ထုပ်ပိုးပုံစံမညီသည့် စားသောက်ကုန်များကို အရေးမယူ

0
454

နိုင်ငံခြားမှ ဝင်ရောက်လာသော ပစ္စည်းများကို မယှဉ်နိုင်မည်စိုး၍ အမှတ် တံဆိပ်ပါသော်လည်း ထုပ်ပိုးပုံစံမညီ သည့် စားသောက်ကုန် ပစ္စည်းများကို အရေးမယူဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန ထံမှ သိရသည်။
အထက်ပါစားသောက်ကုန်ပစ္စည်း များကို အရေးယူလိုက်ပါက ဈေးကွက် အတွင်း ပြည်တွင်းထုတ်ကုန် နည်းပါး သွားပြီး နိုင်ငံခြားမှ တင်သွင်းလာသော ပစ္စည်းများကို မယှဉ်နိုင်ဖြစ်မည်စိုးသော ကြောင့် ဒေသထွက် စားသောက်ကုန် များကို အရေးမယူဖြစ်ခဲ့ခြင်းဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနတိုင်းဒေသ ကြီးဦးစီးမှူးက ဆိုသည်။

တိုင်းအတွင်း အမှတ်တံဆိပ်ပါ စားသောက်ကုန်ပစ္စည်းများတွင် ထုတ် လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲ၊ ပါဝင် ပစ္စည်းနှင့် လိပ်စာ အစရှိသည့် အချက် များ ထည့်သွင်းကြရန် ပညာပေး လုပ် ဆောင်သွားမည်ဖြစ်ပြီး ပညာပေးပြီး အချိန်တစ်လကြာပါက အရေးယူသွား မည်ဟု ၂၀၁၇ ခုနှစ် မတ်လအတွင်းက ပြောကြားခဲ့ဖူးသည်။

“နိုင်ငံခြားက ဝင်လာတဲ့ ကုန် ပစ္စည်းတွေကို မယှဉ်နိုင်မှာစိုးလို့ အရေး မယူဖြစ်တာ”ဟု စားသုံးသူရေးရာ ဦးစီး ဌာနတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်း က ပြောသည်။
တိုင်းအတွင်း ထုတ်လုပ်ရောင်းချနေ သည့် ပေါင်မုန့်၊ ကိတ်မုန့် အစရှိသည့် စားသောက်ကုန်ပစ္စည်း အများစုတွင် အမှတ်တံဆိပ်တစ်ခုသာ ထည့်သွင်း ထားပြီး ထုတ်လုပ်ရက်၊ ကုန်ဆုံးရက်၊ ပါဝင်ပစ္စည်း၊ လိပ်စာ စသည့် အချက် အလက်များ ပါဝင်ခြင်းမရှိပေ။

ကျန်းမာရေးရှုထောင့်မှ ကြည့်ပါက ယင်းကဲ့သို့ အချက်အလက်များ မပါ ဝင်သည့် စားသောက်ကုန်ပစ္စည်းများကို ထိထိရောက်ရောက် စိစစ်ကြပ်မတ် အရေးယူသင့်ကြောင်း ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်မှ ဦးဇော်ဝင်းက ဆို သည်။
“စားသောက်ကုန်ဆိုတာက ကလေးလူကြီး အားလုံးစားနေတော့ သက်တမ်းကုန်နေတဲ့ဟာနဲ့တိုးရင် အရမ်းအန္တရာယ်များလို့ သေသေချာချာ ကို လုပ်သင့်တာ”ဟု ဦးဇော်ဝင်းက ပြောသည်။

တိုင်းအတွင်းနေ ပြည်သူများက ပြည်ပမှ တရားဝင်နှင့် တရားမဝင် တင်သွင်းလာသည့် စားသောက်ကုန် ပစ္စည်းများကိုလည်းတွင်ကျယ်စွာ ရောင်းဝယ်စားသုံးမှုများ ရှိသည်။