တိုင်းဦးစီးမှူးပါ ကညန ဝန်ထမ်း သုံးဆယ်နီးပါး အရေးယူခံရ

0
540

ဆောင်ရွက်ရမည့် လုပ်ငန်းများ အပေါ် မသမာမှု၊ အလွဲသုံးစားမှုများ ပြုလုပ်သည်ဟုဆိုကာ တနင်္သာရီတိုင်း အတွင်းရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန) ဝန်ထမ်း ၃၀ နီးပါးကို အရေးယူကာ ပြစ်ဒဏ် အသီးသီး ချမှတ်လိုက်သည်။

အထက်ပါ ပြစ်မှုများကျူးလွန် သည်ဟု ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ထောက်ခံတင်ပြချက်အရ ပြည် ထောင်စုပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ စီမံခန့်ခွဲရေးကော်မတီက အထက်ပါအတိုင်းဆုံးဖြတ် အပြစ်ပေး ခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ဆိုသည်။

အဆိုပါအရေးယူမှုသည် တနင်္သာရီ တိုင်း၏ ဌာနတွင်း အရေးယူမှုများအနက် ဝန်ထမ်းဦးရေ အများဆုံး ဖြစ်သည်။
“ပြည်ထောင်စုက ဆုံးဖြတ်ပြီး ညွှန်ကြားလာတာ၊ တိုင်း (ကညန) ဦးစီးမှူးလည်း သူ့ဟာသူ ပြောင်းရွှေ့ သွားတယ်”ဟု တိုင်းဒေသကြီး ဝန်ကြီး ဦးကြည်လှိုင်က ဆိုသည်။
အရေးယူခံရသူများတွင် တိုင်းဒေ သကြီးဦးစီးမှူးအဆင့်မှစပြီး ယာဉ် မောင်းအထိ ပါဝင်ကာ ထားဝယ်မြို့ရှိ တိုင်းကညနရုံးမှ ဝန်ထမ်း ၁၅ ဦး၊ မြိတ် ခရိုင်ရုံးမှ ၅ ဦး နှင့် ကော့သောင်းခရိုင်ရုံးမှ ၇ ဦး စုစုပေါင်း ကညနဝန်ထမ်း ၂၇ ဦး အား မတူညီသည့် ပြစ်ဒဏ်များချမှတ် ခဲ့ခြင်း ဖြစ်သည်။
အမြင့်ဆုံးပြစ်ဒဏ်အနေနှင့် ဝန်ထမ်း အဖြစ်မှ ထုတ်ပစ်ခြင်း အပါအဝင် ရာထူးတိုး ၁ နှစ် ရပ်ဆိုင်းခြင်း၊ စာဖြင့် သတိပေးခြင်းအစရှိသည့် ပြစ်ဒဏ်များ ကို ဇွန်လ ၂ ရက်မှစပြီး ချမှတ်အရေးယူ လိုက်သည်။

လက်ရှိတွင် တနင်္သာရီတိုင်းဒေသ ကြီး ကညနတိုင်းဦးစီးမှူးသည် ရှမ်းပြည် နယ်(ကျိုင်းတုံ) သို့ ပြောင်းရွှေ့သွားပြီး ယင်းပြည်နယ်တိုင်း ဦးစီးမှူးက တနင်္သာရီ တိုင်းသို့ ပြောင်းလာမည် ဖြစ်သည်။ အမြင့်ဆုံးပြစ်ဒဏ်အနေဖြင့် ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း အပါ အဝင် ရာထူးတိုး ၁ နှစ် ရပ်ဆိုင်းခြင်း၊ စာဖြင့် သတိပေးခြင်းအစရှိသည့် ပြစ် ဒဏ်များကို ဇွန်လ ၂ ရက်မှစပြီး ချမှတ် အရေးယူ လိုက်သည်။
လက်ရှိတွင် တနင်္သာရီတိုင်းဒေသ ကြီး ကညနတိုင်းဦးစီးမှူးသည် ရှမ်းပြည် နယ်(ကျိုင်းတုံ) သို့ ပြောင်းရွှေ့သွားပြီး ယင်းပြည်နယ်တိုင်း ဦးစီးမှူးက တနင်္သာရီတိုင်းသို့ ပြောင်းလာမည် ဖြစ်သည်။

ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခံရသူ ၄ ဦး အနက် ၃ ဦးမှာ လက်ရှိတွင် တရားရင်ဆိုင် နေရသည်။
၎င်းတို့ ၃ ဦးအား ယာဉ်မောင်း လိုင်စင် ဖြေဆိုရာတွင် ကျရှုံးသူများကို (စစ်ဆေးချက်များ) အောင်မြင်စေရန် အပို ငွေကြေးရယူ လုပ်ဆောင်သည်ဟု ဆိုကာ အထူးစုံစမ်းစစ်ဆးရေးဦးစီးဌာန(စစစ) မှ ဧပြီလတွင် တရားလိုပြုလုပ် တရားစွဲဆိုထားခြင်း ဖြစ်သည်။
တိုင်းကညနရုံးမှ စစ်ဆေးရေးမှူး- ၂ နှင့် စစ်ဆေးရေးမှူး- ၃ကို ရာဇသတ်ကြီး ပုဒ်မ ၄၀၉ (ပြည်သူ့ ဝန်ထမ်းက ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု)၊ ရာဇသတ်ကြီးပုဒ်မ ၁၀၉ (အားပေး ကူညီမှု)တို့ဖြင့် စစ်ဆေးနေပြီး လက်ရှိ တွင် ရုံးချိန်း ၇ ကြိမ်မြောက် စစ်ဆေး ခဲ့ပြီးဖြစ်ကြောင်း ထားဝယ်မြို့ နယ် တရားသူကြီး ဒေါ်လဲ့လဲ့ဝါက ဆို သည်။

စစ်ဆေးရေးမှူး-၃ မှာ ထွက်ပြေး တိမ်းရှောင်နေသဖြင့် ဖမ်းဝရမ်းထုတ် ထားကြောင်း မြို့နယ်တရားရုံး ထံမှ သိရသည်။
၎င်းကိုလည်း အထက်ပါ ရာဇသတ် ကြီးပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
အဆိုပါ စစ်ဆေးရေးမှူး နှစ်ဦး ရယူထားသော မတူညီသည့် ငွေကြေး ပမာဏနှစ်ခုအတွက် အမှုနှစ်ခုဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
မြိတ်ခရိုင်ကညနရုံးမှ စစ်ဆေးရေး မှူး ၂ ကို ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် မြိတ်မြို့မ ရဲစခန်းတွင် အမှုဖွင့် တရား စွဲဆို ထားကြောင်း တိုင်းရဲမှတ်တမ်းအရ သိရသည်။

“လစာ မလောက်ငမှုတွေ၊ စနစ် မပီပြင်မှုတွေကြောင့် (မသမာမှုများ၊ လာဘ်ပေးလာဘ်ယူမှုတွေ) ဖြစ်နေဦး မှာပဲ”ဟု ဌာနတွင်း အရေးယူမှု ခံရသည့် ကညန ဝန်ထမ်းတစ်ဦးက ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပြီး ခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်းက ယာဉ် မောင်းလိုင်စင် ပြုလုပ်သူများနှင့် ပွဲစား များကို (စစစ)က ခေါ်ယူ မေးမြန်းခဲ့ ဖူးကြောင်း ထားဝယ်မြို့ရှိ တိုင်းကညန ရုံးတွင် ပွဲစားအဖြစ် လုပ်ကိုင်ခဲ့ဖူးသည့် အသက် ၃၈ နှစ်အရွယ် အမျိုးသား တစ်ဦးက ဆိုသည်။

ယခင်က ယာဉ်မောင်းလိုင်စင်(ခ) ပြုလုပ်ရာတွင် အပိုငွေကြေးအဖြစ် ငွေကျပ်သောင်းဂဏန်း (၇သောင်း)အထိ တောင်းခံမှုများ ရှိခဲ့သည်။
အရေးယူခံရသူ ၂၇ ဦးအနက် ဝန်ထမ်းမှ ထုတ်ပယ်ခံရသူ ၃ ဦး၏ ကျူးလွန်မှုကိုသာ အသေးစိတ် သိရသည်။
ကျန်ဝန်ထမ်းအများ၏ ကျူးလွန် မှုကိုမှု အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိဘဲ ဆောင်ရွက်ရမည့် လုပ်ငန်းမျာ အပေါ် မသမာမှု၊ အလွဲသုံးစားမှုများ ပြုလုပ်သည်ဟုသာ ထုတ်ပြန်သည်။

ရာဇသတ်ကြီး ပုဒ်မ ၄၀၉ (ပြည် သူ့ဝန်ထမ်းက ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု)ကို ကျူးလွန်ပါက ထောင်ဒဏ်တစ်သက် တစ်ကျွန်း (၂၀နှစ် )ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရ သည်။
ရာဇသတ်ကြီးပုဒ်မ ၁၀၉ (အားပေး ကူညီမှု)ကို ဖောက်ဖျက် ကျူးလွန်ပါက ကျူးလွန်သည့်ပြစ်မှုရင်းအတွက် ပြဋ္ဌာန်း သည့် ပြစ်ဒဏ်ကို ချမှတ်နိုင်ကြောင်း သိရသည်။

ကျူးလွန်မှု အသေးစိတ်ထုတ်ပြန် ထားသည့် ဝန်ထမ်း ၃ ဦး၏ ကျူးလွန်မှု ဖြစ်စဉ်
– ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လအတွင်း (က)ယာဉ်မောင်းလိုင်စင် ဖြေဆိုသူ ၆၁၂ ဦးထံမှ စစ်ဆေးရေးမှူး – ၂ က အပို ငွေကြေး သိန်း ၄၀ ကျော် (၄၂၅၇၀၀၀) ရယူခဲ့

– ယင်းပမာဏထဲမှ စစ်ဆေးရေး မှူး – ၃ ကို ငွေကျပ် ၁၀သိန်းကျော် (၁၀၈၀၀၀၀) ခွဲဝေပေးထား

– (ခ) ယာဉ်မောင်းလိုင်စင် ဖြေ ဆိုရာတွင် ကျရှုံးသူများထံမှ အပိုကြေး ငွေ ၆၅ သိန်းကျော် (၆၅၈၀၀၀၀)ကို စစ်ဆေးရေးမှူး ၂ ဖြစ်သူက ရယူပြီး စစ်ဆေးရေးမှူး ၃ ဖြစ်သူကို ငွေကျပ် ၁၉ သိန်း(၁၉၀၀၀၀၀) ခွဲဝေပေးခဲ့

– ယင်းကို စစစ မှ စစ်ဆေးတွေ့ ရှိသဖြင့် စစစ မှ ဦးစီးအရာရှိက တိုင် တန်း

– မြိတ်ခရိုင် ကညနရုံး ယာဉ် မောင်းစစ်ဆေးရေးဌာနစိတ်မှ တာဝန်ခံ (စစ်ဆေးရေးမှူး – ၂ )သည် (ခ) ယာဉ်မောင်းလိုင်စင် အသစ်လုပ်သူ ၃ ဦးထံမှ ငွေကျပ် ၆ သောင်းကို ပွဲစားမှ တစ်ဆင့် ယူကာလူကိုယ်တိုင် ဖြေဆို စရာမလိုဘဲ အောင်မြင်ကြောင်း ထောက်ခံ လက်မှတ် ထုတ်ပေး

– ယင်းကို စစစ ဌာန ဦးစီး အရာရှိ တစ်ဦးက တရားလိုလုပ်ကာ ဧပြီလ ၁၇ ရက်တွင် အမှုဖွင့်

ကညနဝန်ထမ်း ၂၇ ဦးအား အပြစ်ပေး အရေးယူမှု အခြေအနေ
ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း ပြစ်ဒဏ် – ၄ ဦး
ရာထူးအဆင့်လျော့ခြင်း ပြစ်ဒဏ် ၂ နှစ် – ၂ ဦး
ရာထူးတိုး မြှင့်မှု ရပ်ဆိုင်းခြင်း ပြစ်ဒဏ် ၁ နှစ် – ၁ ဦး
ရာထူးတိုးမြှင့်ရန် အလှည့်ကျရောက်သည့်အချိန်မှစ၍
ရာထူးတိုးခြင်း ရပ်ဆိုင်းမှု ပြစ်ဒဏ် ၁နှစ် – ၁၁ ဦး
လစာနှုန်းအတွင်း လစာလျှော့ချခြင်းပြစ်ဒဏ် ၁ နှစ် – ၃ ဦး
စာဖြင့် သတိပေးခြင်း ပြစ်ဒဏ် – ၆ ဦး