မွန်ရှိရော်ဘာစက်ရုံများ ပတ်ဝန်းကျင်ဆိုင်ရာ အစီရင်ခံစာတင်ရန် ပြည်နယ်အစိုးရညွှန်ကြား

0
563

မွန်ပြည်နယ်အတွင်းရှိ ရော်ဘာ စက်ရုံများ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု ဆိုင်ရာ အစီရင်ခံစာကို အောက်တိုဘာလ ၃၁ရက် နောက်ဆုံးထား တင်ပြကြရန် မွန်ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြား ထားကြောင်း သိရသည်။

ပြည်နယ်အတွင်းရှိ ရော်ဘာကြိတ် ခွဲသားစက်ရုံ၊ ရော်ဘာအထပ်သားစက်ရုံ၊ ရော်ဘာပြား ထုတ်လုပ်သည့်စက်ရုံ အစရှိသည့် ရော်ဘာနှင့် သက်ဆိုင်သည့် စက်ရုံပိုင်ရှင်များနှင့် ပြည်နယ်အစိုးရအ ဖွဲ့တို့ အောက်တိုဘာ ၉ ရက်က တွေ့ ဆုံပြီး ထိုကဲ့သို့ ညွှန်ကြားထားခြင်း ဖြစ် သည်။

“ရော်ဘာစက်ရုံနဲ့ ပတ်သက်ပြီး တော့ တိုင်ကြားမှုတွေလည်း ရှိတယ်၊ လွှတ်တော်မှာလည်း ရော်ဘာစက်ရုံတွေ ကို လူနဲ့ဝေးရာပြောင်းဖို့ အဆိုအောင် ထားတယ်ဆိုတော့ အစိုးရက အကောင် အထည်ဖော်ပေးရမှာ ဖြစ်တဲ့အတွက် အခုလို ရော်ဘာစက်ရုံအားလုံးနဲ့ တွေ့ဆုံ ဖြစ်တယ်၊ အဓိက နဏြ ပတ်ဝန်း ကျင် စီမံခန့်ခွဲမှုဆိုင်ရာ အစီရင် စာတင်ဖို့ပါ” ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

မွန်ပြည်နယ်တစ်ခုလုံးတွင် ရော်ဘာ ဆိုင်ရာစက်ရုံ ၃၂ ရုံ ရှိသည်။လက်ရှိတွင် ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု အစီရင်ခံစာ တင်ထားသည့် စက်ရုံအချို့ ရှိသော်လည်း စွန့်ပစ် ရေကန် တည်ဆောက်ခြင်း၊ စွန့်ပစ်သည့် စနစ်၊ ကုန်ကြမ်းထား သိုလှောင်ခြင်း လုပ်ငန်းများတွင် ပြီးပြည့်စုံမှုမရှိသည်ကို တွေ့ရှိရကြောင်း ဒေါက်တာ မင်းကြည် ဝင်းက ဆက်ပြောသည်။

ပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များ လိုက်နာဆောင် ရွက်မှု မရှိသည့် ရော်ဘာစက်ရုံများကို ပိတ်သိမ်းသည်အထိ အရေးယူဆောင် ရွက်သွားမည်ဟု မွန်ပြည်နယ်ဝန်ကြီး ချုပ်က ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး တွင် ပြောကြားထားသည်။

မွန်ပြည်နယ်တွင် ပြည်နယ်အစိုးရ ငွေကြေးထောက်ပံ့မှုဖြင့် နိုင်ငံတကာ အဆင့်မီ အရည်အသွေးကောင်း ရော်ဘာ များ ထုတ်လုပ်နိုင်သည့် စက်ရုံများ တည် ဆောက်ရန် စီစဉ်လျက်ရှိပြီး အဆိုပါ စက်ရုံများအတွက်လည်း ပတ်ဝန်းကျင် စီမံ ခန့်ခွဲမှုဆိုင်ရာ အစီရင်ခံစာ တင်ပြမှ သာလျှင် လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

မွန်ပြည်နယ်တစ်ခုလုံးတွင် ရော် ဘာစိုက်ပျိုးမြေဧက ၅ သိန်းခန့်ရှိပြီး၊ ဧက ၃သိန်းကျော်မှာ ရော်ဘာထုတ်လုပ် လျက်ရှိသည်။