မြိတ်တွင် ကြက်ဥကြက်သား ရောင်းချခွင့် ပြန်ပေး

0
429

မြိတ်တွင် ကြက်ဥ၊ကြက်သား ရောင်းချခွင့်ကို ဩဂုတ်လ ၉ ရက်မှစပြီး ပြန်လည် ခွင့်ပြုလိုက်ကြောင်း မြိတ်မြို့ နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုထံမှ သိရသည်။

ထားဝယ်မြို့တွင် ကြက်ငှက်တုပ် ကွေး H5N1 ရောဂါပိုးတွေ့ပြီးနောက် မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မ တီမှ ဇူလိုင်လ ၂၉ ရက်မှစပြီး ဈေးများ အားလုံးတွင် ကြက်ဥကြက်သားများ ရောင်းချခွင့်ကို တားမြစ်ခဲ့သည်။
ကနဦး ထုတ်ပြန်ချက်အရ ဩဂုတ်လ ၁၂ ရက်အထိ တားမြစ်ထား သော်လည်း H5N1ကင်းရှင်းကြောင်း ဓာတ်ခွဲခန်းအဖြေရသည့်အတွက် ယင်းသို့ ပြန်လည်ခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်မှ ၃၀ ရက်အထိ မြိတ်မြို့နယ် ပင်းအိုကျေး ရွာတွင် ကြက်ရာချီသေဆုံးခဲ့ပြီး ဓာတ်ခွဲ ခန်း အဖြေအရ H5N1 ရောဂါပိုး ကင်းရှင်းသည့်အတွက် ကြက်ဥ၊ ကြက် သားများကို စိတ်ချစွာ စားသုံးနိုင်ပြီ ဖြစ်ကြောင်း မြိတ်ခရိုင် မွေး/ကုဌာနမှ သိရသည်။
ထို့ပြင် မွေး/ကုဦးစီးဌာနနှင့် မွေး မြူရေးလုပ်ငန်းရှင်များအဖွဲ့တို့ ပူးပေါင်း ပြီး ဩဂုတ်လ ၈ရက်က ကြက်ဥ၊ ကြက်သား စားပွဲတော်တစ်ခုကို တော ရကျောင်းရှေ့တွင် ပြုလုပ်ခဲ့သည်။

မြိတ်တွင် အသားစားကြက် မွေးမြူ ရေးခြံ ၉၄ ခြံရှိပြီး ကြက်ကောင်ရေ ၇ သောင်းကျော်နှင့် ဥစားကြက်ခြံ ၃၄ ခြံရှိပြီး ကြက်ကောင်ရေ တစ်သိန်းခွဲ ကျော်ရှိကြောင်း ခရိုင်မွေး/ကုဌာနမှ သိရသည်။