အဏ္ဏဝါကျောင်းတွင် စာသင်ခန်းများကို ဖုန်းမှတစ်ဆင့် ဝင်ကြည့်နိုင်

0
372

အဏ္ဏဝါ(မူလွန်)ကျောင်းတွင် ကျောင်းချိန်အတွင်း စာသင်ခန်းများကို ဖုန်းမှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်း ကျောင်းအုပ်ကြီးထံမှ သိရသည်။

ကျောင်းရှိ စာသင်ခန်းအားလုံးတွင် CCTV ကင်မရာများ တပ်ဆင်ကာ ဩ ဂုတ်လ ၁၂ ရက်မှ စတင်၍ ကျောင်းသား မိဘများအနေဖြင့် မည်သည့်နေရာမှ
မဆိုဖုန်းဖြင့် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ် ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးမြင့် လှိုင်က ပြောသည်။

“မိဘတွေ အားလုံးကိုယ့်သားသမီး တွေကို ကျောင်းချိန်အတွင်း လှုပ်ရှား သင်ယူနေတာတွေကို မြင်ရဖို့၊ တစ်လ တာ ဆောင်ရွက်ချက်တွေကို အကဲဖြတ် အမှတ်ပေးနိုင်ဖို့ အထောက်အကူဖြစ် အောင် ရည်ရွယ်ပြီး ခုလိုတပ်ဆင်ခြင်း ဖြစ်ပါတယ်”ဟု ကျောင်းအုပ်ဦးမြင့်လှိုင် က ဆိုသည်။

CCTV ကင်မရာများကို ကျောင်း သားမိဘများ အကူအညီဖြင့် ကျောင်း ရန်ပုံငွေအချို့အသုံးပြုကာတပ်ဆင်ခြင်း ဖြစ်ကြောင်း သိရသည်။