တနင်္သာရီတိုင်းတွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးပြီး ကလေး လေးဆယ်နီးပါး ဆေးရုံရောက်

0
349

တိုင်းအတွင်း ဂျပန်ဦးနှောက်ရောင် ရောဂါ ကာကွယ်ဆေးထိုးပြီးနောက် ကလေးအယောက် ၄၀ နီးပါးကို ဆေးရုံ တင်လိုက်ရကြောင်း တနင်္သာရီတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာနထံမှ သိရသည်။
ကာကွယ်ဆေးထိုးသည့် ကလေး များ အကြောက်လွန်ပြီး မူးဝေခြင်း၊ ဖျားခြင်းကြောင့် ကလေး ၃၉ ဦး ဆေးရုံတက်ရခြင်းဖြစ်ပြီး ပြင်းပြင်းထန် ထန် ဖြစ်ပွားသူမရှိကြောင်း အထက်ပါ ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကျောင်းအခြေပြု ကာကွယ်ဆေး ထိုးနှံခြင်းကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်မှ ၂၃ ရက်အထိ ကလေးပေါင်း ၃ သိန်းနီးပါးကို ထိုးပေးခဲ့ပြီးဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။
“ပြင်းပြင်းထန်ထန် ဖြစ်တဲ့သူက တော့ မရှိပါဘူး၊ သေဆုံးမှုလည်း မရှိ ပါဘူး”ဟု တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ အဆိုပါ တာဝန် ရှိသူက ပြောသည်။
ကာကွယ်ဆေးထိုးရာတွင် ဖျားခြင်း မှာ ဖြစ်လေ့ဖြစ်ထရှိပြီး မူးဝေခြင်းမှာ ကြောက်စိတ်ဝင်ခြင်းကြောင့် ဖြစ်ကာ စိုးရိမ်စရာမရှိကြောင်း ၎င်းကဆိုသည်။

ယင်းအပြင် ဆေးထိုးပြီး သာမန် မူးဝေခြင်းဖြစ်သည့်အတွက် ဖြစ်ပွား သည့် နေရာတွင်ပင် ကုသပေးလိုက်ရသူ ၉၅ ဦးရှိကြောင်း ၎င်းက ဆိုသည်။
ဆေးထိုးခြင်းကြောင့် ဘေးထွက် ဆိုးကျိုးဖြစ်မည်ကို စိုးရိမ်မိသော်လည်း ကာကွယ်ဆေးမထိုးပါက ဖြစ်လာမည့် အန္တရာယ်က ပိုများနေသည့်အတွက် ထိုးပေးမည်ဖြစ်ကြောင်း ထားဝယ်မြို့ ဝဲကျွန်းထိန်းဟောင်းရပ်ကွက်တွင် နေထိုင်သည့် ကလေးဖခင်တစ်ဦး ဖြစ်သူ ဦးဇော်မိုးက ဆိုသည်။

“ဒီရောဂါရဲ့ အန္တရာယ်ကလည်း ကြီးတယ်ဆိုတော့ စိတ်ပူပူနဲ့ပဲ ထိုးပေး ရမှာပေါ့” ဟု ဦးဇော်မိုးက ပြောသည်။
တိုင်းအတွင်းကလေး ၃ သိန်းကျော် ကို ကာကွယ်ဆေးထိုးပေးရန် မျှော်မှန်း ထားကာ လက်ရှိအချိန်တွင် ၉၅ ရာ ခိုင်နှုန်းကို ထိုးပေးခဲ့ပြီးဖြစ်ကာ ကျန်ရှိ သူ များကို ဒီဇင်ဘာလတွင် ထိုးပေးမည့် ပြည်သူလူထုအခြေပြု ကာကွယ်ဆေး ထိုးသည့် အစီအစဉ်တွင် ထည့်သွင်း သွားမည်ဖြစ်ကြောင်း အထက်ပါဌာန တာဝန်ရှိသူက ပြောသည်။
အသက် ၉ လမှ ၁၅ နှစ် မကျော် သည့် ကလေးများကို ကာကွယ်ဆေး ထိုးနှံပေးနေခြင်းဖြစ်သည်။

တနင်္သာရီတိုင်းတွင် ယခုနှစ် ဇန်န ဝါရီလမှ ဇွန်လအထိ ဂျပန်ဦးနှောက် ရောင်ရောဂါဖြစ်ပွားသူ ၇ ဦးရှိပြီး သံသ ယလူနာ ၂၆ ဦး ရှိခဲ့ကာ တစ်နိုင်ငံလုံးတွင် အဆင့် ၅ နေရာတွင်ရှိကြောင်း တိုင်းဒေ သကြီး ပြည်သူ့ကျန်းမာရေး/ကုသရေး ဦးစီးဌာန စာရင်းအရ သိရသည်။
ရောဂါဖြစ်ပွားပါက ၃၀ ရာခိုင်နှုန်း အထိ သေဆုံးနိုင်ပြီး အသက်ရှင်ပါက လည်း ကိုယ်လက်မသန်စွမ်းခြင်း၊ နား လေးခြင်း၊ မကြာခဏတက်ခြင်း အစရှိ သည့် ချို့ယွင်းထိခိုက်မှု ၃၀ ရာခိုင်နှုန်း ခန့်အထိ ဖြစ်ပွားနိုင်ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။