ဘုရင့်နောင်ကုန်းမှ ဆိပ်ကမ်းသာ ပန်းခြံဆင်းနိုင်မည့် ပတ်လမ်းဖောက်

0
512

ကော့သောင်းမြို့၏ အထင်ကရ နေရာတစ်ခုဖြစ်သည့် ဘုရင့်နောင် ကုန်းမြေမှ ဆိပ်ကမ်းသာပန်းခြံသို့ ဆင်းနိုင်မည့် ပတ်လမ်းကို ဩဂုတ် လကုန်မှ စတင်ဆောက်လုပ်လျက်ရှိ ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

ယင်းပတ်လမ်းဆောက်လုပ်ရန် ကော့သောင်းနယ်စပ် ဖြတ်သန်းခက ရရှိသည့် မြို့ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံ ငွေ တစ်ဆယ် ရာခိုင်နူန်းမှ ထုတ် ယူ သုံးစွဲသွားမည်ဖြစ်ကြောင်း စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဘဂွမ်က ဆိုသည်။

“အများပြည်သူ အနားယူ အပန်း ဖြေဖို့ ပတ်လမ်းမှာ ရင်ပြင်တစ်ခုရယ် ပန်းခြံထဲ လမ်းလျှောက် ဆင်းလို့ရမယ့် လှေကားထစ်ရယ် ပတ်လမ်း လုပ်မှာပါ”ဟု ၎င်းက ဆိုသည်။

လှေကားထစ်ပတ်လမ်းမှာ အရှည် ပေနှစ်ထောင်နီးပါးနှင့် အကျယ် ၈ပေခွဲ ရှိမည်ဖြစ်ပြီး ရင်ပြင်အကျယ်အဝန်းမှာ ၄၀ပေ_၁၁၅ပေ အကျယ်ရှိ မည်ဖြစ် ကြောင်း သိရသည်။
လှေကားထစ်ပတ်လမ်းနှင့် ရင်ပြင် တည်ဆောက်ရန်အတွက် ကျပ်သိန်း ၄၃၀ ကျော် ကုန်ကျမည်ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။