မြေအခက်ခဲကြောင့် ရေချို ငါးမွေးမြူရေး အခက်တွေ့

0
430

လွန်ခဲ့သည့် သုံးနှစ်ခန့်နှင့် နှိုင်း ယှဉ်ပါက ထားဝယ်ဒေသအတွင်း ရေချို ငါးမွေးမြူရေးလုပ်ငန်းကို စိတ်ဝင်စား မှု များလာသော်လည်း မွေးမြူရန်မြေ မရှိသဖြင့် အခက်အခဲနှင့် ရင်ဆိုင်နေရ ကြောင်း ရေချိုငါးမွေးမြူရေး လုပ်ကိုင် နေသူများထံမှ သိရသည်။
ရေချိုငါးမွေးမြူရေးလုပ်ငန်းသည် လယ်မြေပေါ်တွင် လုပ်ကိုင်ရသဖြင့် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားပြီးမှ လုပ်ကိုင်နိုင်ကြောင်း ထားဝယ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့ကတော့ လျှောက်ခိုင်းနေ တာပဲ ဒါပေမဲ့ လျှောက်မယ်ဆိုရင် တိုင်း ဒေသကြီးအဆင့်နဲ့ မပြီးဘူး”ဟု ထားဝယ် မြို့နယ် ဇဟာကျေးရွာမှ ရေချို ငါးမွေးမြူ ရေးလုပ်ကိုင်နေသူ ဦးဇော်လွင်က ပြော သည်။
ရေချိုငါးမွေးမြူးရေးလုပ်ငန်းသည် မွေးမြူရန်မြေရှိပါက အရင်းအနှီး နည်း နည်းဖြင့် စလုပ်နိုင်ပြီး လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့် ပေးပါက ယင်းငန်းလုပ်မည့်သူ ပိုများလာနိုင် ကြောင်း ဦးဇော်လွင်က ပြောသည်။

“အခက်အခဲဆုံးက မြေယာက နံပါတ်တစ် ဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။
ဒေသအတွင်း ရေချိုငါးမွေးမြူရေး ကို စိတ်ဝင်စားမှုများလာသဖြင့် ယမန် နှစ်က ငါးသားပေါက်တစ်သောင်းကျော် ရောင်းချနေရာမှ ယခုနှစ်တွင် တစ်သိန်း ကျော်အထိ ရောင်းချနေရပြီး မွေးမြူရန် မြေရှိပါက ယခုထက်ပိုမို တွင်ကျယ်လာ နိုင်ကြောင်း ၎င်းက ပြောသည်။
ထားဝယ်ဒေသတွင် ငါးခုံးမ၊ တီလားဘီးယားနှင့် ရွှေဝါငါးကြင်းများ ကို တစ်နိုင်တစ်ပိုင်သားဖောက်စခန်း ၄ ခုဖြင့် ငါးသားပေါက် မွေးမြူနေပြီး နည်းပညာများ ဖြန့်ဝေပေးလျက်ရှိ ကြောင်း ထားဝယ်ခရိုင် ငါးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။