မြိတ်တွင် အမျိုးသမီးတစ်ဦး သစ်ပင်ပိ သေဆုံး

0
398

မြိတ်မြို့ကျောက်ဖျာကျေးရွာအုပ်စု ကျောက်ဖျာကျေးရွာရှိ ဘုရားမှော် ကျောင်းအနီးတွင် ဇွန်လ ၂၆ ရက် နံနက် ၉ နာရီ ခွဲအချိန်က နေအိမ်ပေါ်သို့ သစ်ပင်လဲကျရာမှ သစ်ပင်ပိ၍ အမျိုး သမီးတစ်ဦး သေဆုံးသွားကြောင်း သေဆုံးသူ၏ မိသားစုဝင်များမှ သိရ သည်။

သေဆုံးသူမှာ အသက် ၅၄ နှစ်အရွယ် ဒေါ်ဌေးမူဖြစ်ပြီး အခင်းဖြစ်ချိန် တွင် တူဖြစ်သူနှင့်အတူ နေအိမ်ပေါ်တွင် စကားပြောနေစဉ်နေအိမ်အနောက်ဘက် တောင်ပေါ်ရှိ မရမ်းပင်မှာ နေအိမ်ပေါ်သို့ လဲပြိုကျလာကြောင်း အိမ်နီးချင်း အချို့က ပြောပြသည်။

“အရင်ရက်တွေက မိုးတအားရွာ ထားတော့ မြေပျော့ပြီး သစ်ပင်အမြစ် ကနေ ကျွတ်ပြီး လဲကျလာတာ သူ့တူက တော့ ထွက်ပြေးခင်လို့ နည်းနည်းနာ တယ်ဓာတ်မှန်ရိုက်ထားတယ် ဒေါ်ဌေး မူက တော့ဆေးရုံရောက်တဲ့အချိန်မှာ ဆုံး သွားတယ်” ဟု သေဆုံးသူနှင့် မောင်တစ်ဝမ်း ကွဲတော်စပ်သူ ဦးအာယု ကပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သေမှုသေခင်းဖြင့် အမှုဖွင့်ရန်ဆောင် ရွက်လျက်ရှိကြောင်း ကျွဲကူးနယ်မြေ ရဲစခန်းမှ သိရသည်။