မြိတ်ဆိပ်ငယ်ဈေးကြီး ဆိုင်ခန်း အချို့ဖောက်ထွင်းခံရ

0
377

မြိတ်မြို့ ဆိပ်ငယ်ဈေးကြီးအတွင်းရှိ ဆိုင်ခန်းအချို့ ဇွန်လ ၂၆ ရက်နေ့ ညက ဖောက်ထွင်းခံရကြောင်း ယင်းဆိုင် များထံမှ သိရသည်။
ဖောက်ထွင်းခံရမှုကြောင့် ရွှေဆိုင် တစ်ဆိုင်မှ ငွေကျပ်တစ်သောင်းကျော်နှင့် အအေးဆိုင်တစ်ဆိုင်မှ ငွေကျပ်ခုနှစ် သောင်းကျော် ပါသွားခဲ့ကြောင်း အဆိုပါ ဆိုင်များ ထံမှ သိရသည်။
“ဆိုင်ခန်းငှားခပေးဖို့ စုထားတဲ့ ငွေ ခုနစ်သောင်းကျော်ပါသွားတယ်” ဟု အအေးဆိုင်ပိုင်ရှင်က ပြောသည်။
ဖောက်ထွင်းသူများပြန်ထွက်လာချိန်တွင် လုံခြုံရေးများက တွေ့မြင်ခဲ့သော ကြောင့် လိုက်ဖမ်းသော်လည်း မမိခဲ့ ကြောင်း မြိတ်မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
“ဝင်ပေါက်က သံဇကာကို ဖောက်ပြီးဝင်လာတာ ပြန်ထွက်မှ လုံခြုံ ရေးတွေမြင်လို့လိုက်တာ ဆိုင်ကယ်နဲ့ မောင်းထွက်ပြေးသွားတယ်”ဟု မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။
အဆိုပါ ဈေးအတွင်းဖောက်ထွင်း ခံရခြင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေး မှုများဆောင်ရွက်နေကြောင်း စည်ပင် ကော်မတီထံမှ သိရသည်။