သမဂ္ဂကို မိတ်ဆက်ချင်ပါတယ်

0
450

ဟုတ်တယ်။
ကျွန်တော်တို့ သမိုင်းပေးတာဝန်တွေ ထမ်းဆောင်ပြီး ပန်းတိုင်ဆီသို့ ချီတက် ကြရလိမ့်မယ်။ ပန်းတိုင်ဆိုတာကတော့ ထားဝယ် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂရဲ့ အခြေခံမူတွေ ရည်ရွယ်ချက်တွေ ပါပဲ။
ကျွန်တော်တို့ရဲ့ ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ပြန်လည်အသက် ဝင်လာခဲ့ပါပြီ။

၂၀၁၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ ကနေ စတည်လာခဲ့တာ အခုဆို ၅ နှစ် သက်တမ်းရှိပြီပေါ့။ အဲဒီကာလတွေမှာ ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။ သို့သော် ကျစ်ကျစ်လျစ်လျစ်နဲ့ စနစ်ကျကျတော့ မဖွဲ့စည်းနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ အားနည်းချက်အပြင် အစိုရအဆင့်ဆင့် ရဲ့ ပုံဖျက်မှုတွေနဲ့ တချိုတချို့သော ကျောင်းအုပ်ချုပ်သူတွေနဲ့ ဆရာ/ဆရာမ တွေရဲ့ ပုံဖျက်မှုတွေလည်း ပါမယ်ထင် တယ်။ ကျောင်းသားသမဂ္ဂကို ကျောင်း သားအများစု လက်ခံပြီး စနစ်တကျဖွဲ့ စည်းနိုင်ဖို့ဆိုတာ အခွင့်အရေးရှိဖို့လို အပ်တာကိုး။

အခုတော့ ကျောင်းအုပ်ချုပ်ရေး အဖွဲ့နဲ့ ဆရာ/ဆရာမတွေ တော်တော်များ များ လက်ခံလာခဲ့တာ တွေ့ရတယ်။
အရင်က ကျောင်းသားသမဂ္ဂကို မကောင်းပြောပြီး ဝါဒဖြန့်တဲ့ ဆရာ ဆရာမတွေတောင်မှ လက်ခံလာတဲ့ အနေ အထားမှာ ရှိပါတယ်။ ကျောင်းသားသမဂ္ဂ အတွက် ကျောင်းတွင်းမှာ နေရာမရှိတဲ့ အခြေအနေကနေ အခုဆို လက်ညှိုးထိုး ပြလို့ရတဲ့ နေရာလေးတော့ ရှိလာပါပြီ။
ဒါဟာ သိပ်ကျေနပ် ဝမ်းသာစရာ တစ်ခုပါ။

ယခုနှစ် ပညာသင်နှစ် ဒုတိယနှစ် ဝက်အစမှာ ကျွန်တော်တို့ ပြန်လည် ကြိုးပမ်းခဲ့ပါတယ်။
ထားဝယ် တက္ကသိုလ်ကျောင်းသား များသမဂ္ဂရဲ့ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း မူကြမ်းကို အသစ်ပြန်လည် ရေးဆွဲခဲ့ ကြတယ်။ ပြီးတော့ အထူးပြုဘာသာရပ် (မေဂျာ)ပေါင်းစုံ ကျောင်းသားကိုယ်စား လှယ်များကို ခေါ်ယူပြီး အစည်းအဝေး တွေ ကျင်းပခဲ့ကြတယ်။ စိန်ခေါ်မှု များစွာ အနက်တစ်ခုက ဘာလဲဆိုတော့ ကျောင်းသား တွေဟာ ကျောင်းသားသမဂ္ဂကို စိတ်ဝင် စားမှု အားနည်းပါသေးတယ်။

တချို့ကလည်း ဆိုကြတယ်။ ကျောင်းသားသမဂ္ဂဟာ ဆန္ဒပြ သပိတ် မှောက်တဲ့ အဖွဲ့အစည်းမို့လို့ အဖွဲ့မဝင်ရဲ ဘူးဆိုပြီးပေါ့လေ။ အဲလိုထင်မြင်ယူဆ ချက်တွေရှိနေတာဟာ သမဂ္ဂရဲ့ ပြဿနာ သက်သက်မဟုတ်သလို ကျောင်းသားတွေ ရဲ့ ပြဿနာသက်သက်လည်း မဟုတ်ပါဘူး။
ကျွန်တော်တို့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေအနေနဲ့ သမဂ္ဂဟာ ဆန္ဒမပြ သပိတ်မမှောက်တော့ဘူးလို့တော့ ပြော ခွင့်မရှိပါဘူး။ ကျောင်းသား သမဂ္ဂဆိုတာ ကျောင်းသားအခွင့်အရေးတွေနဲ့ ပတ်သက် လာရင် လိုအပ်ရင် လိုအပ်သလို လှုပ်ရှား ဆောင်ရွက်ဖို့ အသင့်ပါ။ ဒီတော့ သမဂ္ဂ အဖွဲ့ဝင်တွေအနေနဲ့ လုပ်နိုင်တာက သမဂ္ဂကျောင်းသားတွေ ဟာ ဘာလို့ဆန္ဒ ထုတ်ဖော်ခဲ့ကြတာလဲ၊ ဘာလို့ သပိတ် မှောက်ခဲ့ကြ ရတာလဲဆိုတာကို ကျောင်း သားတွေ သိအောင် ရှင်းပြဖို့ပါပဲ။

နောက်တစ်ခုက ကျွန်တော်တို့ ကျောင်းသားများသမဂ္ဂအနေနဲ့ ကျောင်း သားရေးကိစ္စတွေ ပညာရေးကိစ္စတွေမှာ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်သေး ပါဘူး။ အဲလို မလုပ်ဆောင်နိုင်ရတဲ့ အချက်တွေ အများကြီးထဲမှာ တစ်ခုက တက္ကသိုလ်ရဲ့ အုပ်ချုပ်မှု ပုံစံတစ်ခုလုံးမှာ ဒီမိုကရေစီစနစ် မထွန်းကားသေးလို့ပါပဲ။ အဲဒီလို မှားယွင်းနေမှုတွေကို ပြုပြင် ပြောင်းလဲပစ်နိုင်ဖို့ဆိုရင် ကျောင်းသား ထုရဲ့ အင်အားတွေ မရှိမဖြစ် လိုအပ်ပါတယ်။

ကျွန်တော်တို့ရဲ့ ယုံကြည်ရာပန်း တိုင်ကို ထောက်လှမ်းနိုင်ဖို့ ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ထားဝယ် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းရဲ့ နိဒါန်းမှာ ဤသို့ ဆိုထား ခဲ့ပါတယ်။
“ကျွန်ုပ်တို့ ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို ၂၀၁၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် စတင်ဖွဲ့စည်း ထူထောင်ခဲ့ပြီး ထားဝယ်ခရိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ အဖွဲ့ဝင် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂတစ်ခု အဖြစ် ရပ်တည်ခဲ့ကြသည်။ ထိုသို့ဖွဲ့စည်း ထူထောင်ပြီးနောက် ကျောင်းသားအခွင့် အရေး ဒီမိုကရေစီရေး နှင့် ပညာရေးပြုပြင် ပြောင်းလဲမှုများကို စွမ်းစွမ်းတမံလုပ် ဆောင်လာခဲ့ကြသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းခဲ့သည့် အမျိုးသား ပညာရေး ဥပဒေကို ဥပဒေတစ်ရပ်မဖြစ်မီ မူကြမ်းအဆင့်ကတည်းက လေ့လာသုံး သပ်မှုများ ပြုလုပ်ခဲ့ကြသည်။
ထိုလေ့လာသုံးသပ်ချက်များအရ ၎င်းအမျိုးသားပညာရေး ဥပဒေသည် ကျောင်းသားထု၏ သဘောထားဆန္ဒ မပါဘဲ အစိုးရနှင့် လွှတ်တော်မှ တစ်ဖက် သတ်ရေးဆွဲထားခြင်း ဒီမိုကရေစီပညာ ရေးစနစ်နှင့် ဆန့်ကျင်နေခြင်းတို့ကို တွေ့ ရသဖြင့် ကျွန်ုပ်တို့ ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအနေဖြင့် အပြင်း အထန်ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။ ထိုမှ တစ်ဆင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၂- ၁၃ ရက်များတွင် ကျင်းပပြုလုပ်သည့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေး ပေါ်အစည်းအဝေးသို့ တက်ရောက်ပြီး အမျိုးသားပညာရေးဥပဒေကို သပိတ် မှောက်ရန် သဘောတူခဲ့ကြသည်။ ထို နောက် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု၏ ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ခဲ့ကြ သည်။

ထားဝယ် တက္ကသိုလ်ကျောင်းသား များသမဂ္ဂအနေဖြင့် ထားဝယ်တက္ကသိုလ် ကျောင်းသားကျောင်းသူများ၏ အခွင့် အရေးများကို တောင်းဆိုပေးရန်နှင့် ကျောင်းသားအခွင့်အရေးများကို ကာ ကွယ်စောင့်ရှောက်သွားမည်ဟု ကတိ သစ္စာပြုပါသည်။ ထိုမှတစ်ဖန် ထားဝယ် တက္ကသိုလ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျောင်းအုပ်ချုပ်ရေးအဖွဲ့တွင် ကိုယ်စားပြု ပါဝင်နိုင်ရန် ကြိုးပမ်းသွား မည်။ ကျွန်ုပ်တို့သည် သမိုင်းအစဉ်အလာ ကြီးမားသော ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်း အလံတော်၏ စင်ကြယ်သော လောင်းရိပ်အောက်တွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်း ဟူသော လောကပါလတရားကို ခံယူပြီး ကျောင်းသားထုသဘော ဆန္ဒအား လေးစားလိုက်နာပါမည်။ ထို့အတူ ရဲရင့် ထက်မြက်သော ကျောင်းတော်သားများ နှင့် မိခင် ကျောင်းတော်ကြီးအတွက် အမှန်တရား၏ ခံတပ်အဖြစ်လည်းကောင်း သစ္စာတရား၏ ဓားတစ်လက်အဖြစ်လည်း ကောင်း ရဲဝံ့စွာရပ်တည်လျက် သမိုင်းပေး တာဝန်ကိုဦးလည်မသုန်ဘဲ ထမ်းရွက်ပါ မည်ဟု သစ္စာစကားဆိုခဲ့ကြသည်။

ကျွန်ုပ်တို့သည် မိမိတို့ယုံကြည်ရာ ကို ကောင်းစွာထမ်းရွက်နိုင်ရန် အခန်း ပေါင်း(၁၁)ခန်း ၊ အခြေခံမူ(၄) ရပ်၊ ရည်ရွယ်ချက်(၉) ချက် ပါဝင်သော “ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း”ကို ထားဝယ်ခရိုင် ကျောင်းသားများ သမဂ္ဂ၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနှင့် မဆန့်ကျင်ဘဲ အသစ်ပြန်လည်ရေးဆွဲခဲ့ ကြသည်။

ထိုဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်း သည် ထားဝယ်တက္ကသိုလ်ကျောင်းသား များသမဂ္ဂ၏ အသက်သွေးကြောပမာ အရေးကြီးလှပေသည်။ အမိတက္ကသိုလ် ကျောင်းတော်သားများ၏ အကျိုးကို ရှေးရှုပြီး ရေးဆွဲပြဋ္ဌာန်းထားသည့် ၎င်း ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းသည် ကျွန်ုပ် တို့၏ နောင်မျိုးဆက်မှ ပခုံးပြောင်း တာဝန် များကို အဆင့်ဆင့်ထမ်းဆောင်ရန်အတွက် အထောက်အပံ့ကောင်း တစ်ခုဖြစ်မည်ဟု လည်း အလေးအနက် ယုံကြည်ပါသည်။”
နောက် ကျွန်တော်တို့ ထားဝယ် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ အခြေခံမူများနှင့် ရည်ရွယ်ချက်များနှင့် မိတ်ဆက်ပေးပါရစေ။

အခြေခံမူများ
၎။ ထားဝယ် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂသည်
(က) ထားဝယ်တက္ကသိုလ်ကျောင်း သားထု၏ သဘောဆန္ဒကိုများကို လေး စားလိုက်နာပြီး လွပ်လပ်စွာဖွဲ့စည်း ထူထောင် လှုပ်ရှားရေး၊
(ခ) တက္ကသိုလ် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး၊
(ဂ) ဆရာ/ဆရာမများနှင့် ကျောင်း သားကျောင်းသူများအကြား အပြန်အလှန် လေးစားမှုဖြင့် တစ်တပ်တစ်အား ပူးပေါင်း ဆောင်ရွက်ရေးနှင့်
(ဃ) တက္ကသိုလ်၏အုပ်ချုပ်မှု အခန်းကဏ္ဍတွင် ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များ ပါဝင်နိုင်ရေးတို့ကို ဦးတည်သည်။

ရည်ရွယ်ချက်များ
၅။ ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂသည်
(က) ဒီမိုကရေစီဝါဒကို အခြေခံ သော ဖက်ဒရယ်ပညာရေးစနစ်တစ်ရပ် ပေါ်ထွန်းလာစေရန်၊
(ခ) တရားမျှတစွာ ရသင့် ရထိုက်သော ကျောင်းသားထုအခွင့်အရေး များအား တောင်းဆိုရန်နှင့် ၎င်းအခွင့် အရေးများအား ကာကွယ်စောင့်ရှောက်ရန်၊
(ဂ) ဘာသာရပ်အလိုက် ကမ္ဘာ့ အဆင့်မြင့်ပညာရပ်များကို လေ့လာ ဆည်းပူးနိုင်သော တက္ကသိုလ်ရပ်ဝန်း တစ်ခု ဖြစ်ထွန်းလာစေရန်၊
(ဃ) မိခင်တက္ကသိုလ် ကျောင်းတော် သားများအချင်းချင်း စည်းလုံးညီညွတ်၍ တည်ငြိမ်အေးချမ်းသော ကျောင်းသား အင်အားစုကြီးတစ်ခု ရေရှည်တည်တံ့ရေး ကို ဆောင်ရွက်ရန်၊
(င) ကျောင်းတွင်းဒီမိုကရေစီ ထွန်း ကားရေးကို ဖန်တီးရန်၊
(စ) ကျောင်းသားပြဿနာများတွင် ထားဝယ်တက္ကသိုလ် ကျောင်းသားထု ဆန္ဒဖြင့် တရားမျှတစွာ ဖြေရှင်းပေးနိုင်ရန်၊
(ဆ) ဆရာ/ဆရာမများကို ရိုသေ လေးစားရန်နှင့် ဆရာ/ဆရာမများ၏ အခွင့်အရေးများဘက်မှ ရပ်တည်ကာ ကွယ်ပေးရန်၊
(ဇ) ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ် ငန်းများတွင် ထားဝယ်တက္ကသိုလ်ကျောင်း သားများအနေဖြင့် ပါဝင်ကူညီဆောင်ရွက် ရန်၊
(ဈ) အထက်ပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် စည်းလုံးညီညွတ်ပြီး အင်အားတောင့် တင်းခိုင်မာသော ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဖြစ်လာစေရန်နှင့် ပြည်ထောင်စုအတွင်း ဒေသအတွင်းရှိ ကျောင်းသားသမဂ္ဂများနှင့် ပူးပေါင်း ဆောင်ရွက်ရန် ရည်ရွယ်သည်။
သမဂ္ဂစည်းပုံအခြေခံစည်းမျဉ်းကို ထားဝယ်တက္ကသိုလ်ဆိုင်ရာ ကျောင်းသား ထုအစည်းအဝေးတွင် ထားဝယ်တက္ကသိုလ် ကျောင်းသားထုရဲ့ သဘောထားဆန္ဒ နှင့်အညီ အတည်ပြုလိုက်ပါတယ်။
ပြီးတော့ ရွေးကောက်ပွဲအဆင့် ဆင့်ပြုလုပ်ပြီး ကျောင်းသားသမဂ္ဂကို ပိုပြီးအသက်ဝင်အောင် ဆောင်ရွက် သွားမှာပဲ ဖြစ်တယ်။
ခွပ်ဒေါင်းဖြူ