တနင်္သာရီ ရှေးဟောင်း ယဉ်ကျေးမှု ပြတိုက် ၇၀ ရာခိုင်နှုန်း ပြီးစီး

0
404

တနင်္သာရီမြို့နယ် ချောင်းကြီး ရပ်ကွက်တွင် တည်ဆောက်နေသည့် ရှေးဟောင်းယဉ်ကျေးမှု ပြတိုက်သည် ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ယင်းမြို့နယ် စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းထံမှ သိရသည်။
ရှေးဟောင်း ယဉ်ကျေးမှုပြတိုက်ကို ပြီးခဲ့သည့် ဇွန်လအတွင်းက စတင် ဆောက်လုပ်နေခြင်း ဖြစ်သည်။

“အကြမ်းထည်တွေတော့ ပြီးပါပြီ။ အချောသတ်လုပ်ငန်းတွေပဲ ကျန်ပါတယ်”ဟု ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းက ပြောသည်။
အဆိုပါ ယဉ်ကျေးမှုပြတိုက်တွင် တနင်္သာရီမြို့မှ ရှေးဟောင်း လက်ဝတ် ရတနာများ၊ ရှေးဟောင်း လူ့အသုံး အဆောင် ပစ္စည်းများ၊ ရှေးဟောင်း သမိုင်းဝင်ပစ္စည်းများစသဖြင့် ရှေးဟောင်း နှင့် ပတ်သက်သည့် ပစ္စည်းများ ပြတိုက်အတွင်း ထားရှိမည်ဖြစ်ကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။

ထို့ပြင် တနင်္သာရီမြို့၏ ရှေးဟောင်း ပစ္စည်းများအား ပြတိုက်အတွင်း ထား ရှိနိုင်ရန် လာရောက် လှူဒါန်းနိုင်ကြောင်း ယင်းမြို့နယ် စာပေနှင့်ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီထံမှ သိရသည်။