ထော်လာဂျီ မဝင်ရလမ်း တိုးချဲ့ သတ်မှတ်

0
415

ထားဝယ်မြို့အတွင်း ထော်လာဂျီ မဝင်ရ လမ်းငါးလမ်းကို ဇူလိုင်လဆန်းက တိုးချဲ့သတ်မှတ်လိုက်ကြောင်း ထားဝယ် မြို့နယ် စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။
ယခင်က ထော်လာဂျီ မဝင်ရ လမ်း အဖြစ် ကမ်းနားပန်းခြံ အရှေ့ဘက်လမ်း ကို သတ်မှတ်ထားရာမှ တိုင်းမြို့တော် ဖြစ်သည့်အပြင်၊ ထော်လာဂျီကြောင့် ထိခိုက် မှုများ မဖြစ်စေရန်အတွက် နောက်ထပ် ၅ လမ်းကို တိုးချဲ့ သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ထော်လာဂျီနဲ့ ပတ်သက်ပြီး ထိခိုက် မှု မရှိစေဖို့ ကန့်သတ်လိုက်တဲ့ သဘော ပါပဲ”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
အာဇာနည်လမ်း(ကမ်းနားဈေးမှ ဗိုလ်ချုပ်ကြေးရုပ်အထိ) ၊ ညောင်ပင်ကြီး လမ်း (ဆိပ်ကမ်းသာလမ်းဆုံမှ ညောင် ပင်ကြီး လမ်းဆုံအထိ)၊ ရေးလမ်း (ဥတ္တာံးကြီးလမ်းဆုံမှ အာဇာနည်လမ်းဆုံ အထိ)၊ အလယ်လမ်း (အစိုးရအဖွဲ့ရုံးလမ်း ဆုံမှ တောင်ခွ လမ်းဆုံ အထိ)နှင့် ကမျောကင်းလမ်း (ကမျောကင်းတံတား လမ်းဆုံမှ ဆန်းချီလမ်းဆုံအထိ) လမ်း ပိုင်းနေရာ ၅ ခုကို တိုးချဲ့သတ်မှတ် လိုက်ခြင်း ဖြစ်သည်။

ထားဝယ်မြို့တွင် ထော်လာဂျီများ ကို အခြားယာဉ်ဖြင့် အစားထိုးသင့်နေ သော်လည်း ကုန်ပစ္စည်းသယ်ယူရာတွင် အရေးပါ နေသေးသည့်အတွက် ဖြုတ် သိမ်းခြင်းမလုပ်ဘဲ ကန့်သတ်ခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။
ထော်လာဂျီ အများစုမှာ ကြံ့ခိုင်မှု အားနည်းပြီး လမ်းသွားလမ်းလာများကို အန္တရာယ်ဖြစ်စေနိုင်သည့်အတွက် ယင်း ကဲ့သို့ ကန့်သတ်လိုက်ခြင်းကို ကြိုဆို ကြောင်း ထားဝယ်မြို့ ဆန်းချီရပ်ကွက်နေ ဦးရဲထွဋ်လွင်က ဆိုသည်။

“ထော်လာဂျီတွေကို မြို့ထဲမှာ မသွားခိုင်းစေချင်တော့ဘူး၊ သုံးဘီးတွေ ကားအသေးတွေ များလာပြီ ဆိုတော့”ဟု ဦးရဲထွဋ်လွင်က ပြောသည်။
ထားဝယ်ဒေသတွင် ထော်လာဂျီ အစီးရေ ၂၀၀ ခန့်ရှိပြီး အများစုမှာ အိတ် ဇောတပ်ဆင်ထားခြင်းမရှိဘဲ အသံ ဆူညံ စွာဖြင့် အရှိန်ပြင်း မောင်းနှင်မှုများကြောင့် ပြည်သူများအကြား ဝေဖန်မှုရှိခဲ့သည်။