ပြည်ကြီးမဏ္ဍိုင်မြို့တွင် အရက်မူးစကားများရာမှ လူသတ်မှုဖြစ်ပွား

0
368

ပြည်ကြီးမဏ္ဍိုင်မြို့၊ ရွှေဂဲညိုကျေး ရွာတွင် သူငယ်ချင်းဖြစ်သည့် အမျိုးသား နှစ်ဦး အရက်မူးစကားများရာမှ လူသတ် မှုဖြစ်ပွားခဲ့ကြောင်း ကော့သောင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဩဂုတ်လ ၃ ရက်က အဆိုပါ အမျိုး သားနှစ်ဦးသည် အရက်မူးကာ စကားနိုင် လုရာမှ စကားများရန်ဖြစ်ခဲ့ပြီး အသင့်ပါ လာသည့် ဓား၊ ရဲဒင်းများဖြင့် အပြန် အလှန် တိုက်ခိုက် ခဲ့ကြခြင်း ဖြစ်ကြောင်း အထက်ပါ ရဲတပ်ဖွဲ့ထံမှ သိရသည်။

၎င်းတို့နှစ်ဦးအနက်မှ တစ်ဦးမှာ အရိုးအသွား ၈ လက်မရှိသည့် ကြက် သွန်လှီးဓားဖြင့် လည်ပင်းကို အထိုးခံခဲ့ ရသဖြင့် အခင်းဖြစ်ပွားသည့် နေရာတွင် ပင် သွေးလွန်သေဆုံးခဲ့ကြောင်း ကော့ သောင်းခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူးအောင်နေ ဦးက ပြောသည်။

လူသတ်မှုကျူးလွန်သူကို ပြည်ကြီး မဏ္ဍိုင်နယ်မြေရဲစခန်းမှ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူရန် စီစဉ် လျက်ရှိကြောင်း ကော့သောင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။