ထားဝယ် နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်ပွဲ လူအင်အားငါးရာကျော်ဖြင့် အမှိုက်ကောက်

0
510

ထားဝယ်မြို့တွင် ၁၀၈ ကြိမ် မြောက် ကျင်းပသည့် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည် ပူဇော် ပွဲတွင် လူအင်အား ၅၀၀ ကျော်ဖြင့် အမှိုက်ကောက်ခဲ့ကြောင်း အမှိုက် ကောက်သည့်အဖွဲ့ကို ဦးဆောင်သူထံမှ သိရသည်။

မြို့အတွင်း ဘုရာလှည့်ရာလမ်း တစ်လျှောက်တွင် ပရဟိတ အမျိုးသား၊ အမျိုးသမီးဦးရေ ၅၀၀ ကျော်ဖြင့် အမှိုက်ကောက်ခဲ့ခြင်းဖြစ်ပြီး စည်ပင်၊ ဘုရားကြီးနှင့် ပုဂ္ဂလိက အမှိုက်သိမ်း လုပ်ငန်းများမှ အမှိုက်ကား ၅ စီးနှင့် မီးဆလိုက်ကား ၂ စီးပါဝင်ကြောင်း အမှိုက်ကောက်သည့်အဖွဲ့ကို ဦးဆောင် သူ ဦးဟုတ်ရှိန်က ဆိုသည်။

“ဒီနှစ်ကတော့ ဘုရားလှည့်တဲ့ ကြားမှာ ဝင်မကောက်တော့ဘူး၊ လမ်း ကြောင်း နောက်ဆုံးမှာ တစ်စုတစ်စည်း ထဲ ကောက်တော့တယ်”ဟု ဦးဟုတ်ရှိန် က ပြောသည်။
ဘုရားလှည့်ပွဲတွင် ယင်းကဲ့သို့ စေတနာရှင်များက အမှိုက်သိမ်းနေသည့် အပေါ် ဂုဏ်ယူကြောင်း ထားဝယ်မြို့ ဝဲကျွန်းထိန်ဟောင်းရပ်ကွက်နေ ဦးကျော်ဝင်းက ဆိုသည်။

“လူပေါင်း ထောင်သောင်းချီပြီး ဖြတ်သွားတဲ့ လမ်းလို့တောင် မထင် ရတော့ဘူး၊ အကုန် ပြောင်ရှင်းနေတယ် ဆိုတော့”ဟု ဦးကျော်ဝင်းက ပြောသည်။
ယင်းအဖွဲ့က နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်ပွဲတွင် အမှိုက်ကောက်လာ သည်မှာ ၃ နှစ်ရှိပြီဖြစ်သည်။

ယခင်က နှစ်ကျိပ်ရှစ်ဆူ ဘုရား လှည့်ပြီးပါက ဘုရားလှည့်သည့် လမ်းကြောင်း တစ်လျှောက်တွင် အမှိုက် များဖြင့် ပြည့်နှက်နေ လေ့ရှိသည်။