တနင်္သာရီ မြို့ရောက် ဗိုလ်ချုပ်

0
560

“ဧဇာအေ့နောင်ဝေး မြန်မာပြည် လွတ်လပ်ရေး သခင်အောင်ဆန်းက ဦးဆောင်ပေး ဘီအိုင်အေတပ်မတော် မြို့ရောက်လေသော် အာဂယောက်ျား တနင်္သာရီသားတို့ ရှစ်ဆယ်လူပေါင်း ပါဝင်ပေါင်းသည့် ဧဇာမော်ကွန်းတင် ရတယ် ဧနောင်။”
လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ကျော်က တနင်္သာရီမြို့သို့ ရောက်ခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဗမာ့လွတ်လပ်ရေး တပ်မတော်(BIA)နှင့် တပ်ထဲသို့ ဝင်ရောက်ခဲ့တဲ့ တနင်္သာရီသား ဘီအိုင် အေ တပ်သား ၈၀ဦးတို့အား ဂုဏ်ပြုပြီး ယင်းမြို့နယ်က စာရေးဆရာ ဦးသန်းစိုး ဝင်းက တနင်္သာရီမြို့တွင် စိုက်ထူလိုက် သည့် ဗိုလ်ချူပ်ကြေးရုပ်၏ အောက်ခြေ မှာ ဂုဏ်ပြုဧဇာ မော်ကွန်းတင်ထားသည်။

ယင်းသို့ ရေးထိုးဂုဏ်ပြုရအောင် လည်း သမိုင်းကြောင်းက ရှိခဲ့သည်။
ဘီအိုင်အေတပ်မတော်က ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ ဘန်ကောက် မြို့မှ စတင်ထွက်ခွာလာပြီး တနင်္သာရီ မြို့သို့ ရောက်ရှိလာခဲ့ရာ တနင်္သာရီမြို့ သား ၈၀ဦးကတပ်တွင်းသို့ ဝင်ရောက်ပြီး မြန်မာ့လွတ်လပ်ရေးအတွက် သက်စွန့်ဆံ ဖျား တာဝန်ထမ်းဆောင်ခဲ့သည်။
ခုတော့ ဗိုလ်ချုပ်ကိုယ်တိုင် တနင်္သာရီ မြို့ကို ရောက်ရှိလာပါပြီ။

၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နေ့မှာ ပြုလုပ်ခဲ့တဲ့ နှစ် ၇၀ ပြည့်အာဇာနည့် နေ့အခမ်းအနားနှင့်အတူ သက်ဝင်လာခဲ့ တဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့ အားမာန် အပြည့်ဖြင့် ချီတက်နေတဲ့မြင်းစီးရုပ်ထု လေးကမြင်ရသူအဖို့မှာတော့ ကြေကွဲဝမ်း နည်း သတိရတမ်းတ အောက်မေ့ဖွယ်။
ပြည်သူက ရွေးချယ်ခဲ့တဲ့ တနင်္သာရီ မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တို့ ရဲ့ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ဒေသခံ လုပ်ငန်းရှင်တစ်ဦးက ငွေကျပ် သိန်း ၃၀၀ နီးပါး အကုန်ကျခံပြီး လှူဒါန်း ဆောက်လုပ်ခဲ့တဲ့ ဗိုလ်ချုပ်မြင်းစီးရုပ်ထု။

မြန်မာပြည်ကြီးကို့ သူ့ကျွန်ဘ၀က နေ လွတ်လပ်ရေးရအောင် ကြိုးစားပေးခဲ့ တဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင် ဆန်းရုပ်ထုကို ငေးကြည့်ရင်း ဗိုလ်ချုပ် လိုတိုင်းပြည်အတွက် အနစ်နာခံတဲ့ စိတ် ဓာတ်၊ မဟုတ်ရင် မခံဘဲမှန်ရာကိုပဲ တည့် တည့်ပြောတတ်တဲ့ စိတ်ဓာတ်တွေကို နောက် မျိုးဆက်လူငယ်များ လက်ဆင့် ကမ်းအတု ယူနိုင်မှာပါဟု တွေးနေမိသည်။
ငယ်နာမည် မောင်ထိန်လင်း၊ နတ် မောက်မြို့ ဇာတိဖခင်ရှေ့နေကြီးဦးဖာ၊ မိခင်ဒေါ်စုတို့ရဲ့ အထွေးဆုံးသားဖြစ်ပြီး ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မှာ မွေးဖွားခဲ့တဲ့ ဗိုလ်ချုပ်။

အဘိုးဖြစ်သူကတော့ နယ်ချဲ့အင်္ဂလိပ် တွေကို တော်လှန်ခဲ့တဲ့ ဗိုလ်မင်းရောင်။
ဗမာ့ကာကွယ်ရေးတပ်မတော်ရဲ့ စစ်သေနာပတိ၊ ပြည်မနဲ့တောင်တန်းတို့ ပူးပေါင်းပြီး လွတ်လပ်ရေး ရယူနိုင်ရန် အတွက် ပင်လုံစာချုပ်ကို လက်မှတ်ရေး ထိုးနိုင်ခဲ့တဲ့ ဗိုလ်ချုပ်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀နာရီ ၃၇ မိနစ်အချိန် ဝန်ကြီး များရုံးမှာ အစည်းအဝေးပြုလုပ်နေစဉ် အတွင်း မသမာသူလူတစ်ခုရဲ့စက်သေနတ် များနဲ့ ရက်ရက်စက်စက် လုပ်ကြံခြင်း ခံခဲ့ရတော့ တစ်မျိုးသား လုံးရင်ထဲမေ့ ပျောက်လို့ မရနိုင်။ နောက်ဘယ်တော့မှ လည်း မေ့ပျောက် လို့မရတဲ့ ဗိုလ်ချုပ်။
လုပ်ကြံခံရတော့ ဗိုလ်ချုပ်နဲ့ အတူ ဦးဘဝင်း၊ စပ်စံထွန်း၊ ဦးရာဇတ်၊ ဦးအုန်း မောင်၊ ရဲဘော်ကိုထွေး၊ ဒီးဒုတ်ဦးဘချို၊ မန်းဘခိုင်နှင့် သခင်မြတို့ သေဆုံးခဲ့တယ်။ ရွှေတိဂုံဘုရားရဲ့ မြောက် ဘက်မုခ်အနီးမှာ အာဇာနည်ဗိမာန် တည်ဆောက်ကာ ဂုဏ်ပြုခဲ့ပြီး ဇူလိုင်လ ၁၉ ရက်နေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ် ခဲ့သည်။
၂၀၁၇ ခုနှစ်ဇူလိုင်လ ၁၉ ရက် နေ့ မှာဆိုရင် နှစ်ပေါင်း ၇၀ ပြည့်သို့ ရောက် ရှိခဲ့ပါပြီ။

တစ်မျိုးသားလုံးရဲ့ ဖခင်ကြီးဗိုလ် ချုပ်အောင်ဆန်းက မြန်မာပြည်သူတစ်မျိုး သားလုံးရဲ့ ရင်ထဲမှာ မေ့ပျောက်လို့ မရ အောင် နေရာယူထားပြီးသား။
၂၀၁၂ခုနှစ်လောက်ကဆို မြိတ်မြို့ အာဇာနည်ကျောက်တိုင်မှာ အလေးပြုဖို့ ကို ခွင့်မပြုလို့ မြိတ်က လူငယ်အချို့ အရဲစွန့် အလေးပြုခဲ့ရတဲ့ အခြေအနေ မျိုး။
ပြီးခဲ့သည့် နှစ်တုန်းကစပြီး အာဇာနည် နေ့ဆိုရင် အင်အယ်လ်ဒီပါတီ၊ ၈၈ ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ပုဂ္ဂလိက စာသင်ကျောင်းများနှင့် ပြင်ပစာသင် ဝိုင်းတချို့တို့ကပဲ အာဇာနည်နေ့အခမ်း အနားကို အလေးပြုလာကြတာ တွေ့ရ တယ်။

ဒီနှစ်တော့ အရင်နှစ်ကလို မဟုတ် သက်ဆိုင်ရာ အုပ်ချုပ်ရေးဘက်က တာဝန် ရှိသူတွေ၊ ပညာရေးဌာန၊ ကျောင်းသား ကျောင်းသူများ၊ ကျန်းမာရေးဌာနစသဖြင့် သက်ဆိုင်ရာ ဌာနပေါင်းစုံတို့က လာ ရောက် အလေးပြုနေတာတွေ့ရတော့ တကယ့်ကို စိတ်ထဲ ဝမ်းမြောက် ဝမ်းသာ ဖြစ်ခဲ့ရ တယ်။
တကယ်တော့ သူတို့တွေရဲ့ရင်ထဲမှာ လည်း ဗိုလ်ချုပ်က နေရာယူပြီးသားပါ။ အလေးပြုချင်ပေမဲ့ အခွင့်မသာလို့သာ လက်ပိုက်ကြည့်နေရတဲ့ အနေအထား တစ်ခုကြောင့်လို့ ပြောမယ်ဆိုရင် မှားမယ် မထင်ပါဘူး။
အခုဆို တနင်္သာရီမြို့နဲ့ကော့သောင်း နယ်မြို့သို့ ဆက်သွယ်ထားတဲ့ ပြည်ထောင် စုလမ်းမကြီးရဲ့ ကားလမ်း မနံဘေး တစ်နေရာမှာတော့ ဗိုလ်ချုပ်ရုပ် ထုကို အထင်အရှား တွေ့မြင်နေပါပြီ။

နယ်မြို့လေးတစ်မြို့တဲ့ တနင်္သာရီ မြို့က ဗိုလ်ချုပ်ရုပ်ထုကြီးကတော့ ခန့် ညားထည်ဝါစွာနဲ့ ရပ်တည်နေလို့ပေါ့။
ဗိုလ်ချုပ်ရုပ်ထုကို ကြည့်ရင်း လူငယ် တွေကို ဗိုလ်ချုပ်ရဲ့ မိခင်က “ဒေါ်စု” မှန်း “ဒေါ်နု”မှန်း တိတိပပမသိတဲ့ သူတွေ မျိုးတော့ မဖြစ်စေချင်ပါဘူး။
Channel 7 က အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ညစဉ် ၆ နာရီအချိန်မှာ ထုတ်လွင့်ပြသနေတဲ့ The Money Drop Myanmar (ငွေတွေဝင်) အစီအစဉ်ရဲ့ ဇူလိုင်လ ၁၉ ရက်နေ့ ည ၆ နာရီအချိန်က ပြသခဲ့တဲ့ အစီအစဉ်မှာ မြန်မာတစ်မျိုးသားလုံး လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင် ဆန်းရဲ့ မိခင်က ဘယ်သူလဲဆိုတဲ့ မေး ခွန်းကို ရာခိုင်နှုန်းအပြည့်အဝ မဖြေ နိုင်တာ တွေ့ရတယ်။

ငွေတွေဝင် အစီအစဉ်မှာ ပြိုင်ပွဲ ဝင်များကို ငွေ ကျပ် သိန်း၂၅၀ ပေးထား ပြီးမေးခွန်း ၈ ခုဖြေဆိုရမည်ဖြစ်ကာ မေး ခွန်း ၄ ခု အထိ အဖြေ ၄ မျိုးပေးထားကာ အဖြေကို ၁ ခုမှ ၃ ခုအထိ ငွေများပုံထိုး နိုင်တဲ့ ကစားနည်းမျိုး ဖြစ်ပါတယ်။
မေးခွန် ၅ ခုမြောက်မှ ၇ ခုအထိ မှာတော့ အဖြေ ၃ ခု ပေးထားမည်ဖြစ်ကာ ဖြေဆိုသူက အများဆုံး ၂ ခုအထိ ဖြေဆို ခွင့်ရှိသည်။
၈ ခုမြောက်မေးခွန်းတွင် အဖြေ ၂ ခုသာပေးထားပြီး တစ်ခုသာ ရွေးချယ် ခွင့်ရှိမည်ဖြစ်ကာ အဖြေမှန်ပါက ကျန် သည့် ပိုက်ဆံကို ပြိုင်ပွဲဝင်သူက ရသည်။
ဇူလိုင်လ ၁၉ ရက်နေ့ဆိုတာက နှစ် ၇၀ ပြည့် အာဇာနည်နေ့၊ အာဇာနည်နေ့ မှာပဲမေးခဲ့တဲ့ မေးခွန်း၊ မြန်မာတစ်မျိုး သားလုံး ရင်ထဲ ခံစားချက်အနည်းနဲ့ အများကိုယ်စီ ဖြစ်ပေါ်နေတဲ့အချိန်။

ငွေတွေဝင် အစီအစဉ်မေးခွန်း ၈ ခုရဲ့ တတိယမြောက်မေးခွန်း၊ အဖြေလေး ခု ပေးထားတာ “ဒေါ်စု”မှာ သိန်းနှစ်ရာ တစ်ဆယ့် ငါးသိန်းပုံထားပြီး”ဒေါ်နု”မှာ သုံးဆယ်ငါးသိန်းပုံထားတော့ ဗိုလ်ချုပ်ရဲ့ မိခင်နာမည်ကိုတောင် တပ်အပ်မသိတဲ့ သူတွေလည်း ရှိပါလားလို့ အံဩဝမ်း နည်းမိသည်။
ဒါ့အပြင် ငွေတွေဝင် အစီအစဉ်ရဲ့ ဇူလိုင်လ ၂၁ရက် ညပိုင်းမှာလည်း ရဲဘော်သုံးကျိပ်မှာ ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့တဲ့ နာမည်ကိုမေးတော့ ဗိုလ်ဝကို ၂၀ သိန်း၊ ဗိုလ်တေဇ ၁၇၀ သိန်း ဗိုလ်လက်ျm ၆၀ သိန်း ခွဲထိုးတာတွေ့ရ တော့ သူတို့လည်း ဗိုလ်ချုပ်ရဲ့ သမိုင်းကို ကောင်းကောင်း မသိကြပါလားလို့ မချိ တင်ကဲ ဖြစ်ရ ပါတယ်။

တနင်္သာမြို့နယ်လေးက ဗိုလ်ချုပ် ရုပ်ထုက တနင်္သာရီတိုင်းဒေသကြီး အတွင်းမှာ အကြီးမားဆုံး ရုပ်ထုတစ်ခုဖြစ် သလိုလူငယ်တွေရဲ့ ရင်ထဲမှာ နိုင်ငံရေး အသိတရားတွေ ပေါ်လာဖို့၊ ဗိုလ်ချုပ်လို ထက်မြက်တဲ့သူ၊ စွန့်လွတ်အနစ်နာခံ တတ်တဲ့ စိတ်ဓာတ်လေးတွေ ကြီးကြီး မားမားပေါ်လာဖို့လည်း မျှော်လင့်နေ မိပါတယ်။
အဲလို ဖြစ်ဖို့လည်း လိုပါတယ်။
ဗိုလ်ချုပ်ရဲ့ အမေနာမည်ကို မသိကြ တဲ့ ငွေတွေဝင် အစီအစဉ်က ပျိုမဒီလေး တွေလိုမျိုး အဖြစ်မခံနိုင်။
ရုပ်ထုကြီးနဲ့ အတူတနင်္သာရီပြည်သူ တွေရဲ့ ရင်ထဲမှာလည်းဗိုလ်ချုပ်ရဲ့ စိတ် ဓာတ်ကောင်းလေးတွေနဲ့ ထာဝစဉ် ရှင် သန်ကိန်းအောင်း နေမည်ဖြစ်ပါကြောင်း။

မြင့်မိုရ်(မြိတ်)