ထိုင်းနိုင်ငံခရိုင် လေးခုမှ ကုန်ပစ္စည်းများ လာရောက်ပြသ

0
391

ထိုင်းနိုင်ငံ၏ခရိုင်လေးခုမှ ကုန် ပစ္စည်းများကို ဩဂုတ်လ ၁၇ ရက်နေ့က မြိတ်မြို့တွင် မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံအလယ်ပိုင်း၏ အောက် ပိုင်းကုန်သွယ်ရေး ခရိုင်အုပ်စု အမှတ် ၂ ( ပရာကျွတ်ခီရီခန်ခရိုင်၊ ဖေ့ဘူရီခရိုင်၊ စမွတ်စုမ်ခရမ်ခရိုင်၊ စမွန်ဆာခွန်ခရိုင်)က ထွက်ရှိသည့် ကုန်ပစ္စည်းများကို မြိတ်မြို့ရှိ Grand Jade Hotel တွင် ပြုလုပ်သည့် နှစ်နိုင်ငံ စီးပွားရေး လုပ် ငန်းဆွေးနွေးပွဲတွင် ပြသခဲ့ခြင်း ဖြစ် သည်။

ထိုင်းဘက်မှ ရေထွက်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်သုံး ပစ္စည်းများ၊ အလှကုန်ပစ္စည်းများနှင့် စက်သုံးပစ္စည်းများနှင့် အိမ်သုံးနှင့် လုပ် ငန်းသုံးဆားများကို မိတ်ဆက်ပြသခဲ့ သည်။

နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံမှ ခရိုင်လေးခု ပါဝင်သည့် ခရိုင်အုပ်စုအမှတ် ၂ မှ ကုန်သွယ်ရေး ညွှန်ကြားမှူးများ ပါဝင်သည့် အဖွဲ့နှင့် မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ များ၊ စီးပွားရေး လုပ်ငန်းရှင်များ တက် ရောက်ခဲ့ကြသည်။

ယင်းကဲ့သို့ ထိုင်းဘက်မှ ဒေသ ထွက်ကုန်ပစ္စည်းပြသခြင်းနှင့် ရောင်းချ ခြင်းတို့အား မကြာမကြာ လာရောက် ပြုလုပ်လေ့ရှိပြီး မြိတ်ခရိုင်ဘက်ကမူ ဒေသထွက် ကုန်ပစ္စည်းများကို ထိုင်း နိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်သို့ သွား ရောက်ပြသရောင်းချနိုင်ခြင်း မရှိသေး ကြောင်း ခရိုင်ကုန်သည်များနှင့်စက်မှု လက်မှု လုပ်ငန်းရှင်များရုံးမှ သိရသည်။