတဂူကျောင်းမှ ကျောင်းထိုင် ဆရာတော် ဥူးကဝိဒ္ဓတွင် ပွန်းပဲ့ဒဏ် ရာအချို့ရရှိခဲ့ပြီး သက်တော် ၁၂ နှစ်ရှိ ကိုရင် ဝိမလသည် အခင်းဖြစ်နေရာတွင် ပျံလွန်တော်မူခဲ့ကြောင်း ရဲစခန်းမှတ် တမ်းအရ သိရသည်။