တနင်္သာရီတွင် ရှစ်လအတွင်း ရဲတပ်ဖွဲ့ဝင် နှစ်ဆယ်ကျော်ကို အရေးယူ

0
410

၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ် လအထိ ၈ လတာ ကာလအတွင်း ရဲတပ်ဖွဲ့ဝင် ၂၄ ဦးကို ရဲစည်းကမ်းထိန်း သိမ်းရေး ဥပဒေအရ အရေးယူထား ကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ရဲလုပ်ငန်းနှင့် ပတ်သက်သည့် ပေါ့လျော့မှုများနှင့် ခွင့်မဲ့ပျက်ကွက်မှုများ ကြောင့် အများဆုံး အရေးယူခဲ့ပြီး ကျူး လွန်သည့် ပြစ်မှု အမျိုးအစားအလိုက် ပြစ်ဒဏ်အမျိုးမျိုး ချမှတ်ခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များ ပြစ်မှုကျူးလွန် ပါက ပြည်သူများမှ တိုင်းရဲတပ်ဖွဲ့မှူး ရုံးကို အချိန်မရွေးတိုင်ကြားနိုင်ပြီး စစ် ဆေးပြီး မှန်ကန်ပါက အရေးယူသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ဆိုသည်။

“ရဲစည်းကမ်း ဖောက်ဖျက်တာတွေ ကိုလည်း အချိန်မရွေး တိုင်ကြားနိုင် တယ်”ဟု ရဲမှူးကြီးနေမျိုးက ပြောသည်။
အရေးယူမှုများတွင် ဒုရဲမှူးအဆင့်မှ ဒုရဲအုပ်အဆင့်ထိ အရာရှိ ၉ ဦးနှင့် အခြားအဆင့် ၁၅ ဦးတို့ကို ရဲမှုထမ်းခြင်း မှ အမြဲတမ်းထုတ်ပယ်ခြင်း၊ ရဲအချုပ်တွင် ထောင်ဒဏ်ကျခံစေခြင်း၊ ရာထူးအဆင့် လျှော့ခြင်းအစရှိသည့် ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်း ရဲအရာရှိ ၁၉ ဦးနှင့် ရဲတပ်ဖွဲ့ဝင်အခြား အဆင့် ၁၉ ဦး ကို ပြစ်ဒဏ်အမျိုးမျိုးချမှတ် အရေးယူခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။