ဗိုလ်မှူးကြီးဗထူးရုပ်ထု ဇာတိရွာ ရောက်ပြီ

0
358

အမြင့် ၁၅ ပေရှိ ဗိုလ်မှူးကြီးဗထူး ကြေးရုပ်ထုကို ၎င်း၏ဇာတိ ထားဝယ် ခရိုင်၊ လောင်းလုံးမြို့နယ်၊ လေးသွန်းခံ ရွာရှိ ဗိုလ်မှူးကြီးဗထူးရာပြည့် မော်ကွန်း ဥယျာဉ်တွင် ဇူလိုင်လ ၂၀ ရက် မွန်းလွဲ ပိုင်းတွင် စိုက်ထူလိုက်ပြီ ဖြစ်သည်။
ယင်းရုပ်တုအား ဗိုလ်မှူးကြီးဗထူး ရာပြည့်အထိမ်းအမှတ်အဖြစ် ရန်ကုန် တွင် သွန်းလုပ်ခဲ့သည်။

ဇူလိုင်လ ၂၀ ရက်နေ့ နံနက်တွင် ရုပ်ထုအား ထားဝယ်မြို့တွင်း လှည့် လည်ပြီးနောက် လေးသွန်းခံရွာသို့ ပို့ ဆောင် စိုက်ထူခဲ့ခြင်း ဖြစ်သည်။
ပို့ဆောင်ရာတွင် ရာပြည့်ကော်မတီ အဖွဲ့နှင့်အတူ၊ ဝန်ကြီးချုပ်နှင့် တိုင်း အစိုးရအဖွဲ့ဝင်များ၊ ဒေသခံများအဖွဲ့ အစည်းများပါ ပါဝင်ခဲ့ကြပြီး လမ်းတစ် လျှောက်ရှိ ကျောင်းသားကျောင်းသူများ၊ ကျေးရွာသူ ကျေးရွာသားများက ပန်း စည်း၊ ပန်းခြင်းများဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ ကြသည်။

“ကိုယ့်အဖေတစ်ယောက် အဝေး မှာသေသွားတာ ပြန်ရောက်လာလို့ ဝမ်း မြောက်ဝမ်းသာ ဖြစ်သလိုပေါ့”ဟု လေး သွန်းခံရွာကော်တောကျောင်းဆရာ တော်က မိန့်သည်။
ယခုစိုက်ထူထားသည့် ကြေးရုပ်နှင့် ဗိုလ်မှူးကြီးဗထူးရာပြည့် မော်ကွန်း ဥယျာဉ်တို့အား မိုးရာသီအတွင်း အချော သပ်ပြင်ဆင်ပြီး ဖွင့်ပွဲအား လာမည့်ပွင့် လင်းရာသီတွင် ပြုလုပ်သွားမည်ဟု ရာပြည့်ကော်မတီ နာယက ဦးထွန်းကြည် က ပြောသည်။