မောတောင်နယ်စပ်ရှိ ပရိဘောဂဂိုဒေါင် မီးလောင်

0
484

ထိုင်းမြန်မာနယ်စပ်ဖြစ်သည့် တနင်္သာရီမြို့နယ် မောတောင်မြို့ မြို့မ (၁) ရပ်ကွက်ရှိ ပရိဘောဂပစ္စည်းများ ထားရာ ဂိုဒေါင်တွင် စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင် က မီးလောင်မှု ဖြစ်ပွားခဲ့ရကြောင်း မောတောင် မီးသတ်စခန်းတာဝန်ခံလက် ထောက်ဦးစီးမှူး ဦးစိုးမိုးအောင်ထံမှ သိရသည်။

ဂိုဒေါင်စောင့်သူ၏ ဆေးလိပ်မီး ပေါ့ဆမှုကြောင့် ဂရိဘောဂအလုပ်ရုံ အနီးရှိ ရွေပေါ်စာ(သစ်သား အချောကိုင် ရာမှ ထွက်လာသည့် ပါးလွှာသစ်စများ)မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ရခြင်း ဖြစ်ကြောင်းအထက်ပါ မီးသတ်စခန်းထံ မှ သိရသည်။

မီးလောင်မှုကြောင့် ဂိုဒေါင်အတွင်း သိုလှောင်ထားသော အလျား ၅ပေ ခွဲအနံ ၁ ပေခွဲခန့်ရှိသည့် တန်းလျားခုံ အလုံး ၄၀၊ ဂိုထောင်အမိုးအုတ်ကြွပ် ၂၀ ဆုံးရှုံးခဲ့ကြောင်း မီးသတ်စခန်းမှ သိရ သည်။

ယင်းမီးလောင်ကျွမ်းမှုကြောင့် ဂိုဒေါင်စောင့်အား မီးပေါ့ဆမှုဖြင့် အမှု ဖွင့် အရေးယူထားကြောင်း မောတောင် ရဲစခန်းမှ သိရသည်။