လုပ်ငန်းခွင် ကျန်းမာရေး ၊ အန္တရာယ်ကင်းရှင်းရေးနှင့် စပ်မိစပ်ရာ

0
692

တစ်နေ့သ၌ သာအေးနှင့် သာကျော် သူငယ်ချင်းနှစ်ယောက်ရွာမှ မြို့သို့ ပြည်ထောင်စုလမ်းမအတိုင်း ဖြတ်လျက် ဆိုင်ကယ်စီးရင်း သွားကြ၏။ လမ်းတစ် လျှောက် လမ်းခင်းနေကြသော လမ်းလုပ် သားများကို တွေ့မြင်ကြကာ ဆိုင်ကယ် မောင်းရင်း အပြန်အလှန် ဆွေးနွေးနေ ကြလေသည်။
သာအေး ။ ။ ငါတို့ဆီက လမ်းခင်းနေတဲ့ လုပ်သားတွေက ခြေညှပ် ဖိနပ်နဲ့ တွေ့ရာအင်္ကျီ၊ လုံချည်နဲ့ပါ လား…။
သာကျော် ။ ။ဒါကတော့ မြန်မာ့ နည်း မြန်မာ့ဟန် အလုပ်သမား ဝတ်စုံ ဖြစ်မှာပေါ့။ HSE ကို လေးစား လိုက်နာတဲ့ ကုမ္ပဏီတွေရဲ့ ဝန်ထမ်းတွေ ကတော့ ဒီလိုမဟုတ်ဘူး။

သာအေး။ HSEဆိုတာ ဘာလဲဗျ လင်းစမ်းပါဦး
သာကျော်။HSEအဓိပ္ပာယ် ကတော့ Health Safety and Environment ကျန်းမာရေး ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်း ဆောင်တာတွေကို ခေါ်တာကွ။ ကုမ္ပဏီ တွေရဲ့လုပ်ငန်းဆောင်တာများမှာ မရှိ မဖြစ် အရေးကြီးတဲ့ ကဏ္ဍတစ်ခုပေါ့။ အခုလမ်းခင်းတဲ့ ကုမ္ပဏီများကလည်း မိမိကုမ္ပဏီဝန်ထမ်းလို့ဆိုနိုင်တဲ့ လမ်းခင်း အလုပ်သမားများရဲ့ လုပ်ငန်းခွင်ဆိုင် ရာမှာ ဘေးကင်းဖို့ ကျန်းမာရေးနဲ့ အညီရှိဖို့ လုပ်ငန်းခွင် ပတ်ဝန်းကျင် တစ်ခွင်ကို သဘာဝပတ်ဝန်းကျင် ရှုထောင့်က ထိခိုက်မှုနည်းဖို့ စတဲ့ အချက် ၃ချက်ကို ဦးတည်ပြီးလုပ်ဖို့ ဆိုလိုတာကို ပြောတာပါ။
သာအေး။ ။ HSE နဲ့အညီ ဘယ်လိုလုပ်ရမှာလဲ။

သာကျော်။ ။ပထမဆုံးကတော့ Safety First “အန္တရာယ်ကင်းရှင်း ရေးသည် ပထမ”ဆိုတဲ့ စကားလို လုပ် သားတိုင်းကို PPE (personal pro-tective equipment) တွေပေးထားဖို့ လိုပါတယ်။ ဥပမာcover-allလိုမျိုး ဝတ်စုံ။ အဲဒီဝတ်စုံက အင်္ကျီနဲ့ ဘောင်းဘီ ကို တစ်ဆက်တည်းချုပ်ထားတဲ့ ချည် သားစစ်စစ်မျိုးဖြစ်ရင်ပို ကောင်းတယ်။ နောက် အင်္ကျီ ဘောင်းဘီက အရှည်ဖြစ်ဖို့ လိုပါတယ်။ ဒါမှ နေရောင်အောက်မှာ ကုန်းကွပြီး လုပ်ရာမှာ ခါးသားတွေကို နေရောင် တိုက်ရိုက်မထိအောင် တစ် ဆက်တည်း ဝတ်စုံက လုံခြုံစေတယ်။ နောက်ချည်သား ဖြစ်တော့ နေပူအောက် မှာ အလုပ်လုပ်ရာမှာ သိပ်မပူတော့ဘူး ပေါ့။

သာအေး ။ ။ အခုလို လမ်းခင်း နေရတော့ ဖုန်တွေ မရှူမိအောင်ကော နှာခေါင်းပိတ်တွေရော တပ်ထားဖို့ မလိုဘူးလား။
သာကျော် ။ ။ခုနက ပြောတဲ့ PPEထဲမှာ ဝတ်စုံရယ် နှာခေါင်းပိတ်ရယ် အပြင် Safety Stone လို့ခေါ်တဲ့ ဖိနပ်၊ လက်အိတ်၊ ဦးထုပ် စသဖြင့်လည်း လိုတာ ပေါ့။ ဖိနပ်က အန္တရာယ်ကင်းအောင် ရှူးဖိနပ်တောင် ခြေဖဝါးဘက်မှာ အချွန်တွေမစူးမိအောင် သတ္တုပြားခံ ထားတဲ့၊ ကြီးလေးတဲ့ပစ္စည်း ဖိနပ်ပေါ်ကျ ရင်ခံနိုင်အောင် ခြေဖမိုးပေါ်က သတ္တု ပြားခံထားတဲ့ ဖိနပ်မျိုးဆို ပိုကောင်းတာ ပေါ့။
သာအေး ။ ။ ကတ္တရာစေး ဖျော်ပြီးလောင်းတဲ့ အလုပ်သမားအတွက် ကရော။

သာကျော် ။ ။ ကတ္တရာစေး ဖျော်လောင်းတဲ့ အလုပ်သမား အတွက် ကတော့ တောစီး ဖိနပ်လို ဒူးနားလောက် အထိ ရှည်တဲ့ ဖိနပ်မျိုးဆို ပိုသင့်တော် တယ်။ နောက်ပြီး သူတို့မှာသုံးတဲ့ နှာခေါင်းပိတ်က အမာစား ပါးတစ်ဖက် တချက်မှာ အပေါက်သေးသေးလေး တွေပါတဲ့ အထူးအမာ နှာခေါင်းပိတ် မျိုး လိုအပ်ပါတယ်။ မျက်လုံးကို တစ်ခုခု မဝင်အောင် လုံခြုံရေးမျက်မှန်ပါ တပ် ထားပေးသင့်ပါတယ်။ နောက်ပြီး ကတ္တ ရာဖျော်နေတဲ့ မီးတွေအနား တစ်ဝိုက် မှာမီးဘေး အန္တရာယ်က ကာကွယ်နိုင် အောင် မီးသတ်ဆေးဘူးတို့ရေတို့ အဆင် သင့်ထားပေးထားမှ ဘေးကင်းတဲ့ လုပ် ငန်းခွင် ဖြစ်မှာပါ။
သာအေး ။ ။မီးဘေးဆိုလို့ HSE ကို တန်ဖိုးထားတဲ့ ကုမ္ပဏီတွေမှာ ဝန်ထမ်းခန့်မယ်ဆိုရင် မီးဘေးနဲ့ ပတ် သက်တဲ့ သင်တန်းတက်ထားတဲ့ အထောက် အထားပါမှ ရတယ်ဆို ဟုတ်လား။

သာကျော် ။ ။ဟုတ်ပါတယ် ဒါမှ လုပ်ငန်းခွင်ရှောင်တခင် မီးအန္တ ရာယ် ဖြစ်လာရင်၊ မီးငြိမ်းတဲ့ ပစ္စည်း တွေကို ဘယ်လို အသုံးပြုပြီး၊ ဘယ်လို နည်းနဲ့ ငြိမ်းသတ်ရမယ်ဆိုတာ သိနေ နိုင်တာပေါ့။ နောက်ပြီး၊ မီးဘေးကို ကြိုတင် ကာကွယ်တဲ့ အနေနဲ့ လောင်စာ ပစ္စည်းတွေ (ဥပမာ-ဓာတ်ဆီ)ကို ဘယ်လို သိုလှောင်ရမယ် စတဲ့နည်းပညာ ကိုလည်း ကြိုသိတော့ မီးဘေးအန္တရာယ် ကိုလည်း နည်းစေတာပေါ့။ ဝန်ထမ်း တွေက မီးသတ် သင်တန်းတင်မကဘူး အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု သင်တန်းပါ တက်ထားရတယ် ဒါမှ လုပ်ငန်းခွင်မှာ အန္တရာယ်ဖြစ်လာရင် အရေးပေါ်ပြုစု စောင့်ရှောက်ပေးနိုင် မှာပေါ့။ ဥပမာ ဝန်ထမ်းတစ်ယောက် မှာ ပြတ်ရှ ဒဏ်ရာ ရသွားတယ်ဆိုပါစို့ ဆရာဝန်နဲ့မတွေ့ခင် ဆေးရုံမရောက် သေးခင် သွေးထွက် မလွန်အောင် အနာ ပေါ် အဝတ်ထူထူနဲ့ ဖိပြီး ချည်ထား ပေးရမယ်ဆိုသလိုမျိုး။ မဟုတ်ရင် ဆေးရုံ မရောက်ခင် သွေးထွက်လွန်ပြီး အသက် အန္တရာယ် ရှိသွားနိုင်တာပေါ့။
သာအေး ။ ။ဝန်ထမ်းတွေ ကိုရော အလုပ်ခန့်ရာမှာ ကျန်းမာရေး ကောင်းမွန်ကြောင်း အထောက်အထား ဆေးစစ်ချက်တွေလည်း လိုတာပေါ့နော် ကိုသာကျော်။

သာကျော်။ ။ဟုတ်ပါတယ်။ ဘယ်ဝန်ထမ်းမဆို လုပ်ငန်းခွင်မှာ ဝင်မလုပ်ကိုင်မီ ကျန်းမာရေး စစ်ဆေးခံ ထားရမယ်။ အသက်အရွယ် ၅၀ နှင့် အထက်ဝန်ထမ်းများဆို ပိုပြီးတော့ အထူး စစ်ဆေးမှုလည်းခံယူရမယ်လို့ ကြားဖူး ပါတယ်။ ခြုံပြောရရင် ဝန်ထမ်း တစ် ယောက်ဖြစ်ဖို့ (၁) ကျန်းမာရေး စစ်ဆေး ထားတာရယ်၊ (၂) မီးသတ် သင်တန်း တက်ထားတာရယ်၊ (၃) ရှေ့ဦး သူနာ ပြုနည်း First Aid သင်တန်းတက် ထားတာရယ် လိုအပ်ပါတယ်။
သာအေး။ လမ်းခင်းနေတယ်ဆို တော့ “သတိအလုပ်လုပ်နေသည်”ဆိုပြီး ဆိုင်းဘုတ်တွေထောင်ထားတာ တွေ့ရ တယ်။ လမ်းတစ်ခြမ်းခင်းနေပြီး လမ်းရဲ့ တစ်ဘက်ခြမ်းကပဲ ယာဉ်သွားလာဖို့ ခွင့်ပြုရင် ဘေးကင်းအောင်ဘယ်လိုတွေ လုပ်သင့်လဲ။

သာကျော်။ အများအားဖြင့်လမ်း ခင်းနေတဲ့အလုပ်ခွင်ရဲ့ ကိုက် ၅၀ အကွာ မှာ “သတိအလုပ်လုပ်နေသည်”ဆိုတဲ့ ဆိုင်းဘုတ်မျိုးတွေ မြင်သာအောင် ထောင်ထားပေးရပါတယ်။ အဲဒီဆိုင်း ဘုတ်နဲ့ ၅ မီတာ(၁၅ ပေ)အကွာမှာ Flag man လို့ခေါ်တဲ့ အလံကိုင်ပြီး အချက် ပြတဲ့ လုပ်သားတစ်ယောက်စီ လမ်း တစ်ခြမ်းရဲ့ထိပ် တစ်ဘက်စီမှာ ထားပေး ရပါမယ်။ အဲဒီFlag man အလံကိုင် နှစ်ယောက်ကလည်း တစ်ဦးနဲ့တစ်ဦးRadio စကားပြောစက်နဲ့ သော်လည်း ကောင်း၊ ဝီစီ(ခရာ)နဲ့ သော်လည်းကောင်း အဆက်အသွယ် ရှိရပါမယ်။ ဒါမှ … တစ်ဘက်ထိပ်က အလံကိုင်က အနီရောင် ပြပြီး လမ်းပိတ်ထားရင် တစ်ခြားဘက် ထိပ်က အလံကိုင်က အစိမ်းရောင်ပြပြီးလမ်းဖွင့်ပေးဖို့ပါ။ ဒါမှ လမ်းတစ်ခြမ်း ခင်းရာမှာ ယာဉ် အသွားအလာအတွက် ဘေးအန္တရာယ်က နည်းနိုင်မှာပါ။ နောက်ပြီး လမ်းခင်းလို့ မပြီးခင် လုပ်ငန်း ခွင်သိမ်းရင် လုပ်ငန်းသုံးပစ္စည်း ကျောက်ခဲ စတာတွေကို စနစ်တကျ ကောက်ငင် သိမ်းဆည်း သွားရပါမယ်။ ညဘက် တွေမှာ လမ်းသွားလမ်းလာ မြင်သာ အောင် ရောင်ပြန်ဆိုင်း ဘုတ်တွေနဲ့ သေချာ ထောင်ထားဖို့လည်း လိုပါတယ်။

သာအေး။ ။လမ်းခင်းကျောက် မြေသယ်နေတဲ့ ယာဉ်မောင်းတွေနဲ့ ယာဉ်မောင်းနှုန်းတွေကရော။
သာကျော်။ ။ယာဉ်မောင်းတွေ က ယာဉ်မောင်းလိုင်စင် ရှိရမယ်။ ထိုင်ခုံခါးပတ်ကြိုးတပ်ထားရမယ်။ ယာဉ် တွေမှာ နောက်ကြည့်မှန်ပါရမယ်။ အချက်ပြမီး စတဲ့မီးတွေကောင်းရမယ်။မောင်းတဲ့ အရှိန်ကတော့ လမ်းပေါ်မှာ ရေးထားတဲ့ သင်္ကေတေတွေ အတိုင်း မောင်းရမယ်။ ဥပမာ တစ်နာရီ ၆၀ ကီလိုမီတာထက် ပိုမမောင်းရပါဘူး။ ရွာထဲမှာဆို ၃၀ ကီလိုမီတာအောက် မောင်းရင် ပိုကောင်းပါတယ်။ နောက်ပြီး အခေါက်ကြေးနဲ့ မောင်းခိုင်းတဲ့ စနစ် တွေက ယာဉ်မောင်းတွေရဲ့ အရှိန်နှုန်း ကို မြန်စေမှာဖြစ်လို့ ဘေးအန္တရာယ် ရှိစေတတ်တယ်ကွ။

သာအေး။ ။လမ်းတစ်ဖက် တစ်ချက်က ဟိုမှာ မြင်နေရတဲ့ ၁၀ ပေတောင် မရှိတဲ့ တဲလေးတွေကရော လမ်းခင်း လုပ်သားတွေနေတာလား။
သာကျော်။ ။ အဲဒါတော့ မသိဘူး ကိုသာအေးရေ။ အလုပ်သမားတွေ ယာယီနေတာပဲဖြစ်ဖြစ် လုံခြုံဖို့၊ အသင့် အတင့် ကျယ်ဝန်းဖို့ လိုပါတယ်။ အရေး ကြီးဆုံးက သန့်ရှင်းတဲ့ရေ ရဖို့နဲ့ အိမ်သာ ကောင်းကောင်း ရှိဖို့ လိုပါတယ်။ HSE ကိုတန်ဖိုးထားတဲ့ တချို့ ကုမ္ပဏီတွေ တို့ရွာမှာ သူတို့အလုပ် သမားတွေကို ယာယီထားတာတောင် ယာယီအိမ်တွေ ဆောက်ပြီး အဲဒီအိမ်ထဲမှာ အဲယားကွန်းနဲ့ ရေမီးအစုံနဲ့။ တချို့ နိုင်ငံခြားကုမ္ပဏီ တွေဆို သူတို့ နိုင်ငံသား အလုပ်သမား များကို ဟိုတယ်မှာ ထားပေးကြတာ တွေ့ဖူးပါတယ်။

သာအေး ။ ။ခုနကပြောတဲ့ အလုပ်သမားတွေရဲ့ ကျန်းမာရေး လုပ်ငန်း ခွင် ဘေးရှင်းရေးတွေပြောသင့်သလောက် ပြောပြီးပြီ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုတာကရော။
သာကျော် ။ ။သဘာဝပတ်ဝန်း ကျင် မထိခိုက်အောင်ဆိုတဲ့ ခေါင်း စဉ်အောက်မှာ လုပ်ငန်း အမျိုးအစားလိုက် ကွဲပြားတာပေါ့။ အခုက လမ်းခင်းတဲ့ လုပ်ငန်းအကြောင်း ပြောနေတယ်ဆိုတော့ လိုအပ်ရင် လမ်းချဲ့တဲ့အခါ တောင်တွေ ဖြိုရမယ်။ အဲဒီအခါ တောင်တွေကို သူ့ရဲ့အစောင်းအတိုင်း ဖြိုရမယ်။ မဟုတ် ရင် တောင်ပြိုတာ ဖြစ်လာစေ နိုင်တယ်။ နောက်ပြီး လမ်းခင်းကျောက်ယူရာမှာ လည်းတောင်ရဲ့ အစောင်းအတိုင်း စနစ် တကျ ယူဖို့စသဖြင့် သဘာဝပတ်ဝန်းကျင် ရှုထောင့်က ထိခိုက်မှုအနည်းဆုံး ဖြစ် အောင်လုပ်ဖို့ ပြောတာပါ။

သာအေး ။ ။ခုနက ကိုသာ ကျော် ပြောသလို အလုပ်သမားတွေကို ဖိနပ်တွေ၊ အင်္ကျီတွေ၊ နှာခေါင်းပိတ်တွေ ကုမ္ပဏီက ထုတ်ပေးပေမဲ့ သူတို့ကပူ တယ်ဆိုပြီး မဝတ်ရင်ရော။
သာကျော် ။ ။ HSE ကို တန်ဖိုး ထားတဲ့ ကုမ္ပဏီတွေမှာ HSE နဲ့ ပတ် သက်တဲ့ စီမံခန့်ခွဲဖို့ ဝန်ထမ်းတွေ ခန့်ထားပါတယ်။ အလုပ်သမားတွေကို သူတို့ရဲ့ ကျန်းမာရေး၊ လုပ်ငန်းခွင် ဘေးကင်းရေးအတွက် ဒီလို တွေလုပ် ပေးထားရပါတယ်ဆိုတာ ပြောဆိုရှင်းပြ အပြန်အလှန် ဆွေးနွေးကြစေပါတယ်။ ဒီလိုမှမရရင် HSန နဲ့ညီတဲ့ PPE မဝတ် တဲ့သူတွေကို သတိပေးတာတွေ အလုပ် ထုတ်ပစ်တာတွေကို လုပ်ကြတာ တွေ့ဖူးပါတယ်။ အခုခေတ်မှာ ကုမ္ပဏီ တွေ တင်ဒါဆွဲတဲ့အခါဖြစ်ဖြစ် ကန်ထ ရိုက် ယူတဲ့အခါဖြစ်ဖြစ် ငွေကြေး တစ်ခု တည်းကို သာမကဘဲ HSE နဲ့ ပတ် သက်တဲ့ လုပ်ဆောင်ချက် အချက် အလက်တွေကို ထည့်သွင်း စဉ်းစား လာကြတာကို ဖတ်မှတ်ဖူးပါတယ်။

သာအေး။ HSE နဲ့ပတ်သက် ပြီး လေပေးကောင်းနေတာနဲ့ မြို့ကို တောင် ရောက်တော့မယ်။ ဪ ခုမှ သတိရတယ် ငါတို့မှာ ဆိုင်ကယ် ဦးထုပ် လည်း မပါလာပါလား။
သာကျော် ။ ။အဲဒါမှ ဒုက္ခ… မြို့ထဲမှာ ယာဉ်ထိန်းရဲနဲ့ မတွေ့ခင် ဦး ထုပ်ရှာပါဦး ကိုသာအေးရေ . .။