မွန်ရှိ အခြေခံပညာကျောင်းနှင့် အနီးဝန်းကျင် ဆေးလိပ်မရောင်းချရန် ကြပ်မတ်မည်

0
419

မွန်ပြည်နယ်အတွင်းရှိ အခြေခံ ပညာကျောင်း ပရဝဏ်အတွင်းနှင့် ကျောင်း ပရဝဏ်မှပေ ၁၀၀ အတွင်း ဆေးလိပ် ရောင်းချနေသည်ကို တားမြစ် အရေးယူသွားမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက ပြော သည်။

အထက်ပါ ကိစ္စနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန် အ စည်းအဝေးတွင် သထုံမြို့နယ် မဲဆန္ဒ အမှတ် (၁) ပြည်နယ် လွှတ်တော်ကိုယ် စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က မေးမြန်းရာ ဝန်ကြီးက ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ် သည်။

ကျောင်းပရဝဏ်နှင့် ကျောင်းပရ ဝဏ်မှ ပေ ၁၀၀ အတွင်း ဆေးလိပ်ရောင်း ချနေသည့် ဆိုင်များကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၊ ကျောင်းအကျိုးတော် ဆောင်၊ ရပ်ကွက်။ကျေးရွာအုပ်ချုပ် ရေးမှူး၊ စည်ပင်သာယာရေးအဖွဲ့ များဖြင့် ပူးပေါင်းပြီး တားဆီးအရေး ယူသွားမည်ဟု လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်းက ပြောသည်။
“ကျောင်းပတ်ဝန်းကျင် အနီးအနား မှာ ဆေးလိပ်ရောင်းချနေတာကို တော် တော်များများ တွေ့မြင်နေရပါတယ်၊ ဆေးလိပ်ကို အဖြူအစိမ်းဝတ်တဲ့ အ ထက်တန်းကျောင်းသား လူငယ်တော် တော်များများ သောက်သုံးနေတာတွေကို လဲ တွေ့မြင်နေရပါတယ်”ဟု လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြော သည်။

ကျောင်းပရဝဏ် အတွင်းနှင့် ကျောင်းပရဝဏ်မှ ပေ ၁၀၀ အတွင်း ဆေးလိပ်ရောင်းချခြင်း ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ဆေး လိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေအရ ပထမအကြိမ် ပြစ်မှုကျူးလွန်ခြင်းဖြစ်ပါ က ငွေဒဏ်အနည်းဆုံးကျပ် တစ်သောင်းမှ အများဆုံးကျပ် သုံးသောင်းအထိလည်း ကောင်း၊ ဒုတိယအကြိမ်နှင့်အထက် ပြစ်မှု ကျူးလွန်ခြင်းဖြစ်ပါက တစ်နှစ် ထက် မပိုသော ထောင်ဒဏ်ချမှတ်ရ မည့်အပြင် ငွေဒဏ်အနည်းဆုံးကျပ် သုံး သောင်းမှ အများဆုံးကျပ် တစ်သိန်းအထိ ချမှတ်နိုင်သည်။