စစ်ရေးလှုပ်ရှားမှုပြုလာသည့်ကိစ္စ မွန်ပြည်သစ်ပါတီနှင့် တပ်မတော် တွေ့

0
459

မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင် ဒေသတွင်း တပ်မတော်ဘက်က စစ် ရေးလှုပ်ရှားမှု ပြုလုပ်လာသည့် ကိစ္စနှင့် ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာဦးဆောင်သည့်အဖွဲ့ နှင့် တပ်မတော် အမှတ်(၄) စစ်ဆေးရေး အထူးအဖွဲ့မှူး(ကစထမှူး)ဦးဆောင် သည့်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံ သာ၊ အထွေထွေအတွင်းရေးမှူး နိုင် အောင်မင်းတို့ ဦးဆောင်သည့်အဖွဲ့ ၅ ဦးနှင့် တပ်မတော် ဘက်က အမှတ်(၄) စစ်ဆေးရေးအထူးအဖွဲ့မှူး (ကစထ မှူး) ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ အရှေ့ တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးတို့ ဦးဆောင်သည့်အဖွဲ့တို့ပါဝင်ပြီး ဩဂုတ် လ ၁၆ ရက်က ရေးမြို့အခြေစိုက် စကခ (၁၉) ဌာနချုပ်တွင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

“တွေ့ဆုံမှုက မော်လမြိုင်ခရိုင်မှာ ဖြစ်ပွားနေတဲ့ စစ်ရေးလှုပ်ရှားမှု ဆိုင်ရာ ကိစ္စနဲ့ ပတ်သက်ပြီး အပြန်အလှန်နား လည်ကြဖို့ ငြိမ်းချမ်းရေး တည်ဆောက် နေတဲ့ကာလမှာ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုနဲ့ ရှေ့ဆက်သွားကြဖို့ပါ။ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှုကလည်း အခြေအနေကောင်းနေတဲ့ အနေအထား မှာအောက်ခြေမှာလဲယုံကြည်မှုနဲ့ တစ် ဖက်နဲ့တစ်ဖက် ထိန်းသိမ်းကြဖို့၊ တပ် တွေကိုလည်း ဆုတ်ပေးဖို့ အဲလိုဆွေးနွေး ခဲ့ကြတယ်”ဟု မွန်ပြည်သစ်ပါတီဗဟို ကော်မတီဝင် နိုင်အောင်မငေးက ပြော သည်။

လက်ရှိတွင် မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင် ဒေသတစ်ဝိုက်ဖြစ်သည့် ကြာအင်းဆိပ်ကြီးမြိုနယ် ဇမိချောင်းနှင့် ဝင်းယော်ချောင်း နှစ်သွယ်ကြားရှိ တောင်ပေါက်ကျေးရွာ၊ လိုင်ကနီကျေး ရွာနှင့် ဝယ်ကလွန်ကျေးရွာတို့တွင် တပ်မတော်တင်ရင်း ခမရ ၂၈၃၊ ၂၈၄၊ ခလရ ၂၈၊ ၃၂ စင်းကြောင်းတို့မှ ခန့်မှန်း တပ်အင်အား ၁၈၀ ခန့် အခြေပြု လှုပ်ရှားလျက်ရှိသည်ဟု ၎င်းက ပြော သည်။

တွေဆုံဆွေးနွေးမှုတွင် တပ်မတော် ဘက်က တပ်ရင်းများ ဆုတ်ပေးသည့် ကိစ္စကို စဉ်းစားပေးမည်ဟု ပြောဆိုခဲ့ သော်လည်း တကယ့် အောက်ခြေတွင် တပ်စွဲထားသည့် တပ်မတော်တပ်ရင်း များ ရိက္ခာဖြည့်ဆည်းထားသည့်အနေ အထားကိုကြည့်ခြင်းအားဖြင့် ဖြစ်နိုင်ချေ ရှိ၊ မရှိကို စောင့်ကြည့်ရမည်ဟု နိုင် အောင်မငေးက ဆက်ပြောသည်။

မွန်တော်လှန်ရေးနေ့ပြီး နောက် တစ်ရက်၊ ဩဂုတ်လ ၈ ရက်နေ့တွင် တပ်မတော်စစ်ကြောင်းများ မွန်ပြည်သစ် ပါတီ ထိန်းချုပ်နယ်မြေ ဒေသအနီးတွင် ဝင်ရောက်လှုပ်ရှားလာခဲ့သည်ဟု ဒေသခံ တို့ ပြောပြချက်အရ သိရသည်။
မွန်ပြည်သစ်ပါတီလှုပ်ရှားရာဒေသ အနီးတွင် ယခုကဲ့သို့ တပ်မတော်ဘက်က စစ်ရေးလှုပ်ရှားသည်နှင့် ဗဟိုအဆင့်ပြု လုပ်သည့်အခမ်းအနားတို့တွင် စစ်ရေးပြ အစီအစဉ်များ မပြုလုပ်ရန် တားဆီး ပိတ်ပင်မှုတွေရှိလာသည့်အပေါ် NCA လက်မှတ်ရေးထိုးရေး ကိစ္စကြောင့် ဖိအားပေးမှုတစ်ခုဖြစ်နိုင်သည်ဟု မွန်
နိုင်ငံရေးစောင့်ကြည့်လေ့လာသူတို့က ပြော ဆိုနေကြသည်။

“ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့တစ် လျှောက်လုံးက ၁၉၉၅ ခုနှစ်တုန်းက အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးထားခဲ့ တာရှိတယ်။ တစ်စုံတစ်ရာ ပိတ်ပင်ခြင်း မရှိဘူး။ နောက် ၂၀၁၂ လက်မှတ် ထိုးတဲ့ အခါမှာလည်းဒါတွေမလုပ်ရ ဟိုဟာတွေ မလုပ်ရဆိုတာမပါဘူး။ အခု မွန်ပြည် သစ်ပါတီက NCA ထိုးဖို့ တုန့်ဆိုင်း တုန့်ဆိုင်း ဖြစ်နေတဲ့အခါကျတော့ ဒါကို ဖိအားပေးတဲ့ သဘောပဲလို့မြင်တယ်” ဟု မွန်နိုင်ငံရေးစောင့်ကြည့် လေ့လာသူ မင်းမင်းနွယ်က ပြောသည်။

မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံ လုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် ( NCA ) ရေးထိုးနိုင်ရန် အတွက်လည်း UNFCအဖွဲ့အစည်းနှင့်အတူ အစိုး ရနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။
မွန်ပြည်သစ်ပါတီသည် ပထမဆုံး အကြိမ်အဖြစ် ၁၉၉၅ ခုနှစ်တွင် စစ်အစိုး ရနှင့် တွေ့ဆုံဆွေးနွေးခဲ့ကာ အပစ်အ ခတ်ရပ်စဲရေးသဘောတူညီချက် စာချုပ် ချုပ်ဆိုနိုင်ခဲ့သော်လည်း ၂၀၁၀ ခုနှစ် ဧပြီလခန့်တွင် အပစ်ခတ်ရပ်စဲရေးပျက် ပြယ် သွားခဲ့သည်။

ဒုတိယအကြိမ်အပစ်အခတ် ရပ်စဲ ရေး သဘောတူမှုကို ၂၀၁၂ ခုနှစ် ဖေဖော် ဝါရီလတွင် မွန်ပြည်သစ်ပါတီ ငြိမ်းချမ်း ရေး ကိုယ်စားလှယ် ခေါင်းဆောင်များ နှင့် အစိုးရအဖွဲ့တို့၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့နှင့်တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲရေးအတွက် သဘော တူညီထားခဲ့ကြသည်။