သိမ်ကုန်း ရေတံခွန်အနီး ကျောက်ထုတ်သည့် ကုမ္ပဏီအား ခေါ်သတိပေး

0
411

သရက်ချောင်းမြို့နယ် သိမ်ကုန်း ရေတံခွန်အနီး ကျောက်ထုတ်လုပ်နေ သည့် ကုမ္ပဏီအား ဒိုင်းနမိုက်၊ ယမ်းများ အသုံးပြုကျောက်ထုတ်မှုမပြုရန် ခေါ်ယူ သတိပေးပြီးဖြစ်ကြောင်း သရက်ချောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက ပြောသည်။
အဆိုပါ သဘာဝရေတံခွန်အနီး ကျောက်ထုတ်မှုကြောင့် ဖြစ်ပေါ်လာ သည့် ဆိုးကျိုးများအတွက် ဒေသခံ ၉၀ ကျော်က သူရလမင်းကုမ္ပဏီအား အရေး ယူပေးရန် ဇူလိုင်လ ၄ ရက် ရက်စွဲဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံလိပ်မူ တောင်း ဆိုခဲ့ပြီးနောက် ယင်းသို့ ခေါ်ယူသတိပေး ခဲ့ခြင်း ဖြစ်သည်။

“မိုင်းတွေ ယမ်းတွေ ခွဲတာတွေ ဆက်လက် မသုံးဖို့အတွက်၊ သုံးတယ် ဆိုလို့ရှိရင် ရပ်နားဖို့အတွက် အဲဒါတွေ သူတို့(ကုမ္ပဏီ) သဘောတူပါတယ်”ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက ပြောသည်။
ရွာသားများ၏ တောင်းဆိုတိုင် ကြားစာတွင် မိုင်းခွဲကျောက်ထုတ်မှု ကြောင့် သဘာဝရေတံခွန်ပျက်စီးလာ ခြင်း၊ ချောင်းတိမ်ကောလာခြင်း၊ ဥယျာဉ်ခြံမြေများပျက်စီးခြင်း၊ ရေတံခွန် ဝင်ထွက်လမ်းနှင့် ဒေသခံများ၏လုပ် ငန်းခွင်သွားလမ်းများ ပိတ်ဆို့ခြင်း တို့ဖြစ်ပေါ်လျက်ရှိကြောင်း ပါရှိသည်။

“ဒီအတိုင်းဆို ရေတံခွန်ကလည်း ပြိုကွဲပျက်စီးသွားဖို့ ရှိတယ်၊ ရွာနဲ့လည်း ပြဿနာတွေ ရှိတယ်” ဟု မင်းဒပ်ရွာမှ ကိုမျိုးထွန်းလင်းက ပြောသည်။
ကျောက်ထုတ်ကုမ္ပဏီမှ ယခု ကျောက်ထုတ်နေသည့်လုပ်ကွက်မှာ လိုင်စင်ကျပြီးသားဖြစ်ပြီး ကျောက်ထုတ် ခွင့်ရလုပ်ကွက်နှင့် ရေတံခွန်မှာ ကိုက် ၂၀၀ ခန့် ဝေးကွာသည်ဟု မြို့နယ် အုပ် ချုပ်ရေးမှူး ဦးသန်းထွန်းက ပြောသည်။

“ဒေသခံတွေနဲ့လည်း အဆင်ပြေ အောင်လို့ညှိနှိုင်းထားပါတယ်၊ ပြေလည် နေပါပြီ” ဟု ဦးသန်းထွန်းက ပြောသည်။
သို့သော် မင်းဒပ်ရွာသား ကိုမျိုး ထွန်းလင်းကမူ မြေပြင်တွင် လက်ရှိ အချိန်ထိ မထူးသေးဘဲ ရေတံခွန်အနီး ပေ ၅၀ ခန့်အကွာတွင် ကျောက်ဆက် ထုတ်နေဆဲဖြစ်သည်ဟု ဇူလိုင် ၁၄ ရက် နေ့တွင် ပြောသည်။