မြိတ်ခရိုင်အတွင်း နှစ်နေရာတွင် လျှပ်စစ်ထုတ်နိုင်ဖွယ် ရှိ/မရှိ လေ့လာ ဆန်းစစ်မှု စတင်

0
491

မြိတ်ခရိုင်အတွင်း နေရာနှစ်ခုတွင် လျှပ်စစ်ထုတ်နိုင်ဖွယ် ရှိ/မရှိ လေ့လာ မှုစစ်တမ်းပြုလုပ်ရန် ပြည်တွင်းကုမ္ပဏီ ၂ ခုနှင့် နားလည်မှုစာချွန်လွှာ(MOU) လက်မှတ်ထိုးလိုက်ပြီး လုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်ထံမှ သိရ သည်။

ပလောက်မြို့ ပလောက်ချောင်းတွင် ရေအားဖြင့် လျှပ်စစ် ၂၅ မဂ္ဂါဝပ် ထုတ် နိုင်စွမ်း ရှိ/မရှိ ၁၈ လ စစ်တမ်းပြုရန် SEGEP ကုမ္ပဏီနှင့် ဩဂုတ်လ ၇ ရက် တွင် လက်မှတ်ရေးထိုးခဲ့သည်။
မြိတ်မြို့နယ် ကဘင်းရွာအနီးတွင် စွန့်ပစ်ပစ္စည်းဖြင့် လျှပ်စစ် ၁၂ မဂ္ဂါဝပ် ထုတ်နိုင်စွမ်း ရှိ/မရှိ ၃ လ စစ်တမ်းပြုရန် ထက်မြက်သော မြန်မာကုမ္ပဏီမှ ဇူလိုင် လ ၁၄ ရက်တွင် လက်မှတ်ရေးထိုး ခဲ့သည်။

“ဖြစ်မြောက်နိုင်တယ်၊ တင်ပြလာ ရင် တိုင်းအစိုးရအဖွဲ့ကတဆင့် ပြည် ထောင်စုကို တင်ပြရမယ်၊ ပြည်ထောင်စု အတည်ပြုချက် ယူပြီး တိုင်းအစိုးရက ခွင့်ပြုရမယ်”ဟု ဝန်ကြီး ဦးကြည်လှိုင်က ပြောသည်။
တနင်္သာရီတိုင်းအတွင်း အရင်း အမြစ်အသီးသီမှ လျှပ်စစ်ထုတ်ယူရန် ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ လေ့လာစစ် တမ်းပြုနိုင်ရေး(MOU)ရေးထိုးရန် အထက်ပါ ကုမ္ပဏီ ၂ ခုအပါအဝင် ကုမ္ပဏီ ၅ ခုမှ တင်ပြလာခဲ့သည်။

တင်ပြလာသည့် (MOU့) ၅ ခု စလုံးကို ဥပဒေချုပ်ရုံးသို့ ပေးပို့ခဲ့ပြီး ယခု ကုမ္ပဏီ ၂ ခုဖြင့် လက်မှတ်ရေး ထိုးခဲ့ခြင်း ဖြစ်သည်။
ကျန် ၃ ခုကို ဥပဒေချုပ်ရုံး၏ အကြံပြုချက်ဖြင့် ကုမ္ပဏီများနှင့် တိုင်း အစိုးရအဖွဲ့တို့ ညှိနှိုင်းပြင်ဆင်ကာ လက်မှတ်ထိုးနိုင်ရေး ဆောင်ရွက်နေ သည်ဟု ဝန်ကြီးက ပြောသည်။