ထားဝယ်မြို့ လမ်းများရှိ CCTV ကင်မရာ အားလုံးနီးပါး ပျက်နေဟုဆို

0
603

ထားဝယ်မြို့ အဓိက လမ်းဆုံများရှိCCTVကင်မရာများ အားလုံးနီးပါ ပျက်နေကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
အဆိုပါ CCTVကင်မရာများကို တပ်ဆင်ထားသည့်အချိန်မှ ယခုအချိန် အထိ ပြုပြင်မွမ်းမံ ထိန်းသိမ်းမှုများ မလုပ်နိုင်ခဲ့သဖြင့် ပျက်စီးနေခြင်း ဖြစ် ကြောင်း တိုင်းရဲတပ်ဖွဲ့ ရဲမှူးကြီးနေမျိုး က ပြောသည်။

“သိရသလောက်ကတော့ အားလုံး ပျက်(အလုပ်မလုပ်) နေတယ်။ ဒီဟာ တွေကို ပြန်တပ်ဖို့ ပြုပြင် ဖို့ဆိုတာက တော့ အစိုးရကို ပြန်တင်ပြပြီးတော့မှ အစိုးရရဲ့ ဘတ်ဂျက်နဲ့မှ လုပ်နိုင်မှာ”ဟု ရဲမှူးကြီး နေမျိုးက ပြောသည်။
CCTV ကင်မရာ အားလုံး အလုပ် မလုပ်သည့်အတွက် ၎င်းတို့ကို ပြန် အသုံးပြု၍ ရမရကို ပြန်စိစစ်ရမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် မြို့တွင်း ယာဉ်တိုက် မှုများ ဖြစ်ပွားပါက အဆိုပါ ကင်မရာ များဖြင့် တိုက်ဆိုင်စစ်ဆေးခြင်းများ မလုပ် နိုင်ဘဲ မျက်မြင်သက်သေများကိုသာ အားထားနေရကြောင်း အမှတ် ၁၁ ယာဉ် ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(တနင်္သာရီ)မှ ဒုတပ်ဖွဲ့ ခွဲမှူး ရဲမှူး ညီညီလှိုင်က ပြောသည်။

နေ့ခင်းဘက်များတွင်မှု မီးပွိုင့် များတွင် တာဝန်ကျ ယာဉ်ထိန်းရဲများ ရှိသော်လည်း ယာဉ်ထိန်းရဲ မရှိသည့် ညအချိန်များတွင် ယင်းကင်မရာများ အလုပ်လုပ်ရန် လိုအပ်ကြောင်း ရဲမှူး ညီညီလှိုင်က ပြောသည်။
“ယာဉ်ထိန်းမရှိတဲ့ အချိန်မှာတော့ လိုတာပေါ့လေ။CCTV တပ်ထားတာ ဆိုရင် ဘယ်လိုမှ ငြင်းလို့ မရဘူး သူကတော့ အကောင်းဆုံး သက်သေ ပါပဲ”ဟု ၎င်းက ဆိုသည်။

ယင်းကင်မရာများ ပျက်စီးနေ ခြင်းကို မသိရှိဘဲ အမှန်တကယ် ပျက် စီးနေပါက ယာဉ်တိုက်မှုများ အပါအဝင် အခြား မှုခင်းများ ဖြစ်ပွားပါက ဖြစ်စဉ် အမှန်ကို ဖော်ထုတ်နိုင်မည် ဖြစ်သော ကြောင့် ပျက်စီးနေသည့် ကင်မရာ များကို အမြန်ဆုံး ပြုပြင်သင့်ကြောင်း ထားဝယ်မြို့ခံများက ပြောသည်။
“ကရပ်ပြင် မီးပွိင့်ကနေ ရွှေတောင် စားဘက် လှည့်ထားတဲ့ ကင်မရာ ရှိတယ်ဆိုတော့ ကျွန်တော်က သက်သေ တစ်ခုခုရမလားလို့ သွားကြည့်တာပေါ့။ အဲဒါမှ ပျက်နေတယ် ဆိုတာသိရတာ” ဟု စက်တင်ဘာ ၁၉ရက်ညက ဖောက် ထွင်းခံရသည့် ကရပ်ပြင် မီးပွိုင့်အနီးရှိ ဖုန်းပြုပြင်၊ ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် ကိုဝေယံဦးက ပြောသည်။

ထားဝယ်မြို့တွင် အဓိက လမ်း ဆုံနှင့် မီးပွိုင့်များအပါအဝင် နေရာအနှံ့ တွင် CCTV ကင်မရာ ၃၀ ကျော် ကို ယခင် အစိုးရလက်ထက် ၂၀၁၃ ခုနှစ်က တပ်ဆင်ထားသည်