ရောင်းမော် ဘောလုံးသမား ၇ ဦး ရာသက်ပန်ပွဲပယ်ခံရ

0
467

ရောင်းမော်ကျေးရွာဘောလုံးအသင်း မှကစားသမား ၇ ဦးနှင့် အုပ်ချုပ်မှုအဖွဲ့ အား ရာသက်ပန်ပွဲပယ်ပြစ်ဒဏ်ကို ထား ဝယ်မြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီကချမှတ်လိုက်သည်။

ထို့အပြင် ဆူပူမှုဖြစ်အောင်ဖန်တီးခဲ့ သဖြင့် ရောင်းမော်ဘောလုံးအသင်းကိုလည်း တစ်နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ကော်မတီအတွင်းရေးမှူး ဦးသန်းဇော်မိုးက ပြောသည်။

ရောင်းမော်အသင်းမှ ကစားသမား များအနေဖြင့် နိုင်လိုချင်ပြင်းပြသည့်စိတ် ဖြင့် ပြိုင်ပွဲဝင်ခဲ့သဖြင့် အရှုံးကို လက်မခံနိုင် သကဲ့သို့ဖြစ်ခဲ့သောကြောင့် ကော်မတီ၏ဆုံးဖြတ်မှုကို တစ်စုံတစ်ရာစောဒကတက် ရန် အကြောင်းမရှိဟု ရောင်းမော်အုပ်ချုပ် ရေးမှူး ဦးစိုးအောင်ကပြောသည်။

ထားဝယ်မြို့နယ် ကျေးရွာပေါင်းစုံ အသက် ၂၂ နှစ်အောက် အမျိုးသားဘော လုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ အပြီးတွင် ရောင်းမော် ကျေးရွာအသင်းက တိုင်း
အားကစားကွင်းခြံစည်းရိုး၊ ပလစ်စတစ်ထိုင်ခုံ စသည်တို့ကို ဖျက်ဆီးခဲ့သည်