မလိဝမ်း ဆီအုန်းခြံတွင် ခွင့်ပြုချက်မရှိဘဲ ကန်တော့ပွဲပေး မြေတူး

0
554

ကော့သောင်းမြို့နယ်၊ မလိဝမ်း ကျေးရွာ ၂၇ မိုင်ရှိ ယုဇနဆီအုန်းခြံထဲတွင် အမည်မသိလူတစ်စုက ကန်တော့ပွဲပေး ပြီး မြေတူးစက်ဖြင့် တူးဖော်ခဲ့ခြင်းကို ခွင့်ပြုထားခြင်းမရှိကြောင်း ကော့သောင်း မြို့နယ်အုပ်ချုပ်ရေးမှူး က ပြောသည်။

ဩဂုတ်လ ၁၅ ရက်မှစ၍ အမည် မသိလူတစ်စုက အင်္ဂလိပ်ခေတ်က ရှေး ဟောင်းပစ္စည်းများရှိသည်ဟု အရပ်ပြော ပြောဆိုကြသည့် ကျောက်ဂူတွင် ကန် တော့ပွဲများပေးကာ တူးဖော်ခဲ့ကြကြောင်း မလိဝမ်း ကျေးရွာအုပ်ချုပ်ရေးအဖွဲထံမှ သိရသည်။

“ဘယ်သူ လာလုပ်မှန်းကို မသိ တာ ခွင့်ပြုချက်တောင်းထားတာ လည်း မရှိဘူး။ အခုလည်း လုပ်ပြီးမှပဲ သိတာ လေ နောက်ဆိုရင်တော့ ကျေးရွာအုပ် ချုပ်ရေး အဖွဲ့တွေက ဒီလိုမျိုးမဖြစ် အောင် အချိန်မီတားနိုင်မှာပါ”ဟု ကော့ သောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့် သိန်းက ပြောသည်။
အမည်မသိလူတစ်စုက မြေတူး ဖော်နေသည်ကို ယုဇနဆီအုန်းခြံမန်နေ ဂျာနှင့်လူတစ်စုက လာရောက်အကြောင်း ကြားသည့်အတွက် ရဲတပ်ဖွဲ့ဝင်များနှင် အတူသွားရောက် ကြည့်ရှုခဲ့ကြောင်း မလိဝမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော် ဝင်းက ပြောသည်။

“ကျွန်တော်တို့ ရောက်တဲ့အချိန် မြေတူးနေသူတွေတော့ မရှိတော့ဘူး၊ နံပါတ် ပြားမတပ်ထားတဲ့ ကားတစ်စီးနဲ့ မြေတူ ထားတဲ့တွင်းရယ် အုန်းပွဲငှက် ပျောပွဲတွေပဲ တွေ့ခဲ့တယ်”ဟု မလိဝမ်း ကျေးရွာအုပ် ချုပ်ရေးမှူး ဦးဇော်ဝင်းက ပြောသည်။
ယခင်က ၃၂ မိုင် ဆီအုန်းခြံတွင် ရှေးဟောင်း ပုတီးစေ့များ တွေ့ချိန်က လည်း သုတေသနပြုလုပ်သူများက တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ခွင့် တောင်းပြီးမှ လာရောက်ခဲ့ကြသည်ဟု ဦးဇော်ဝင်းက ပြောသည်။

မြေတူးသည့်လူတစ်စုသည် မည် သူမည်ဝါမှန်း မသိရသည့်အပြင် ၎င်းတို့ နေထိုင်သည့် နေရာကိုလည်း မသိရ ကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ပြောသည်။
“ကျွန်တော်ကို ၁၅ရက်နေ့ ညနေ ၄ နာရီလောက်က လာအကူအညီတောင်း တာ အဲနေ့မှာမတူးဖြစ်ဘူး။ ၁၆ ရက် နေ့မှာ ၁ နာရီလောက် တူးပြီး ဆက်မ တူးတော့ဘူး။ ဘက်ဟိုးအကူအညီ တောင်းလို့ ကူညီပေးတာ ကျန်တာ ဘာမှမသိဘူး”ဟု မြေတူးစက် ငှားရမ်း သည့် ကုမ္ပဏီပိုင်ရှင် ဦးအောင်နိုင်က ဆိုသည်။

ယင်းသို့ အမည်မသိလူတစ်စုက တူးဖော်ခြင်းကို ဒေသခံများအကြား ဝေဖန်မှုများရှိနေပြီး ရှေးဟောင်းပစ္စည်း လာရောက်ရှာဖွေသူများ ဖြစ်နိုင်သည်ဟု ၎င်းတို့က ဆိုသည်။