၂၀၁၇ မော်ဒယ်ဆိုင်ကယ်နှင့် ဂျပန်ဆိုင်ကယ်များ ဒေသလိုင်စင်လုပ်နိုင်ပြီ

0
640

၂၀၁၇ ခုနှစ်ထုတ် လိုင်စင်မဲ့ ဆိုင် ကယ်များ၊ ဂျပန်နိုင်ငံထုတ်ဆိုင်ကယ်များ နှင့် အင်ဂျင်ပါဝါကြီးသည့် လိုင်စင်မဲ့ဆိုင် ကယ်များကို လာမည့် ဒီဇင်ဘာလ ၁၂ ရက်မှစကာ ဒေသလိုင်စင် လုပ်ပေးမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန)ထံမှ သိရသည်။

တိုင်းအတွင်း လိုင်စင်မဲ့ ဆိုင်ကယ် များကို ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့မှစကာ ဒေသလိုင်စင်များ လုပ် ပေးနေပြီး ၂၀၁၇ ခုနှစ် မော်ဒယ် ဆိုင် ကယ်များ၊ ဂျပန်နိုင်ငံထုတ် ဆိုင်ကယ် များနှင့် အင်ဂျင်ပါဝါ ၁၅၀ စီစီ အထက်ရှိသည့် လိုင်စင်မဲ့ ဆိုင်ကယ်များ မှာမူ ဒဏ်ကြေးနှုန်းထားကို ဒီဇင်ဘာ လဆန်းပိုင်းမှ သတ်မှတ်နိုင်ခဲ့သည်။
လက်ရှိအချိန်တွင် ယင်းဆိုင်ကယ် များအတွက် ဒဏ်ကြေးနှုန်းထားများ ထွက်ရှိလာပြီဖြစ်သည့်အတွက် လာမည့် အပတ် အင်္ဂါနေ့မှစတင်ကာ ဒေသလိုင် စင်လုပ်ပေးသွားမည် ဖြစ်ကြောင်း ကညန တိုင်းဒေသကြီးဦးစီးမှူး ဦးထင်ပေါ်က ဆိုသည်။

“အခုလာမယ့် အပတ်ကစပြီး ဒီ ဆိုင်ကယ်တွေကို လိုင်စင် လုပ်ပေးသွား မယ်”ဟု ဦးထင်ပေါ်က ပြောသည်။
ထုတ်ပြန်လိုက်သည့် ဈေးနှုန်း များမှာ ဒဏ်ကြေးငွေ နှုန်းထားများသာ ဖြစ်ပြီး ကညန မှတ်ပုံတင်ကြေးနှင့် အာမခံလုပ်ငန်းများအတွက် ကျသင့်ဈေး နှုန်းများကို ထပ်မံပေးဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် လိုင်စင်မဲ့ဆိုင်ကယ် များကို တစ်ပတ်လျှင် နှစ်ရက်နှုန်းဖြင့် ဒေသလိုင်စင်လုပ်ပေးနေသည်။
ဒေသလိုင်စင်ကို ဒီဇင်ဘာလကုန် အထိ လုပ်ပေးရန် ရည်မှန်းထားပြီး လိုင်စင်လုပ်လိုသူများ ကျန်ရှိနေသေး ပါက ဆက်လုပ်ပေး နိုင်ရန် တိုင်းအစိုးရ အဖွဲ့ထံ တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။