မြိတ်ဈေးများအတွင်း ကြက်ဥနှင့် ကြက်သားများ ရောင်းချခွင့် ၂ ပတ်ခန့် ပိတ်ထားကြောင်း စည်ပင် ကော်မတီမှ သိရသည်။
ဇူလိုင်လ ၂၉ ရက်မှစ၍ ဩဂုတ်လ ၁၂ ရက်အထိ ရောင်းချခွင့် ပိတ်ထား ခြင်း ဖြစ်သည်။
ထို့အပြင် မြိတ်မြို့တွင်းသို့ ဇူလိုင် လ ၂၆ရက်မှစပြီး ကြက်ဥ ကြက်သားနှင့် ဝက်သားတို့အား သယ်ဆောင်ခြင်း မပြုကြရန်လည်း စာထုတ် အသိပေး တားမြစ်ထားပြီးဖြစ်ကြောင်း စည်ပင် ကော်မတီမှ သိရသည်။
ထားဝယ်မြို့တွင် ဖြစ်ပေါ်နေသည့် အပြင်းစား ကြက်ငှက်တုပ်ကွေးH5N1 ရောဂါပိုး မြိတ်သို့ ကူးစက်မလာစေရန် ယင်းသို့ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရ သည်။
ထို့အပြင် ရန်ကုန်မှ သယ်ဆောင် လာသည့် ကြက်ဥ အလုံးရေ လေးထောင် ကျော်နှင့် လည်လိမ်ရောဂါဖြင့် သေဆုံး သည့် ကြက်တချို့ကို ဇူလိုင်လ ၂၈ ရက်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရ သည်။
“ရန်ကုန်ဘက်ကနေ ဆင်းလာတဲ့ ကြက်ဥတွေဖြစ်နေတော့ မီးရှိုဖျက်ဆီးခဲ့ တာပါ”ဟု မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌဦးမြတ်ကိုကိုက ပြော သည်။
မီးရှို့ဖျက်ဆီးခဲ့သည့် ကြက်ဥများ သည် ဇူလိုင်လ ၂၇ ရက်က မြို့တွင်းသို့ သယ်ဆောင်လာသည့် ကြက်ဥများကို သိမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းအပြင်မြို့သစ်ဈေးနှင့် အောင် မင်္ဂလာဈေးအတွင်း ကြက်များကို ဈေးပေါပေါဖြင့် ရောင်းချနေသည်ဟု သတင်းရသည့်အတွက် သွားရောက် စုံစမ်းရာ လည်လိမ်ရောဂါ ကြောင့် သေဆုံးနေသည့် ကြက်များကို ရောင်း ချနေကြောင်း သိရသည့်အတွက် သိမ်း ဆည်းကာ ထပ်မရောင်းရန် အသိပညာ ပေးခဲ့ကြောင်း မြိတ်တောင် နယ်မြေ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။