မောတောင်နယ်စပ်ဂိတ် CCTV ကင်မရာ တပ်ဆင်

0
424

မြန်မာ-ထိုင်းနယ်စပ်တစ်ခုဖြစ် သည့် တနင်္သာရီမြို့နယ် မောတောင် နယ်စပ်ဂိတ်တွင် ဇူလိုင်လ ၇ ရက်နေ့ က CCTV လုံခြုံရေးကင်မရာ လေးလုံး တပ်ဆင်ခဲ့ကြောင်း မောတောင်မြို့အုပ် ချုပ်ရေးမှူးရုံး ထံမှ သိရသည်။

အဆိုပါကင်မရာများကို ခရီးသွား ပြည်များနှင့် နယ်စပ်ဂိတ်အဝင်အထွက် လုံခြုံရေးအတွက်တပ်ဆင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကင်မရာများကို နေ့စဉ် နံနက် ၄ နာရီမှည ၁၂ နာရီအထိ အသုံး ပြုသွားမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာဘက်ရှိ မောတောင်နယ် စပ် ဂိတ်ကို ၂၀၁၃ ခုနှစ် မေလ ၈ ရက်နေ့က တရားဝင် ဖွင့်လှစ်ပြီးဖြစ်သည်။