ရယ်ရမောရ အရေးပေါ်ဆရာဝန်ဘ၀(၁)

0
525

အရေးပေါ်ဌာန ဆိုတာမျိုးက ပြဿနာ ပေါင်းစုံကို ရင်ဆိုင်ဖြေရှင်းကြရတာမျိုး။
ထိုင်ကြည့်နေရင်း ဘယ်သူက ဘာတွေ ပြဿနာရှာလေမလဲ တွေးရင်း ဦးနှောက်ကို အလုပ်ပေးရတာမျိုး။ အချိန် တိုအတွင်း အမြန်ဖြေရှင်းနေကြရတာ မျိုးရယ်။ မောစရာတွေများပေမဲ့ တစ်ခါ တလေမှာ ရယ်လိုက်ရတာတွေလည်း ရှိပါတယ်။

အဲဒါကြောင့်လည်း ရယ်စရာ မောစရာလို့ ဆိုကြပေသကိုး။
ပြောရရင် ရယ်စရာပေမဲ့ ရင်ထဲ မောကြရတာ မျိုးရယ်။
တစ်ခါတစ်လေ ဘယ်လိုမှ ထင်မထား တာတွေလည်း ဖြစ်တတ်ပါတယ်။

ဒီလိုပါ။
တစ်နေ့ပေါ့ဗျာ။
ဇာတိ ပဲခူးဘက်က လူနာ ရုတ်တရက် ဆီးလမ်းကြောင်းပိတ်ပြီး ဆီးမထွက် ဆီးအိမ်တင်းလို့ ရုန်းရင်းဆန်ခတ် လာတဲ့ လူနာတစ်ယောက်၊ လတ်တလော ပြဿနာက အဲသည် ဆီးအိမ်တင်းတာ ဖြစ်ပေမဲ့ အဓိကပြဿနာက ဆေးကြောင် နေတာ။ သည်လူနာရဲ့ အမျိုးသမီးက ပ၀လယ်ထဲဖက်က ထင်တယ်။ သူ့ ယောက်ျm;ကိုမနိုင်လို့ ပဲခူး သူ့ယောက်ျm; ရဲ့ ဇာတိနေအိမ်အထိ ဆီးပိုက်တန်းလန်းနဲ့ ပို့ပေးပြီး ပြန်လာတာ မကြာသေးဘူး။ သူ့ ယောက်ျm;က ခု သူ့မိန်းမဆီ ပြန်လိုက် လာတယ်။ ဆီးပိုက်တွေ ဘာတွေ သူ့ဘာသာ သူ ဆွဲဖြုတ်ပြီးရွာမှာ ဆီးပေါက်မရဘဲ ရုန်းရင်း ဆန်ခတ်အော်ဟစ် သောင်းကျန်း နေတာနဲ့ ဆေးရုံကိုလာပြတာ။ မိန်းမ ဖြစ်သူက အိမ်ပြန်မခေါ်ရ ပြီးရောပဲ။ ဆေးရုံမှာ ထားချင်တယ်။ လူနာက ဆီးတင်းနေလို့သာ မနေနိုင်မထိုင်နိုင် အော်ဟစ် သောင်းကျန်းနေတာ။

ဘုရားဘုရား၊ ကုတင်တွေ ထုရိုက် လို့။
“ရေတက်နေတက်မှာ မွေးတဲ့ကောင်ကွ ဘယ်သူ့မှ သောက်ရေးမစိုက်ဘူး”
သူ့အနား ဘယ်သူ့မှ မကပ်ရဲဘူး၊ လက်ထောက်ဆရာဝန်လေးလည်း မကပ်ရဲ ဘူး။ ဆရာမလေးတွေလည်း ကြောက်လို့ ရယ်။ ကိုယ့်ကို အားကိုးတကြီး မျက်လုံး လေးထောင့်ကပ်လို့ အချက်ပေးတယ်။ ကျွန်တော် မနေသာဘူး။

သူ့အနားကပ်သွားပြီး သူ့ ဇက်ပိုး လေးကိုသပ်ပြီး ခပ်ဆတ်ဆတ်ပဲ . .
“ဟိတ်လူ၊ ခင်ဗျားလိုပဲ ကျုပ်လဲ ရေတက်နေတက်မွေးတာ၊ ကျုပ်က ခင်ဗျားထက် ဆတ်တယ်၊ နားလည်လား”လို့ ပြောတော့
“ငင့်၊ ခညားက ဆာဂျီးလား”တဲ့။
ပြီး ကိုယ့်ကို အကဲခတ်တယ်။

သူ့ထက် ခန္ဓာကိုယ်လေး ကြီးတဲ့ ပြင်ရုပ်က ခပ်တည်တည်နဲ့ဆိုတော့ သကောင့် သား ငြိမ်သွားတာတော့ အမှန်ပဲ။ ပြီး မှ . . . .
“အင်းအင်း ၊ ဆာဂျီးဆို အနော်နာခံ မယ်လေ၊ ကုသသမျှလက်ခံမယ်” ဖြစ် သွားပါလေရောလား။
အဲမှ ဆီးပိုက်လေးထည့်ပေးတော့၊ သကောင့်သား သက်သာရာရသွားတယ်။ စိတ်ရောဂါ အထူးကုဆရာဝန်ကြီးနဲ့ ပြပေး၊ ခွဲစိတ်ကု ဆရာဝန်ကြီးဆီကို လွှဲစာရေးပေးပြီး အိမ်ပြန်လွှတ် လိုက်ရ တယ်။

နောက်နေ့ ညနေ သူရောက်လာပြန် တယ်။ ခပ်ချေချေပဲ။ မိုက်တိမိုက်ကန်းပုံနဲ့ ထီမထင် မျက်နှာပေးနဲ့ ကိုယ့်စားပွဲခုံ အနား ဝင်လာတယ်။ ကိုယ့်ကို အပေါ်က ဆီးကြည့်ပြီး၊
“ခညားက ဆရာကြီးလား”တဲ့။
ကိုယ့် လက်ထောက်ဆရာဝန်မလေး နဲ့ သူနာပြု ဆရာမလေးတွေက စိတ်တွေပူ လို့၊ အနားတော့ မကပ်ရဲဘူး။ အဝေးက ပဲ မှင်သက်ပြီး ကြည့်နေကြတယ်။
ကိုယ်လည်း “အေး”ဆိုပြီး ဝုန်းခနဲ ထရပ်၊ “မင်းက ဘာကောင်တုန်း”လို့ ပြန်မေးတော့ . .
“ဆရာကြီး တပည့်လေ”လို့ သကောင့် သားက ပြန်ဖြေတယ်။

အဲဒါနဲ့ သူ့ကို ဂုတ်ကဆွဲ ကုတင် ပေါ်တင် စမ်းသပ်ပြီး “ဟေ့ရောင်၊ မင်း နက်ဖြန် ပြန်လာကွာ၊ ခွဲစိတ် အထူးကု ဆရာကြီးနဲ့ပြပေးမယ်၊ ခု ငါပေးတဲ့ ဆေး ယူသွား၊ သေချာသောက်”လို့ ပြောရင်း သူနာပြုဆရာမလေးကို မျက်စပစ်၊ ဆေး မြန်မြန် တောင်းပြီး သကောင့်သား လက်ထဲထည့်ပေး သူ့ရဲ့ဆိုင်ကယ် ကယ်ရီသမားကို သေချာပြန်ခေါ်သွားဖို့ ပြောတုန်း ရှိသေး . . .
လက်သွက်တဲ့ သကောင့်သားက ကိုယ့် အလစ်မှာ “အဲဆရာကြီးနဲ့မှ တွေ့ချင် နေတာ”ဆိုပြီး ပြွတ်ခနဲ ပါးဖက်နမ်းသွား ရဲ့။
အရေးပေါ်ဌာနဆိုတာ အဲသလို အဖြစ် တွေ ထုနဲ့ဒေး။

ရယ်စရာပေမဲ့ မောရတာမျိုးက ကိုယ့် ဘက်ကသာ အဲသည်လူနဲ့ ဆက်ဆံ ရေး မပြေပြစ်လို့ကတော့ အဲသလို မနမ်း သွားဘဲ ဓားနဲ့ထိုးသွားရင် ကိုယ့်အနေနဲ့ ခံရမယ့်အဖြစ်မျိုးရယ်။
အဲသာကြောင့် ရယ်သာရယ် မောနေ ရတဲ့ ဘ၀တွေပါဆို။
နောက် ရေးဦးမယ်လေ။