ကျွန်းပေါ်တွင် သဲတူးခွင့်မပေး၊ ကင်းမွန်မြုံးထောင်သူများ အခက်တွေ့

0
464

ကင်းမွန်မြုံးအတွက်လိုအပ်သည့် သဲကို ရွာအနီးရှိ ကျွန်းပေါ်တွင် တူးခွင့် မရတော့သည့်အတွက် အခက်ကြုံနေရ ကြောင်း ကော့သောင်းမြို့နယ် မကြုံ ကလက်ကျေးရွာမှ ကင်းမွန်မြှုံးထောင် သူများက ပြောသည်။
ပင်လယ်ထဲတွင် ကင်းမွန်မြှုံးချ သည့်အခါ ရေစီးနှင့်မျောမပါသွားစေရန် မြှုံးနှင့်အတူ သဲအိတ်များကို ချထားရ သည့်အတွက် ကင်းမွန်မြှုံးအတွက် သဲ မရှိမဖြစ် လိုအပ်ကြောင်း ၎င်းတို့က ဆိုသည်။

“ကျွန်းပေါ်မှာ သဲကျုံးခွင့်ပေးမှ ကင်းမွန်မြှုံးထောင်ဖို့ အဆင်ပြေမယ်” ဟု ကင်းမွန်မြှုံးထောင်သူ တစ်ဦးဖြစ် သည့် ဦးစိုးဝေက ပြောသည်။
ကင်းမွန်မြှုံးများ ချထားသည့် နေရာကို ကမ်းဝေးတရွတ်ဆွဲ ငါးဖမ်း လှေများ ဝင်ရောက်ငါးဖမ်းနေခြင်းကြောင့် ကင်းမွန်မြှုံးများ ပျက်စီးကာ မြှုံးအသစ် များ ထပ်မံ ပြုလုပ်နေရသည့်အတွက် သဲ မကြာခဏ လိုအပ်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပြသနာ (ကမ်းဝေးလှေများကမ်း နီးဝင်ဆွဲခြင်း) ကို တာဝန်ရှိသူတွေ ဖြေ ရှင်းပေးမယ်ဆိုရင် ကျွန်းတွေမှာ သဲခဏ ခဏကျုံးဖို့ မလိုတော့ဘူး”ဟု ကင်းမွန် မြှုံးထောင်သူ ဦးချစ်ထွေးက ဆိုသည်။
ကျွန်းတွေမှာ သဲတူးခွင့်ကို ယခု နှစ် မေလမှ စတင် တားမြစ်ခဲ့သည်ဟု အောင်ဘာကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။