လွှတ်တော်ကိုယ်စားလှယ် နုတ်ထွက်ရေး မုဒုံတွင် ဆန္ဒပြ

0
447

မွန်ပြည်နယ် မုဒုံမြိ့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော် နုတ်ထွက် ပေးရေး မှိန်ဂနိမ်းဒေသခံ ၁၀၀ ခန့်က စက်တင်ဘာလ၂၁ ရက်နေ့ နံနက် ၈ နာရီ ခွဲအချိန်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ကျေးရွာအုပ်ချူပ်ရေးမှူး တာဝန်မှ ရပ်စဲခံရသည့်ကိစ္စ၊ မြေယာကိစ္စနှင့် ချေး ငွေကိစ္စများတွင် လူထုဘက်က မရပ် တည်သောကြောင့် ဆန္ဒပြကြခြင်းဖြစ် ကြောင်း ဆန္ဒပြသူများက ပြောသည်။

“အန်တီတို့ဖြစ်စေချင်တဲ့ ဆန္ဒက ကိုယ်စားလှယ်တစ်ယောက်သည် ပြည် သူလူထုက တင်ထားတဲ့အတွက်၊ ပြည်သူ့ မျက်နှာကို ကြည့်ရမယ်၊ အမှန်တရား ဘက်ကို ရပ်တည်ရမယ်၊ အခုက ပြည်သူ ဘက်လဲ မကြည့်ဘူး၊ ပြည်သူဘက်မှာ လည်း မရပ်တည်တဲ့အတွက် အန်တီတို့ ဆန္ဒထုတ်ဖော်တာ ဖြစ်တယ်”ဟု ဆန္ဒ ထုတ်ဖော်မှုတွင် ပါဝင်သည့် မှိန်ဂနိမ်း ကျေးရွာသူ ဒေါ်သန်းအေးက ပြောသည်။

“အလုပ်လုပ်လို့ အပြောခံရဆိုတာ ကိစ္စ မရှိပါဘူး၊ ကျွန်မအပြောခံ နိုင်ပါ တယ်၊ ကျွန်မလုပ်လိုက်တဲ့ အလုပ်အတွက် အများအကျိုးရှိမယ်ဆိုရင် ကျေနပ်ပါ တယ်၊ အခုဖြစ်နေတဲ့ကိစ္စက အနာနဲ့ ဆေး လွဲနေပါတယ်၊ ဘာကြောင့်လဲဆိုရင် အုပ်ချုပ်ရေးမှူး ပြုတ်တယ်၊ သူ့ကို ကျွန်မအနေနဲ့ ဖြုတ်လို့ မရပါဘူး၊ အုပ်ချုပ်ရေးမှူးကို ဖြုတ်တဲ့သူတွေကို သူတို့က ဆန္ဒမပြဘဲနဲ့ ကျွန်မကို ဆန္ဒပြ တယ် ဆိုတော့ သူတို့ တော်တော်လွဲနေ တယ်လို့ပဲ မြင်ပါတယ်။ ဒါပေမယ့် မသိ လို့ လုပ်တာဖြစ်တဲ့အတွက် လုပ်ပါစေ”ဟု လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်က ပြောသည်။

ဆန္ဒထုတ်ဖော်သူများသည် မှိန်ဂ နိမ်းကျေးရွာအတွင်း လှည့်လည်ဆန္ဒ ထုတ်ဖော်ခဲ့ကြပြီးနောက် မော်လမြို့ ကမ်းနားလမ်းရှိ ညဈေးတန်းတွင်လည်း သွားရောက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။