ထားဝယ်မြို့ယာဉ်တိုက်မှု အန္တရာယ်ရှိနေရာများတွင် ရောင်ပြန်စတေကာ ကပ်မည်

0
421

ထားဝယ်မြို့ရှိယာဉ်တိုက်မှု အန္တရာယ်ရှိသောနေရာများတွင် ရောင် ပြန်စတေကာများ ကပ်မည်ဖြစ်ကြောင်း စတေကာကပ်ရန် စီစဉ်နေသူထံမှ သိရ သည်။
ထားဝယ်လူငယ်များနှင့် လူငယ် အဖွဲ့အစည်းများ စုပေါင်းကာ ယင်းသို့ စီစဉ်ခြင်းဖြစ်ပြီး ကနဦးအနေဖြင့် ထားဝယ်မြို့၌ စတေကာ တစ်ရာကျော်ကို ဇူလိုင်လ ၃၀ ရက်မှ စတင် ကပ်မည် ဖြစ်ကြောင်း စီစဉ်သူတစ်ဦးဖြစ်သူ ကိုဝေဖြိုးက ပြောသည်။

“အဓိကက မဖြစ်သင့်တာတွေ မဖြစ်အောင် ကပ်တာပါ။ ညဘက်တွေ မီးမှောင်နေတဲ့အခါမှာ အရှိန်လွန်ပြီး ဝင် တိုက်တာတွေ ရှိတယ်”ဟု ကိုဝေဖြိုးက ဆိုသည်။
ထားဝယ်မြို့ရှိ ယာဉ်မတော်တဆမှုအဖြစ်များသည့်နေရာများ၊ လမ်းဆုံ လမ်းခွများ၊ မဝင်ရလမ်းများ၊ မီးမှောင် သည့် နေရာများကို အဓိကထား ကပ် မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

နောက်ပိုင်းတွင် ထားဝယ်ခရိုင် အတွင်းရှိ အခြားမြို့နယ်များတွင်လည်း ကပ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။