ကော့သောင်းတွင် ဘေးတွဲ ဆိုင်ကယ် လိုင်စင်ထုတ်ပေးတော့မည် မဟုတ်ဟုဆို

0
774

ကော့သောင်းတွင် ဘေးတွဲဆိုင် ကယ်များ လိုအပ်သည်ထက် များပြား နေခြင်းကြောင့် လိုင်စင်ထုတ်ပေးတော့ မည် မဟုတ်ကြောင်း ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူးက ပြောသည်။
လက်ရှိ က.ည.န က တရားဝင် လိုင်စင်ထုတ် ပေးထားသည့် ဘေးတွဲ အစီးရေ ၅၁၃ စီးရှိပြီး နောက်ထပ် အသစ်ထပ်တိုးသည့် ဆိုင်ကယ်များကို လိုင်စင် မပေးတော့ဘဲ တားမြစ်သွား မည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက ပြောသည်။

“လိုင်စင်မရှိတဲ့ ဘေးတွဲဆိုင်ကယ် တွေကို သတ်မှတ်ကာလ ကျော်ရင် စစ်ဆေးဖမ်းဆီး ဖြုတ်သိမ်း အရေး ယူတာတွေ လုပ်ဆောင်သွားမယ်”ဟု ဦးနေဦးက ဆိုသည်။
ယင်းသို့ အရေးယူမည့် အကြောင်း ကို ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ တစ် ဆင့် ကျယ်ကျယ်ပြန့်ပြန့် အသိပေး ကြေညာမည်ဖြစ်ပြီး ယင်းသို့ အသိ ပေးရန်အတွက် အချိန်ကာလ ၃ လ သတ်မှတ်ထားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဘေးတွဲဆိုင်ကယ်ဆိုတာ အိမ်သုံးပဲ ရတယ်၊ ပစ္စည်းတင်တာ၊ အငှားလိုက်တာ တွေက ပြည်သူလူထုအတွက် အန္တရာယ် ရှိတဲ့အတွက် လုပ်ခွင့်ကို မပေးထားတာ ပါ”ဟု ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စောမိုရှေးက ပြောသည်။
တစ်နှစ်တစ်ကြိမ် သက်တမ်း မတိုးထားသည့် ဘေးတွဲဆိုင်ကယ်များ ကိုလည်း လိုင်စင်ပယ်ဖျက်ကာ ကြပ် ကြပ်မတ်မတ် ဆောင်ရွက်သင့်သည်ဟု ၎င်းက ဆိုသည်။

ဘေးတွဲဆိုင်ကယ်များကို ပြီးခဲ့ သည့် ၂၀၀၉ ခုနှစ်က ဒေသလိုအပ် ချက်အရ ဒေသအာဏာပိုင်များက ခွင့်ပြုပေးခဲ့ခြင်းကြောင့် က.ည.နမှ လိုင်စင်ထုတ်ပေးရန်မှာ ဒေသ အုပ်ချုပ်ရေး တာဝန်ရှိသူများပေါ်တွင် မူတည်ကြောင်း ကော့သောင်းခရိုင် ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းနိုင်ဦးက ပြောသည်။
ဘေးတွဲထားသည့် ဆိုင်ကယ်များ သည် ဆိုင်ကယ်လိုင်စင်အပြင် ဘေး တွဲလိုင်စင်ပါပြုလုပ်ရကြောင်း သိရသည်။